Pages

March 25, 2010

... မြ ...

... မြ ...

အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် " မြ " သော မြားတစ်စင်းတည်၏။
သို့သော် " တေး " မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို " မြ " သော စောင်းတစ်အိုးတည်၏။
သို့သော် " ကြိုး " မရှိ။

သျှပ်မှူးကျော်၊ မောင်မိုးကျော်၊ အရိုင်းဖြူ

5 comments:

:P said...

သျှပ်မှူးကျော် ဆိုတာ ထူးအိမ်သင်ပါနော်။

rose of sharon said...

ဖတ်သွားတယ်

Rita said...

ထူးအိမ်သင်
:)

khin oo may said...

ဘာမှ မရှိရင်ဒါးပေးမယ်။

Soe Mya Nandar Thet Lwin (Borros Roxo) said...

စာတွေ လာဖတ်ဖြစ်ပေမယ့် ကွန်မန့် မရေးဖြစ်ဘူး။

ဒီကဗျာလေး ကြိုက်လွန်းလို့ နန္ဒာ ယူသွားတယ် မနေ။ Personal Diary မှာ မြန်မာလို ကူးရေးထားအုံးမယ်။

အပေါ်ယံ ဖတ်သွားရင် ဘယ်လိုမှ မနေပေမယ့် ခံစားပြီး သေသေချာချာ တွေးကြည့်ရင် အဓိပ္ပါယ် တော်တော်ပါတဲ့ ကဗျာတပုဒ်ပဲ။ ရင်ထဲ ထိမိပြီး တွေးမိသွားတယ်။

ကဗျာဆို လိုရင်းတိုရှင်းနဲ့ အတွေးပေးတာမျိုးကို ကြိုက်တယ်။

နောက်လဲ အခုလို အဓိပ္ပါယ်ရှိပြီး အသက်ဝင်တဲ့ ကဗျာမျိုးတွေ ရှိသေးရင် ဝေမျှပါအုံး။

ကျေးဇူးနော်။

နန္ဒာ (SMNTL)