Pages

March 16, 2010

Penang : Snake Temple

Temple of the Azure Clouds (Snake Temple)
ပီနန် မြွေဘုရားကျောင်း။

From Penang - Snake Temple

ခရီးသွားဧည့်သည်တွေ လာလေ့ရှိတဲ့ နေရာတစ်ခု။ ပုံစံက မြင်နေကြ တရုတ် ဘုံကျောင်းတွေလိုပဲ ခပ်ရိုးရိုး၊ ခပ်ဟောင်းဟောင်း ပုံစံ။ ကျွန်မ တို့ ရောက်တဲ့ အချိန်က ဘုံကျောင်းရှေ့ မှာ ပြင်ဆင်မှု့ တွေ လုပ်နေတယ်။

ဘုံကျောင်းရှေ့ မှာ ၀င်ပေါက် ၃ ခုရှိတယ်။ ဘယ်တံခါးပေါက်က၀င်ဝင် အခန်းတစ်ခု ထဲရောက်တယ်။ ယောင်းတိုင်တွေ၊ အမွှေးတိုင်တွေထွန်းပြီး ရှိခိုးဆုတောင်းတဲ့ အခန်း။ အခန်းက သိပ်မကျယ်ပါဘူး။ အခန်းတစ်ခုလုံး မီးခိုးငွေ့ တွေ မွှန်းနေသလိုပဲ။ အဲဒီအခန်းထဲမှာ ဘုံကျောင်းကို စတင်တည်ထောင်ခဲ့တဲ့ တရုတ်ဘုန်းကြီးရဲ့ ရုပ်ထု ရှိနေပြီး ဘေးတစ်ဘက် တစ်ချက်မှာ ကြိမ်အ၀ိုင်းအခွေ နှစ်ခုလည်း ရှိနေတယ်။
From Penang - Snake Temple

ကြိမ်ဝိုင်းတွေ ပေါ်မှာ မြွေအစိမ်ရောင်လေးတွေ ခွေနေတာ တွေ့ ရပါတယ်။ မြွေတွေ အရှင်လားအသေလား သိချင်စိတ်နဲ့  သွားထိကြည့်ကြမှာ စိုးရိမ်လို့ ထင်ပါတယ်၊ ဘေးမှာ မြွေတွေက အရှင်တွေ၊ သွားမထိပါနဲ့ ဆိုပြီး အင်္ဂလိပ်လို ရေးထားတာ တွေ့ ရတယ်။ ဒါနဲ့  အသေချာ ကြည့်ကြည့်တော့ ဟုတ်သား၊ မြွေတွေက အရှင်တွေ၊ ငြိမ်မနေဘူး၊ ခေါင်းလေးတွေ လှုပ်တုတ် လှုပ်တုတ်နဲ့ ။ အမွှေးတိုင်တွေ နဲ့  ဆုတောင်းနေတဲ့သူတွေအကြား မနည်းတိုး ကြည့်ခဲ့ရတယ်။
From Penang - Snake Temple


From Penang - Snake Temple

ကျောင်းထဲက နံရံမှာ ကပ်ထားတဲ့ စာရွက်ထဲ ပြထားတာ ကြိမ်ဝိုင်းတွေပေါ်မှာ မြွေတော်တော်များတယ်။ အောက်မှာ ကြည့်ပါ။ တကယ် တွေ့ ရတာတော့ အဲဒီလောက် မများဘူး။ (သိမ်းထားတာ ထင်တယ်။)
From Penang - Snake Temple

အခန်းထဲ လှည့်ပတ်ကြည့်တယ်၊ တရုတ်လို ရေးထားတာတွေကြီးပဲ၊ တစ်လုံးမှ နားမလည်ပါဘူး။ ဒါနဲ့  တွေသမျှ ထူးဆန်းတယ်ထင်တာ အကုန် လျှောက်ကြည့်၊ ဓာတ်ပုံရိုက်တယ်။ အဲဒီအခန်းရဲ့ ညာအခြမ်းကိုသွားကြည့်တယ်၊ ဘာမှမရှိဘူး။ တံခါးမှာတော့ အရုပ်ပုံတွေ တွေ့ တယ်။ ဘာမှန်း မသိဘူး။ နောက်တစ်ပုံ ဘယ်ဘက်ကိုထွက်တဲ့ တံခါးမှာလည်း ရှိနေတယ်။

From Penang - Snake Temple
တံခါးကြားမှာ ဒါတွေလည်း တွေ့ ခဲ့ပါတယ်။ မီးရှူးမီးပန်းဖောက်ဖို့  ထင်တယ်။
From Penang - Snake Temple
ဝင်ပေါက်သုံးခုထဲက ဘယ်ဘက် ၀င်ပေါက်တည့်တည့် အပေါ်မှာ ခေါင်းလောင်း တစ်လုံး ရှိနေတယ်။ ခေါင်းလောင်းအောက်က ဖြတ်သွားရင်း ခေါင်းပေါ် ပြုတ်ကြရင်တော့ ဒုက္ခပါပဲလို့  စိတ်ထဲတွေးမိပြီး လန့် သွားသေးတယ်။ လန့် တာက တခြား အပေါ်က ကြိုးကိုတော့ ဆွဲထို့ ကြိုးစားလိုက် မိပါတယ်။ ဒါပေမယ့် အရပ်က ပုတယ်၊ ကြိုးကို မမှီဘူး။
From Penang - Snake Temple

ဘယ်ဘက်ဘေး အခန်းမှာ မြွေတချို့ ကို ဖန်ပေါင်းချောင်တွေထဲ ထည့်ပြထားတယ်။ အဲဒီမှာ မြွေကိုကိုင်ပြီး၊ ပခုံးပေါ်တင်ပြီး ဓာတ်ပုံရိုက်လို့ ရတယ်။ လာကြည့်သူတချို့  ဓာတ်ပုံရိုက်နေတာ တွေ့ ခဲ့တယ်။ သတ္တိရှိ ပါတယ်။ ဒါပေမယ့် မြွေတွေကို ကိုင်ပြီးတော့ ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ဘူး။

အဲဒီအခန်းထဲမှာပဲ နောက် ခေါင်းလောင်းတစ်ခု နဲ့  ဘုံကျောင်းငယ် တစ်ခုတွေ့ တယ်။ တရုတ်လိုပဲ ရေးထားတယ်။ ဘာမှန်း မသိဘူး။ ဓာတ်ပုံရိုက်ဖို့  မမေ့ပါဘူး။ နည်းနည်း ၀ါးသွားတယ်။
From Penang - Snake Temple

From Penang - Snake Temple
အဲဒီအခန်း ဘေးဘက်မှာပဲ လူတွေ တန်းစီနေတာတွေ့ တယ်။ ဘာလဲသွားကြည့်ကြတော့ Snake Farm ကို ၀င်ကြည့်လိုရတယ်လို့  သိလိုက်ကြရတယ်။ လူကြီးဆို တစ်ယောက်ကို RM5 ပေးရမယ် ဆိုလို့  ရောက်တုန်းရောက်ခိုက် ဘာရှိလည်းသိရတာပေါ့ ဆိုပြီး ၀င်ကြည့်ဖြစ် ခဲ့တယ်။ ကလေးဆို RM1 ၀င်ကြေးပေးရပါတယ်။ ၀င်လိုက်တော့ ဘုံကျောင်း အနောက်ကို ရောက်သွားတယ်။ အထဲမှာ ဘာတွေရှိတွေ့ ခဲ့လည်းဆို ဘေးပတ်လည် မှန်ခန်းတွေထဲ ထည့်ပြထားတဲ့ မြွေတချို့ ၊ မျောက် နဲ့  လိပ် ၃-၄ ကောင် တွေ့ ခဲ့ပါတယ်။ မြွေတွေက ဒေသခံမြွေတွေလို့ ပြောတာပဲ။ တစ်ကောင်ချင်းလိုက်တော့ ကြည့်တယ် ဘာမြွေတွေမှန်း မမှတ်မိပါဘူး။
From Penang - Snake Temple
အဲဒီ မှာ ပုတ်သင်ညို (ထင်တာပဲ) အကြီးကြီးတစ်ကောင်လည်းတွေ့ တယ်။ မကြောက်တတ်ရင် ဓာတ်ပုံ တွဲရိုက်လို့ ရတယ်။ ရိုက်ဖို့ ကြိုးစား ကြည့်ဖြစ်ခဲ့ပါတယ်။ သူများတွေ ဓာတ်ပုံရိုက်တာ အကုန် အဆင်ပြေတယ်။ ကျွန်မ အလှည့်ကြမှ ပုတ်သင်ညိုကို ကျွန်မ ပခုံးပေါ် အတင်၊ အောက်က မျောက်က ကျွန်မ လွယ်ထားတဲ့ ကျောပိုးအိတ်က တွဲလောင်းကျနေတဲ့ ကြိုးကို ခိုဆွဲပြီးတတ်လာ၊ ပုတ်သင်ညိုကလန့် ပြီး ပခုံပေါ်မှာ ငြိမ်မနေပဲ ဟိုရွှေ့ ဒီရွှေ့ လုပ်ပါလေရော။ ကျွန်မလား ဘယ်ငြိမ်နေမလဲ၊ အော်တော့တာပါ။ ၀တ်ထားတာ TShirt၊ ပုတ်သင်ညိုလက်တွေက ကုတ်ထားတာ အသားကို ထိနေတယ်။ ယားတယ် တကယ်။ မနည်းအား တင်ထားရတာ၊ ရွေ့ သွားတော့ မနေနိုင်တော့ဘူး။ ကျွန်မက အော်တော့ မျောက်က လည်းအော်၊ ပုတ်သင်ညိုကလည်း ပြေး၊ တခနလေးအတွင်း ထိမ်းနဲ့ သူ ခင်မျာ အတော်လေး အလုပ်ရှုပ်သွားတယ်။ ဒါနဲ့  ဓာတ်ပုံရိုက်တာ ပျက်သွားပါတယ်။ ထပ်ရိုက်မလား မေးပါသေးတယ်။ တော်ပါပြီ။ ခပ်ဝေးဝေး နေလိုက်တာပဲ ကောင်းပါတယ်။

ဒီနေရာမှ ပြောရရင် ကျွန်မသူငယ်ချင်းတစ်ယောက် အလွန် ညံ့ပါတယ် :D. Camera နဲ့ ချိန်ထားရဲ့နဲ့  အဲဒီ အခိုက်အတန့် လေးကို မှတ်တမ်း မတင်လိုက်နိုင်ဘူး။ မဟုတ်ရင် ကမ္ဘာကျော်သွားမယ့် ပုံကောင်းတစ်ခုလောက် သူ ရလိုက်လိမ့်မယ်။ ;)

ဒါက တွဲပြီး ဓာတ်ပုံရိုက် ခွင့်မရလိုက်တဲ့ အကောင်ကြီး။ Google လုပ်ပြီး ရှာထားတာပါ။
From : esthertye.blogspot.com

မြွေ၊ လိပ်၊ မျောက် ကိုတွေ့ ခဲ့ကြောင်း သက်သေ။
From Penang - Snake Temple
ဒီပုံထဲက မျောက်ပါ။ ငြိမ်ငြိမ်မနေပဲ အိတ်ကကြိုးကို ဆွဲတတ်တာ။
From Penang - Snake Temple
ဒီအောက်က ပုံတွေက မြွေကျောင်းရှေ့ က ကြော်ငြာနဲ့  ဈေးဆိုင်တန်းက ငှက်ပုံ။ ဘာရယ် မဟုတ်ဒီလိုပဲ ဆိုင်တန်းတွေထဲ လျှောက်ကြည့်ရင်း ငှက်ကလေး သဘောကျတာနဲ့ ဓာတ်ပုံ ရိုက်ယူထားလိုက်ပါ။ ကြော်ငြာက ဘာလဲသိချင်ရင် ပုံကြီးချဲ့ကြည့်ပါ။
From Penang - Snake Temple
ဟိုအကောင်ပုံလိုက်ရှာရင်း ဖတ်ကြည့်မှ ဒီ Snake Tample ကို ၁၈၅၀ က တည်ထားတာဖြစ်ပြီး ကမ္ဘာပေါ်မှာ ရှေးအကျဆုံး တရုတ်ဘုန်ကျောင်းတွေမှာ တစ်ခု အပါတ၀င်လို့  သိလိုက်ရတယ်။ ဒါကြောင့်ကြည့်ရတာ အရမ်းကို ဟောင်းနွမ်းနေသလို ခံစားခဲ့ရတာပဲ။ တံခါးက ပုံတွေက Door Gods တွေတဲ့။ အဲဒီ ဘုံကျောင်းထဲမှာ ရေတွင်းနှစ်ခုရှိတယ် ဖတ်ရတယ်။ သွားခဲ့တုန်းက လုံးဝ သတိမထားမိခဲ့၊ မတွေ့ ခဲ့ရဘူး။ နာမည်က နဂါးမျက်လုံး (Dragon Eye Wells) လို့  ရေးထားလို့  ဘာရယ်ညာရယ်မဟုတ် ကြည့်ဖူးချင်တာပါ။ ဒီဘုံကျောင်းကို စင်္ကာပူနဲ့  ထိုင်ဝမ်က တရုတ်တွေ ဘုံကျောင်းကို စတင်တည်ထောင်တဲ့ ဘုန်းတော်ကြီးရဲ့ မွေးနေ့  တရုတ်ပြက္ခဒိန် ပထမဆုံးလရဲ့ ၆ ရက်မြောက်နေ့ မှာ လာရောက်လေ့ ရှိတယ်၊ ဒီအတွက် မြွေများများ တွေ့ ချင်ရင် တရုတ်နှစ်ကူး အချိန် မသွားပါနဲ့ ၊ အဲဒီအချိန်ဆို လာကြည့်သူတွေများတဲ့ အတွက် မြွေနည်းနည်းပဲ ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။

ကားပေါ်မတတ်မှီ နောက်ဆုံး လှမ်းမျှော် နှုတ်ဆက်ခြင်း .....
From Penang - Snake Temple

အဲဒီကတစ်ဆင့် ကွမ်ရင်မယ်တော်ကျောင်းကို သွားဖြစ်ခဲ့တယ်.....

More Detail : Snake Temple , Penang
Location : Sungai Kluang, Bayan Lepas (near the airport) in Penang, Malaysia.
Opening hours: 6 AM to 7 PM daily
ပီနန်းခရီးစဉ်တလျှောက် ပုံတွေအကုန် ဖုန်းနဲ့ ရိုက်တာဆိုတော့ သိပ်မကောင်းဘူး။ လှတပတပုံလေးတွေ ကြည့်ချင်တယ်ဆို Snake Temple ဆိုပြီး Google ကြည့်ပါ။ အများကြီးတွေ့ ရမယ်။

2 comments:

ak said...

tks 4 sharing but i m fear of snakessssssss ewwwwwwwwwwwww :(

SZA said...

မီးရှူးမီးပန်းမဟုတ်ဘူးထင်တယ်.. အမွှေးတိုင်လားမသိဘူး