From Everything |
ဆိတ်သားခြောက်ဆီပြန်
From Everything |
ငါးပိထောင်း နှင့် သခွါးသီး
From Everything |
ငါးခြောက်ထောင်းကြော်
From Everything |
အရွက်ပြုတ်
From Everything |
ပုဇွန်
From Everything |
ငါးသလောက်ဥကြော်
From Everything |
မနေ့ က နေ့ လယ်စာရော ညနေစာရော အိမ်မှာပဲ စားဖြစ်တယ်။ ဆိတ်သားခြောက်ဆီပြန် နဲ့  ငါးပိထောင်းက မပြည့် လက်ရာ။ မပြည့် ချက်တဲ့ ဆိတ်သားခြောက်ဆီပြန်ဟင်းက စားလို့ ကောင်းတယ်။ Pressure cooker နဲ့  ချက်တာတွေ့ တယ်။ ငါးသလောက်ဥကြော် နဲ့  ပုဇွန်က အမေ ထည့်ပေးလိုက်တာ။ ငါးသလောက်ဥက နည်းနည်း နုတယ်။ ဒါပေမယ့် မစားရတာ ကြာလို့ လား မသိဘူး စားလို့ ကောင်း သလား မမေးနဲ့ ။ ပုဇွန်က ၃-၄ ခါစားပြီးပြီဆိုတော့ နည်းနည်းပဲ ကျန်တော့တယ်။ ရန်ကုန်က ပုဇွန် နဲ့  ဒီနိုင်ငံက ပုဇွန် အရသာ လုံးဝမတူဘူး ဆိုတာ သိပ်မှန်တာပဲ။
ဒီနေ့  တနင်္ဂနွေနေ့  နေ့ လယ်စာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်သစ်တတ်ပွဲ သွားဖြစ်လို့  အဲဒီမှာ ကျွေးတဲ့ ထောပတ်ထမင်းနဲ့  ကြက်သားဆီပြန်၊ ပဲဆိတ်သား၊ ငါးပိကြော်နဲ့  အချဉ် စားခဲ့တယ်။ ဓာတ်ပုံပြစရာတော့ မရှိဘူး။ ဒီမနက်က မနက်စာ မစား ဖြစ်ဘူးလေ။ နိုးလာတာနဲ့  ရေချိုး၊ Bugis BHG ကိုသွား လက်ဆောင်ဝယ်ပြီး သူငယ်ချင်းအိမ် တန်းသွားဖြစ်ခဲ့တယ်။ ထောပတ်ထမင်းကို အင်းလေးက Special Order လုပ် မှာတာလို့ ပြောတယ်။ မအီဘူး၊ စားလို့ ကောင်းတယ်။ တစ်ပန်းကန် ကုန်အောင် စားဖြစ်တယ်။ ဗိုက်ပြည့်သွားတယ်။ အခု မိုးတွေ ရွာနေတယ်။ အိပ်ငိုက် လိုက်တာ။
5 comments:
ငါးသလောက်ဥကြော်လေးလားမသိ။ စားချင်လိုက်တာာာာာာာာာာာာာာာာ။
ပေါင်ချိန်ကြည့်ဦး အမိ..
ငါးသလောက်ဥ ကြိုက်တယ်။ သို့သော် .. အခုတော့ ဆီမပါ ဆားမပါတာတွေဘဲ စားနေရတယ် ... သွတ် သွတ် သွတ်
I think, no need to know the weight. ma nay has same weight that she used to have however she eat :D
ငါးသလောက်ဥကြော်စားချင်လိုက်တာ....
Post a Comment