Pages

July 31, 2008

ကံကောင်းအောင် - မြန်မာထမင်းဟင်း - Dinner Delivery Service

စင်္ကာပူနိုင်ငံက မြန်မာတွေ အတွက် ညစာ (တနင်္လာ - သောကြာ) ထမင်းချိုင့် မှာလို့ ရတဲ့ နေရာတစ်ခုကို သူငယ်ချင်းတွေ သတင်းပေးလို့ သိလိုက်ရတယ်။ အရင်ကလည်း အဲလို service မျိုးရှိတယ် ကြားဖူးပေမယ့် တစ်ခါမှ အသေအချာ မမေးဖြစ်ဘူး။ ဒီတစ်ခါကတော့ သတင်းပေးရုံမက Website Link ပါပေးတယ်။ ၀၁/၀၈/၂၀၀၈ မှာ စတင်ပြီး အိမ်တိုင်ယာရောက် ပို့ ပေးမယ် ရေးထားတော့ အခုမှ စတဲ့ လုပ်ငန်း အသစ်လား၊ အရင်က ကြားဖူးနဲ့  တူတူပဲလား သေချာမသိဘူး။
အသားဟင်း ၂ မျိုး ၊ အသီးအရွက် ၁ မျိုး ၊ ဟင်းချို ၁ မျိုး နဲ့  ထမင်း ကို တစ်ယောက် S$99 လို့ ပြောပါတယ်။ တစ်အိမ်ထဲက တစ်ယောက်ထက် ပိုမှာရင် တစ်ယောက်စာကို S$85 ပဲပေးရမယ် သိရပါတယ်။ နောက်လ August အတွက် ထမင်းမှာထားတဲ့ သူတွေကို ဒီနေ့  31-July-2008 က စပြီး ထမင်းပို့ ပေးတယ်။ ဒီနေ့ က လုပ်ငန်းစတဲ့ ပထမနေ့ အနေနဲ့  အခမဲ့ကျွေးတာ ဖြစ်ကြောင်း သိရတယ်။ ဒီနေ့  ပို့ တဲ့ ထမင်းဟင်းတွေက စားရတာ မဆိုးဘူး လို့  ပြောတယ်။ သူများအပြောကို ပြန်ပြောပြတာ။ သူတို့ ပို့ တဲ ထမင်းနဲ့  ဟင်းကို ကိုယ်မှ မစားဘူးတာ၊ ဟုတ်မဟုတ်တော့ အာမခံနိုင်ဘူး။ စိတ်ဝင်စားလို့  အချက်အလက်တွေ သိချင်တယ်ဆို Website မှာ သွားကြည့်နိုင်ပါတယ်။ ဆိုဒ်မှာတော့ 1 August to 8 August အထိ ပို့ မယ့် ဟင်းတွေ စာရင်းပေးထားတယ်။ ဒီထက်ပိုပြီး အသေးစိတ် သိချင်ရင်တော့ ကိုယ်တိုင်သာ ဖုန်းဆက်မေး ကြည့်ကြပါ။

တလစာ မှာထားပေမယ့် စားကြည့်ပြီးလို့  မကြိုက်လို့  ဆက်မစားချင်ရင် မပို့ ရသေးတဲ့ ရက်တွေအတွက် ပိုက်ဆံပြန်ပေးမယ်လို့  ရေးထားတာတော့ တွေ့ တယ်။ တစ်ယောက်တည်း မှာစားတာဆို တရက်ကို ၄.၅၀ ကျတယ် ပြောရမယ်။ ထမင်းပို့ တယ်ဆိုတာ အချိန်မှန်ပို့ မှာ၊ ကိုယ်က အချိန်မှန် အိမ်ပြန်မရောက်တော့ မှာစားချင်တယ်ဆိုတောင် မှာစားဖို့  အတော် မလွယ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီက ညစာ ထမင်ဟင်းမှာ စားဖြစ်ခဲ့တယ်ဆို ဘယ်လို နေသလဲ ဆိုတာလေး သတင်ပေးပါ။

1 comment:

Anonymous said...

စင်ကာပူ မှာ မြန်မာ ထမင်းချိုင့်ပို့ ပေးတဲ့ ၀န်ဆောင်မှု သိရင် ပြောပြ ပေးစေလိုပါတယ်