Pages

April 17, 2019

New Year Wishes - Tin Moe

"နှစ်သစ်ဆုတောင်း"
 အမြင်ကျဉ်းမြောင်း၊ စိတ်ကျဉ်းမြောင်၍
တွင်းအောင်ရသည့်ဘဝမှ လွတ်ပါစေ။

စိတ်ဓါတ်သေးနုပ်၊ ညဏ်သေးနုပ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။

တို့ အချင်းချင်း၊ ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်၊ စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့် ဘဝမှ လွတ်ပါစေ ။

သူကမမှန်၊ ငါကမှန်ဟု
တစ်ယူသန်စွဲ၊ စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ ။

သူ့ ဂုဏ်ကိုချ၊ ကိုယ့်ဂုဏ်ပြကာ
မာနစကား၊ တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ။

မကောင်းမှုခင်၊ ကောင်းမှုကြဉ်သည့်
ဥာဉ်ဆိုးဥာဉ်မိုက်၊ မီးပုံမြှိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။

နှစ်သစ်မြတ်ဆု ဤကောင်းမှုကြောင့်
သာဓု သာဓု ခေါ်စေသော်..

 တင်မိုး
၁၇ - ၄ - ၉၁
နံနက်ခင်း
(မြန်မာ နှစ်ဆန်းတစ်ရက်  ၁၃၅၃ခု)

No comments: