Boxing လုပ်ပြီး Busy နေတာလားလို့  လာမမေးနဲ့ ။
ဒီနေ့  Boxing day။ Boxing Day မှာ Busy နေတယ် ပြောချင်တာ။
တချို့ နိုင်ငံတွေမှာ အားလပ်ရက်။ ဒီမှာတော့ အလုပ်လုပ်ရတယ်။
ဒီနေ့  Boxing day။ Boxing Day မှာ Busy နေတယ် ပြောချင်တာ။
တချို့ နိုင်ငံတွေမှာ အားလပ်ရက်။ ဒီမှာတော့ အလုပ်လုပ်ရတယ်။
ဒီနေ့ တစ်ရက် ခွင့်ယူလိုက်ရင် ၄ ရက်ခွဲ ဆက်တိုက် အားလပ်ရက်ရတာဆိုတော့ အတော်များများ အလုပ်မလာ ခွင့်ယူကြတယ်။ အိမ်မှာနားတဲ့သူက နား ခရီးသွားတဲ့သူကသွားတဲ့။
ခွင့်တွေ အများကြီးကျန်သေးပေမယ့် ဘယ်မှလည်း သွားစရာမရှိ၊ အိမ်မှာနေလည်း ပျင်းစရာမို့  သွားစရာရှိတဲ့သူတွေ သွားကြ၊နားကြပါစေဆိုပြီး ကျွန်မ အလုပ်လုပ်မယ် ပြောလိုက်တယ်။
အဖွဲ့ ထဲမှာ အနည်းဆုံး ၁ ယောက်တော့ အလုပ်လာမှ ဖြစ်မှာလေ။ မနက်ပိုင်း အလုပ်သိပ်မရှုပ်ပေမယ် နေ့ လယ် ထမင်းစားပြီးပြန်အလာ Helpdesk က ဖုန်းခေါ်တယ်။ Production မှာ Users တချို့ ဟိုဟာ လုပ်မရ၊ ဒီဟာလုပ်မရဖြစ်လို့ တဲ့။
Data တွေ လိုက်စစ်၊ Server တွေလိုက်ကြည့် တာလည်း အားလုံး အဆင်ပြေနေတယ်။
ဟိုဘက် ယူဆာတွေကလည်း လုပ်မရဘူးတဲ့။
ဒီနေ့  သောကြာဆိုတော့ အားလုံးက အရေးကြီးတယ်၊ ပြဿနာတွေ ဒီနေ့ ရှင်းပေးစေချင် ဆိုတာကြီးပဲ။
လွှဲချစရာလူလည်းမရှိ၊ ကူရှင်းပေးမယ့်သူလဲ မရှိ၊ နောက်ဆုံး ရှိသမျှ Logs တွေအကုန် လိုက်ဖတ်ကြည့်ရတယ်။
ကိုယ်ကလည်း ဒီမနက်မှ အငြိမ်နေ Company ထဲမှာ သုံးတဲ့ Chat ကို သွားဝင်ထားမိတယ် ဆိုတော့ Helpdesk ကလူတွေကလည်း Any Update? ဆိုပြီး msg တွေပို့ ။ Chat က ထွက်သွားလို့ ကလည်း မဖြစ်၊ Message မပြန်လို့ ကလည်းမရ။ Chat ကထွက်လိုက်လည်း ဖုန်းခေါ်မှာပဲဆိုတော့ မထူးပါဘူး။
logs တွေလိုက်ဖတ်ပြီး ခေါင်းတွေမူးနောက် ရူးချင်လာတယ်။ ထူးထူးခြားခြား ဘာ error မှလည်းမတွေ့ ။
အရေးထဲ မန်နေဂျာအသစ်က ဟိုနေ့ က Business User တွေပို့ တဲ့ အီးမေးမှာပါတဲ့ ပြဿနာက ဘာလည်းဆိုတာ ရှင်းပြနိုင်မလားတဲ့။ မအားဘူး နောက်မှ ပြောနိုင်မယ် ပြောလိုက်တယ်။ အားရင် ပြောပါတဲ့။
ခေါင်းရှုပ်နေတဲ့ အချိန်စကားများများ မပြောချင်ဘူး၊ အဲဒီကိစ္စကလည်း အတော်လေး ရှင်းပြမှ ရမှာ။ မောတယ်။ စိတ်ထဲမှာ ၆ နာရီ အမြန်ထိုးပါတော့လို့ ပဲ ဆုတောင်းနေမိတယ်။
ခုနကတော့ ပြဿနာတွေ အားလုံးရှင်းသွားပြီ။ Helpdesk က တစ်ယောက်က ချက်ကနေပြီး ပြဿနာတတ်နေတဲ့ ယူဆာတွေ အဆင်ပြေသွားပြီလို့ ပြောတယ်။
ဘာလုပ်လိုက်လဲလို့  လာမေးတယ်။ ဘာမှမလုပ်ဘူး ပြန်ပြောလိုက်တယ်။
တစ်ခုခု ကိုယ်ရှင်းလို့  ပြဿနာအဆင်ပြေသွားတာဆို report က တင်ရအုံးမယ်။
စိတ်ထင် ယူဆာတွေသုံးတဲ့ Internet Service Provider က တူတယ် ထင်တယ်။ ဟိုတခါလည်း ပြဿနာ တတ်သေးတယ်။ ထားပါ။ ဒီနေ့ ကတော့ ပြဿနာတွေ ရှင်းသွားရင် ပြီးတာပဲ။
ဘာပြဿနာမှ မတွေ့ တော့ ဘာမှရှင်းမရဘူးဆိုလို့ ပြောလိုက်တော့ Helpdesk က လူတွေက We are so luckly တဲ့။ ဒီနေ့  Cases တွေ မရှင်းနိုင်ရင် တနင်္လာနေ့ မှာ ဘာကြောင့်ဆိုတာကြီးကို အဆင့်ဆင့်ရှင်းရတော့မယ်လေ။
သူတို့ လည်း ခွင့်သွားတဲ့သူများတော့ အတော်အလုပ်ရှုပ်သွားတယ် ပြောတယ်။
ငါလည်းတစ်ယောက်တည်း မူးနောက် ရူးချင်သွားတာဆိုတော့ သူတို့ လည်းတူတူပဲလို့ ပြောတဲ့အခါ သူတို့ က ထမင်းတောင် မစားရသေးဘူးတဲ့။ အချိန်ကြည့်တော့ ညနေ ၄ နာရီကျော်နေပြီ။
အဲဒီပြဿနာရှင်းအပြီး မန်နေဂျာနဲ့ ဆက်စကားပြောရတယ်။ မောတယ်။
မောလို့ အလုပ်ဆက်မလုပ်ပဲ ဘလော့ရေးနေတယ် ..
ခဏနေ ၆ နာရီထိုးတော့မယ်။
Xmas ပြီးနောက်တနေ့ ကို Boxing day ကို Shopping day လို့ လည်းခေါ်တဲ့ အတွက် အလုပ်အပြန် ညနေ အိမ်တန်းမပြန်ဘူး၊ Shopping သွားမယ် စိတ်ကူးတယ်။ Boxing Day အကြောင်းသိချင်ရင် ဒီမှာ ဖတ်ကြည့်နိုင်တယ်။
ဘာဝယ်မလဲဆို ဘာမှ ၀ယ်ဖို့ စိတ်ကူး မရှိဘူး။ Widnow Shopping။ ဟိုကြည့်ဒီကြည့် လုပ်မှာ။ အဓိက Computer ပစ္စည်းတွေ သွားကြည့်ဖြစ်မယ် ထင်တယ်။
5 comments:
သတင်းမှာ လူတွေတိုးကြိတ်ပြီး ဈေးဝယ်တာတွေ့ပြီး လန့်နေလို့။ အပြင်မထွက်ဘဲ ဘလော့လည်နေတယ်။ နောက်ဆို သူများခွင့်ယူရင်လိုက်သာယူ။ ပြဿနာတွေ ကိုယ်တယောက်တည်းရှင်းရတာ မတန်ဘူး။ ကိုယ်တွေ့၊ အခုတော့ လည်သွားပြီ :)
Shopping ကပြန်လာရင် သေချာပေါက် ပိုစ် တစ်ခုတင်ဦးမှာ.. လောင်းမလား။
တို့လဲခွင့်ယူတယ်။ လူလည်။။ တစ်ကိုယ်ကောင်းသမား။ selfish../
Boxing သမားလား..ငှင်..
အရင်တုန်းက ပြောမှားဆိုမှားရှိခဲ့တာတွေ ဗွေမယူပါနဲ့နော်။
ဖတ်ရတဲ့ သူတောင် မောသွားပါတယ်ဗျာ တော်တော်အလုပ်ရှုပ်သွားတာပဲ။ ရှော့ပင်း မှာတော့ Boxing ထိုးတဲ့ လက်အိတ်တွေ မ၀ယ်လောက်ဘူးထင်ပါတယ်။
မီယာ >> ဒီမှာတော့ အရမ်းကြီး မထူးဘူး။ ပျင်းလို့ သာ လျှောက်သွားကြည့်တာ။ လျှော့ဈေးရောင်းတဲ့ နေရာတွေ မရောက်ပါဘူး။ ကွန်ပြူတာတွေကြည့်၊ ထမင်းစား၊ သူငယချင်းနဲ့ စကားထိုင်ပြောပြီး ပြန်လာတယ်။
မခင်ဦးမေ >> WeekEnd ဆို ဘလော့ရေးဖို့ နည်းနည်းပျင်းတယ်။ :P..
ခုနေတဲ့ အိမ်ခန်းမှာ အဲယားကွန်းမရှိလို့  ခွင့်မယူတာ တခြားကြောင့်တော့ မဟုတ်ဘူး။ အလုပ်မှာဆို အေးတယ်လေ။
sin dan lar >> မကြောက်ပါနဲ့ ။ အားနွဲ့ သူတွေကို အနိုင်မယူတတ်ပါဘူး :-B
nyimuyar >> လိုချင်တာတွေက ဈေးကြီးတယ်။ ဘာမှ မ၀ယ်လာဘူး။ Window Shopping!! ..
Post a Comment