သူငယ်ချင်းတစ်ယောက်က ဖုန်းဝယ်ဖို့  StarHub သွားချင်တယ်ဆိုတာနဲ့  အဲဒီနေရာနဲ့ နီးတဲ့ Golden Shoe Car Park မှာ နေ့ လယ်စာ သွားစားဖြစ်တယ်။ ဘာစားရမယ်မှန်းမသိ လျှောက်ကြည့်နေရင်း လူတော်တော်များများ စားတာတွေ့ လို့  ပုံစံကလည်း ကောင်းမယ်ပုံပေါ်နေတာနဲ့  Malaysia Nasi Biryani (Chicken) စားဖြစ်သွားတယ်။
Briyani with Crispy chicken
စားရတာ အတော်လေး အဆင်ပြေတယ်။ ဗိုက်ဆာနေလို့ လား မသိဘူး။ ကြက်သားကြော်က နူးနူးညံ့ညံ့နဲ့  အရသာ ရှိတယ်။ ထမင်းက နည်းနည်း လေးသလိုပဲ။ ဒါပေမယ့် တစ်ပန်းကန်လုံး စားလို့ ကုန် သွားပါတယ်။ တိုးတတ်လာပြီ ဒီနိုင်ငံက ဒန်ပေါက်ကို ကုန်အောင် စားနိုင်လာတယ်။ ဒီမှ ဒန်ပေါက်ဝယ် စားတိုင်း ငံတယ် လို့  ထင်တယ်။ ကျွန်မက ဟင်းဆို အငံ မစားဘူးလေ။ ကျွန်မ အစ်ကိုလာတုန်းက ကျွန်မ ချက်တဲ့ဟင်းတိုင်းနီးပါးကို ပေါ့တယ်လို့ သူကပြောဖူးတယ်။ သူငယ်ချင်း တစ်ယောက်ကတော့ အခုဆိုင်ကဟာ အရသာ အတော်ပါပဲလို့ ပြောတာပဲ။ ဆိတ်သား နဲ့ လည်း စားလို့ ရတယ်။ တစ်ပွဲကို S$4.00 ပေးရတယ်။Golden Nur at Golden Shoe originally uploaded by Camemberu
အပေါ်က ဆိုင်ပုံကို ဒီနေရာက ကူးယူထားတာ။ အဲဒီမှာ ပြောထားတာ အရဆို ဒီနေ့  ကျွန်မ စားဖြစ်တဲ့ Golden Nur ဆိုတဲ့ ဆိုင်က ကြက်သားဒန်ပေါက်က နာမည်ကြီးပဲ ဆိုတာ သိလိုက်ရတယ်။ ဆိတ်သားနဲ့  ကြက်သား နှစ်မျိုးလုံး မှာလို့ လည်းရတယ်တဲ့။ နောက် တခါသွားစားမှ နှစ်မျိုးလုံးမှာ စားကြည့်အုံးမယ်။Golden Nur (Stall 02-02)
Golden Shoe Car Park
ဒါအောက်က ပုံကတော့ Bonus အနေနဲ့  ထည့်ပေးတာ။( ဒီကိုလာ ကိုအားကျလို့ ပါ)။ ဒန်ပေါက်ဆိုင်ဘေးက ဆိုင်က သူငယ်ချင်းတစ်ယောက် ၀ယ်စားတဲ့ ငါးကြော်။ လှလို့  ဓာတ်ပုံရိုက်ထားလိုက်တာ။ဓာတ်ပုံထဲက ငါးကတော့ အကြော်ခံရယုံမကဘူး အဖဲ့ပါခံထားရပြီးပြီ။Golden Shoe Car Park
4 comments:
ဘေးက ငါးမုန့်ကြော်ကြီးလားဟင်.....ပြတာတခြား၊ သွားရည်ကျတာ တခြားဖြစ်သွားရင် ခွင့်လွှတ်ပါ။
စိတ်ကြိုက် ကို ဖတ်ပြီးတော့လည်း.. မြန်မာပြည်က အာလူးကြော် ရှာပုံတော်ဖွင့်သေးတယ်။ ကြေမွနေလို့ ခုထိ ၀ယ်မစားရသေးဘူး....
အရမ်းကြိုက်တယ် ဟိုးရှေးရှေးတုန်းက Science Park မှာ တစ်ပတ်မှ တစ်ခါပဲ ရောင်းလို့ မက်မက်မောမော စားဖူးတယ်
ကုန်ပါ့မလားလို့စဉ်းစားနေတုံး...ကုန်တယ် ဟုတ်လား..ဘုရား..ဘုရားး.
ဆင်ဒဏ်လာ >> အဲဒါ ငါးကြော် မဟုတ်ဘူး။ ပါပလာကြော်လို့ ခေါ်တယ်ထင်တယ်။ အကြိုက်ချင်းတူတယ်၊ အဲဒီ ပါပလာကြော်ကို ကြိုက်တယ်။
ဆင်ဒဏ်လာက စလုံးမှာနေတာဆို အိမ်က အာလူးကြော်ပို့ ပေးရင် တစ်ထုတ်ကျွေးမယ်လေ။ ဒီတစ်ခေါက် လူကြုံရှိရင် ထည့်ပေးပါမှာထားတယ်။
မမီယာ >> ကျွန်မကတော့ ဒန်ပေါက် သိပ်မကြိုက်ဘူး။ အဓိကက ကုလားစာ မကြိုက်တာ။ အနံ့ မခံနိုင်ဘူး။ ငယ်ငယ်တုန်းကဆို ဒန်ပေါက် လုံးဝ မစားဖူး။ အိမ်မှာ ဒန်ပေါက် ၀ယ်စားတဲ့နေ့ ဆို ကျွန်မအတွက် တခြားအစားအသောက် တစ်ခုခု ၀ယ်ပေးလေ့ ရှိတယ်။ နိုင်ငံခြားထွက်လာခါနီးက တစ်ခါလား စားဖူးပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ ဒန်ပေါက်ဆိုတာကို နည်းနည်းမြည်းစမ်း စားကြည့်တာ။ အခုတော့ နည်းနည်းစား တတ်လာပါတယ်။ ဒါပေမယ့် လူက မလန်းဆန်းတဲ့အချိန်ဆို လုံးဝ စားလို့ မရသေးဘူး။ အနံ့ တွေနဲ့ မူးနေတာ များတယ်။ အခုအထိ အနံ့ ပြင်းတဲ့ တခြား အိန္ဒိယအစားအသောက်တွေ စားနိုင်သေးဘူး။
မခင်ဦးမေ >> အဲဒီနေ့ က ဗိုက်ဆာလို့ ထင်တယ် ကုန်အောင် စားနိုင်ခဲ့ပါတယ်။ အဲလိုကုန်ဖို့  အအေး ၂ ခွက် သောက်ရတာကို ထည့်မပြောခဲ့ဘူး။
Post a Comment