ပထမဆုံးနေ့ ကတည်းက စပြီး ဘယ်ရောက်နေပြီလဲ ဆိုတာ Track လုပ်နေခဲ့တယ်။ Tracking system မှာ မြင်နေရတဲ့ အချက်တွေက ဟိုအရင်တုန်းကလို မဟုတ်တော့ ဘယ်တွေများ ရောက်သွားလဲတွေးပြီး စိတ်ပူနေခဲ့တယ်။ ဒီအချိန်က Post Office တွေ အလုပ်များတဲ့ အချိန်ဆိုတော့ တခါတလေ အမှားအယွင်း ရှိနိုင်တယ်၊ အချိန်နောက်ကျမှု့ တွေလည်း ရှိနိုင်တယ်လေ။ တွေးပြီးစိုးရိမ်နေတာတွေ..
ဒီနေ့ အိမ်အပြန်လမ်းမှာလဲ ပစ္စည်သာရောက်ခဲ့လို့  လာပို့ တဲ့အချိန် အိမ်မှာ လူမရှိရင် (မရှိဖို့ ကများတယ်) ဒုက္ခပဲလို့  တွေးနေမိခဲ့တယ်။ ဒီအိမ်မှာ စပြီး ပြောင်းနေကတည်းက စာတိုက်ပုံးကို လုံးဝ မဖွင့် သလောက်ပဲ။ အခုရက်ပိုင်တော့ အလုပ်အပြန် အမြဲကြည့်ဖြစ် နေတယ်။ လူမရှိတုန်းလာပို့ တယ်ဆို စာချန်ခဲ့မလားလို့ ။ ပထမအကြိမ် ပစ္စည်းလာပို့ တုန်း လူမရှိရင် ဒုတိယအကြိမ် လာပို့ ခိုင်းလို့ ရပေမယ့် ကိုယ်အိမ်မှာ ရှိတဲ့အချိန် နဲ့ ပို့ နိုင်မယ့်အချိန် ညှိလိုက်ရင် အစောဆုံး ဖြစ်နိုင်တာက လာမယ့် စနေမနက်ပဲ ဖြစ်တော့မှာ။ ဒီလောက်လဲ မစောင့်နိုင်ဘူး။ ပစ္စည်းတွေ ဒီနိုင်ငံကို ရောက်နေပြီ ဆိုတာသိရင် ချက်ချင်း သွားယူချင်တယ်။ ပုံမှန်ဆို ဖုန်းဆက်၊ အနီးဆုံး Post Office ကို ပို့ ခိုင်းပြီး အလုပ်အပြန် သွားယူတယ်။ အရင်တခါက အစ်ကိုရှိလို့ တော်သေးတယ်။ Post Office က Taxi ပေါ်ရောက်တဲ့ အထိ အစ်ကိုသယ်ပေးတယ်။ ဒီတစ်ခေါက်ပို့ တဲ့ Box က အရင်အခေါက်တွေကထက် ပိုကြီးတယ် သိထားတော့ ကိုယ့်ဘာသာ သွားယူဖို့ အဆင်မပြေနိုင်တာ တွေးပြီး စိတ်ပူတယ်။ Post Office က အပြင်ရောက်တဲ့ ကိုယ်တစ်ယောက်တည်း ဘယ်လိုမှ သယ်နိုင်မှာ မဟုတ်ဘူးလေ။ သူငယ်ချင်းတွေကို အကူအညီတောင်းရမှာလဲ အားနာတယ်။ ကံမကောင်းဘူးဆိုတဲ့ စကားပြန်ကြားပြီး စိတ်ထဲ တမျိုးကြီး။
အိမ်ထဲအ၀င် ကိုယ့်အခန်းရှေ့ အရောက်မှာ ပစ္စည်းထုတ်ကို တွေ့ လိုက်ရတော့ အရမ်းဝမ်းသာ သွားတယ်။ လုံးဝ ထင်မထားတာ။ အိမ်မှာ ဘယ်သူရှိလို့  ဘယ်သူယူသွားတာလဲပေါ့။ ကျွန်မ ၀င်လာတဲ့ အသံကြားလို့ ထင်တယ် အိမ်ရှင် ညီမက ထွက်ပြောတယ်။ ဒီနေ့  သူအိမ်မှာ ရှိနေလို့  ပစ္စည်းရောက်လာတာကို လက်မှတ်ထိုးယူထား လိုက်တယ်တဲ့။ အရမ်း ကျေးဇူးတင်သွားတယ်။ ပစ္စည်းတွေရလို့  ၀မ်းသာသလို သွားယူဖို့ မလို အားလုံး အဆင်ပြေသွားတဲ့ အတွက်လည်း ၀မ်းသာမိတယ်။ ကံကောင်းလို့  ... မဟုတ်ရင် ပစ္စည်းရောက်တာ သိတောင်မှ အပေါ်က ရေးထားသလို ဘယ်လိုသွားယူရမလဲ တွေးပြီး စိတ်ပူ၊ အလုပ်ရှုပ် နေရမှာ။
ဟိုဘက်က အချိန်နဲ့ ဆို ပြီးခဲ့တဲ့ တနင်္လာနေ့  ညနေ ခုနှစ်နာရီကျော်က ပို့ လိုက်တဲ့ ပစ္စည်းကို ဒီဘက်က အခု တနင်္လာ နေ့ ခင်းပိုင်း ရတယ်ဆိုတော့ ဟိုဘက်ဒီဘက် ပို့ တဲ့ရက်ရယ် ရောက်တဲ့ရက်ရယ် အပါအ၀င်မှ ၆ ရက်ပဲကြာတယ်။ အရင်တစ်ခေါက်က ၅ ရက်ကြာတယ်။ အခု ၁ရက်ပဲ နောက်ကျတော့ ပုံမှန်ပဲလို့ ဆိုရမယ်။
၂၀၀၈ အတွက် စတုတ္ထ အကြိမ်မြောက်ရတဲ့ လက်ဆောင်..
♥
8 comments:
I've got hint of what's that present.
How?
N2 ပျော်တယ်ဆိုလို့ဝမ်းသာသည်။
ထပ်တူဝမ်းသာပါ၏..
ချစ်သူ့ဆီက ချစ်သက်တမ်းအမှတ်တရ ဖြစ်တယ်မဟုတ်ပါလော...နေနေ
ဟိ
နှင်းတွေကို ပုံးနဲ့အပြည့်ထည့်ပေးလိုက်တာပဲ ဖြစ်မယ်။
:D
ပျော်နေတယ်ပေါ့.. ကောင်း၏
အရင်တစ်ခါလက်ဆောင်အကြောင်း လက်ဆောင်အားလုံးရောက်မှပြောပြမယ်ပြောထားတာ
မှတ်မိသေးရဲ့လားးးးးး
How? Got a hint from the one who sent that present. Who else can tell me?
မခင်ဦးမေ >> KMO ၀မ်းသာသည်ဆိုလို့  ကြည်နူးရပါသည်။ :D
မခင်မင်းဇော် >> အထိမ်းအမှတ်အနေနဲ့  ပို့ တာ မဟုတ်ဘူး အစ်မရဲ့။ ညီမအတွက် လိုမယ်ထင်တာလေးတွေ၊ သင့်တော်တာလေးတွေ နဲ့  သူ ၀ယ်ပေးချင်တာလေးတွေ ရှိရင် ၀ယ်ဝယ်ထားပြီး အဲဒီလိုပဲ စုပြီး ပို့ ပေးတယ်။ ဒီရက်မှာရောက်လာလို့ တိုက်ဆိုင်တာနဲ့  ပျော်သွားတာပါ။
မမွန် >> Box ကြီး ကြည့်ပြီး ဘာတွေပါလဲ သိချင်တယ်ထင်တယ်။ :P.. ဟုတ်တယ် မမွန်၊ အိမ်ရှေ့ က နှင်းတွေ ကျုံးထည့်ပေးလိုက်တာ :D
sin dan lar>> အများကြီးပဲ.. သိလား :D အရမ်းကြွားသလို ဖြစ်မှာစိုးလို့  ပစ္စည်းစာရင်းကို မတင်တော့ဘူး စိတ်ကူးတယ် :">
Kyal Sin>> ဟုတ်ပေသားပဲ။ a hint ဆိုတော့ တစ်ခုပဲ သိမယ် ထင်တယ်။ :D..
Post a Comment