Pages

December 04, 2008

ဟန်ဆောင်သူများ

ဟန်ဆောင်သူများ

သည်ဘက်စွန်း၌
နစ်မွန်းပျော်ပါး၊ ငါ ၀ံ့စားစွ
လင်သားအိမ်ထောင်၊ ကျပ်တည်းနှောင်လည်း
ဟန်ဆောင်နှုတ်မှ
ဗုဒ္ဓ၏လမ်း၊ လွတ်မြောက်နန်းသို့ 
ဖြတ်သန်းလိုပါ၊ တစာစာလျှင်
မုသာဝါဒ၊ စကားမဆိုချင်။

ဟိုဘက်စွန်းသို့ 
ပြတ်ရွှန်းလှမ်းခို၊ သွားရောက်လိုဟန်
ခိုတွယ်အားထား၊ ဘုရား တရား
စကားမျှပင်၊ ကျင်လည်သည်မှာ
လူ့ ဘာသာမှ၊ တစ်ဝါရှောင်ရုံ
တစ်ချုံကွယ်လျှိုး၊ သစ်ဝါးတိုးဟန်
ပြန်လာခေါက်ခေါက်၊ ဟိုသည်နှောက်၏
လွတ်မြောက်တကယ်၊ စွန့် ပယ်ဝံ့သူ
သည်မူ မဟုတ်နိုင်တကား။

ငါစွန့် ခွါလျှင်
ပြန်မလာတတ်၊ ကင်းရှင်းပြတ်အံ့
အို..... သူမြတ်တို့ 
မလွတ်မြောက်ခင်
ခုံမင်မြူးကြွ၊ လူ့ ဘ၀နှင့်
ခဏမြင်ဖူး၊ အသိထူးပြား
ကူးလူးချင်၍
ရှင်သန်ပါရမီ၊ ဖြည့်တင်းသည်ဟု
ယုံကြည်လိုက၊ ယုံကြည်ကြစေ
အရိယဟု ၊ အတ္တပြတ်ဟန်
ကြောက်ဖွယ်ဖန်လာ
မာန်မာနသာ၊ ကင်းပစေရှင့်။ ။

ကြည်အေး
ရှု့ မ၀မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၇၁။

ဒီကဗျာကိုပဲ ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလထုတ် ရှု့ မ၀မဂ္ဂဇင်းမှာ "စွန့် ဝံ့သည်" ဆိုတဲ့ အမည်ဖြင့် နောက်တစ်ကြိမ် ဖော်ပြခဲ့တယ်လို့  သိရတယ်။ ကဗျာလေး ဖတ်ပြီး ဒီကဗျာဟာ မူလပေးထားတဲ့ " ဟန်ဆောင်သူများ " ဆိုတဲ့ ခေါင်းစဉ်နဲ့  ပိုလိုက်သလား၊ " စွန့် ဝံ့သည် " ဆိုတဲ့ ခေါင်းစဉ်နဲ့  ပိုလိုက်သလား...... အင်း.. အတွေးပွားနေ မိတယ်..

2 comments:

:P said...

ဖတ်သွားသည်။
ဒီကဗျာတောင်ခုမှ ဖတ်ဖူးတယ်ဆိုတော့
ခေါင်းစှုအတွက် ကူညီ အတွေးပွားမပေးနိုင်သည်ကို ခွင့်လွှတ်ပါကုန်.....

Nay Nay Naing said...

အရင်က မဖတ်ဖူးဘူး.. အခုဆို တစ်ခေါက်ဖတ်ဖူးသွားပြီ။ နောက်တစ်ခေါက်လောက် ထပ်ဖတ်လိုက်.. နှစ်ခေါက် မရသုံးခေါက်.. ပြီးရင် ခေါင်းစဉ် ကိစ္စ ကူပြီး စဉ်းစားပေး :D