Pages

December 21, 2008

စိတ်ကြိုက်

နောက်ဆုံးလက်ကျန်။

ထည့်ပေးလိုက်ပါလို့  မမှာလိုက်ပေမယ့် ဖေဖေလာတုန်း မေမေက အားလူးကြော်ထုတ်တွေ အများကြီး ထည့်ပေးလိုက်တယ်။ ကြိုက်လောက်မယ့် ထင်တဲ့ အရသာရှိတဲ့ အမျိုးအစားကို ၀ယ်ထည့်ပေးလိုက်တာတဲ့။ ရှိတော့ စားဖြစ်နေတယ်။ ရုပ်ရှင်ကြည့်ရင်း စားတယ်၊ စာဖတ်ရင်း စားတယ်၊ အလကားနေ အလကား စားတယ်။ မကုန်ခံနိုင် ရိုးလား။ ဒါက နောက်ဆုံးလက်ကျန် အထုတ်။ မစားခင် မှတ်တမ်းတင် လိုက်တာ။ ဓာတ်ပုံရိုက်ရတာတောင် သိပ်စိတ်မရှည်ဘူး။ စားချင်စိတ်က များနေလို့ ။ ရှေ့ နှစ်ဆန်း ၁ ရက် ၂ ရက် လူကြုံရှိတယ်၊ ထပ်ပို့ ပေးမယ် ပြောတယ်။ ရေးချင်တာလေး နည်းနည်းရေးပြီး ဒေါင်းလုတ်လုပ်ထားတဲ့ ရုပ်ရှင်ကြည့်ရင်း အအေးသောက်လိုက် အာလူးကြော်စားလိုက် လုပ်မယ်။

အားလူးကြော် ကြိုက်တယ်။ လူတွေက ပြောတယ် အားလူးစားတာများရင် ၀တယ်တဲ့။ အလကားပြောတာ။ ရန်ကုန်မှာဆို ထမင်းစားရင် အိမ်က ကြော်ပေးတဲ့ အာလူးကြော် အကျွတ်ကြော်၊ အပျော့ကြော် အမြဲနီးပါး ပါတယ်။ နေ့ လယ်ပိုင်း အိမ်မှာရှိတယ်ဆိုလည်း စာအုပ်ဖတ်ရင်း ဒီလို အားလူကြော် အထုတ်တွေ စားတယ်။ အိမ်မှာ မေမေက အများကြီးဝယ်ပေးထား တတ်တယ်။ အမျိုးစုံပဲ။ အခုလိုဟာ၊ အားလူး အချောင်းကြော်၊ ဇကာကွက်ကြော်၊ ပိုးတီလို လှီးပြီးကြော်ထားတာ စုံနေတာပဲ။ အာလူးကြော်ထုတ်တိုင်းတော့ မကောင်းဘူး အချိုမှုန့် အရသာ အများကြီးပါတာ၊ တခြားအရသာတွေ ထည့်ထားတာဆို လုံးဝ မကြိုက်ဘူး။ မစားဘူး။ နိုင်ငံခြားရောက်တော့လည်း အဆင်ပြေရင်ပြေသလို စားတာပဲ။ ဒီကဟာတွေ မကြိုက်ဘူး။ အာလူး အရသာ မရဘူး။ သဘာဝ အာလူးကြော်နဲ့  တူတာလိုက်ရှာ ၀ယ်စားတယ်။ ကျောင်းတတ်တုန်းက ၀ယ်စားတဲ့ အာလူးကြော်တွေက ဈေးကြီးတယ်။ တခြားအထုတ်တွေ 0.50 လောက်ပဲရှိတဲ့ အချိန်မှာ Natural HandMade Potato chip က 1.70 -2.00 လောက်ရှိတယ်။ ဒီနိုင်ငံရောက်တော့ သိပ်မစား ဖြစ်တော့ဘူး။ ရှာမရတာလည်း ပါတယ်။ မြန်မာဆိုင်တွေမှာရောင်းတာတွေကလည်း မလတ်ဘူး။ ဆီဂျီးစော်နံလို့  ၀ယ် မစားဖြစ်ဘူး။

4 comments:

မီယာ said...

အာလူးကြော်တွေ အရမ်းစားရင် ၀တယ်ဆိုတာ ယုံပါ။ ဆီတွေဝနေအောင်ကြော်ထားတဲ့ အာလူးအချောင်းကြော် ဆိုပိုဆိုးသေး။ စားလို့လည်းသိပ်ကောင်းပေါ့။

Nu Thwe said...

သဘာဝအတိုင်း ကြော်ထားတဲ့ မြန်မာပြည်က အာလူးကြော်ကို လွမ်းတာချင်း တူနေပြီ ညီမရေ။ အရသာ ထွေလီကာလီတွေ လျှောက်ထွင်ထားတာတွေကို ခံတွင်း မတွေ့ပါဘူး။ မြန်မာပြည်ကနေ လွယ်လွယ်ကူကူ မှာစားလို့ ရနေတာ ကံကောင်းလိုက်တာ၊ အားကျတယ်။ ငယ်သေးတဲ့လူတွေမှာ metabolism က မြန်နေသေးတော့ အာလူးတွေ ဆီကြော်တွေ စားပေမယ့် မ၀ဘူးပေါ့။ စားနိုင်တုံး စားသာစားး)

VET said...

Hi Friend, I also like potato chip from myanmar especially from Pin Ta Ya. I miss that now. :(

Nay Nay Naing said...

မီယာ >> ကျွန်မတော့ အခု အချိန်အထိ မ၀သေးဘူး။ နောက်ကြီးလာရင်တော့ ၀ မလားမသိဘူး။

မနုသွယ် >> ဟုတ်တယ်။ အရင်က တောင် အစားအသောက် ဟိုမစား ဒီမစား အရမ်းလုပ်တာ။ အခုတော့ ငယ်တုန်း စားနိုင်တုန်း စားရတာ၊ စားမှဆိုပြီး စားတယ်။

VET >> ပင်းတယ က အားလူးကြော် မစားဖူးဘူး။ စားလို့ ကောင်းလား။ မြန်မာပြည် အလယ်ပိုင်း မြို့ တွေက အားလူးကြော်တွေတော့ စားဖူးတယ်။ ဖေဖေ သူငယ်ချင်းတွေက သူတို့  ရန်ကုန်လာတိုင်း ယူလာပေးတယ်။ မြို့ နာမည်တွေ စဉ်းစားတာ စဉ်းစားမရဘူး။ မေ့နေတယ်။