Pages

December 05, 2008

နေရာကမှား... အချိန်ကာလမှား...

ငါဟာ မှားပြီး ရောက်လာတဲ့သူ

လူမှား - ဇော်ဝင်းထွဋ်

ကျောက်ဖျာများ အထက်မှာ...ငါပျိုးကြဲ
ကန္တာရတို့ အလယ်မှာ ထွန်ယက်ခဲ့....
အလဟားသတ် လုပ်ရပ်များအတွက်
အချီးအနှီး အသီးအပွင့်တွေပဲ

ထုတည်ကြီးမားတဲ့ အချစ်များလည်း
အမှုန့် ဖြစ်သွားခဲ့တာ အကြိမ်ပေါင်းမနည်း..
လိုချင်တာ ငါ့မှာ မရှိတော့ဘူး..
ဘာကိုမှလည်း ငါမတက်မက်

မညီမျှတဲ့ လောက အလယ်....အမှန်ကလည်း မှားနေတယ်

ရည်ရွယ်တာများ...ဒီမှာအလကား
အံချော်သွားတဲ့ အဖြစ်တွေနဲ့ အတူ

နေရာကမှား... အချိန်ကာလမှား... ငါဟာ မှားပြီး ရောက်လာတဲ့သူ

Credit to SoeThawn

No comments: