How Busy I Am!
အရင်က ဒီလမှာ Production Deployment လုံးဝ မရှိဘူးဆိုလို့  တခြားအလုပ်တွေကို အေးအေးဆေးဆေး လုပ်နေရာခဲ့တာ၊ ပြီးခဲ့တဲ့ အပတ်ကမှ ဒီလ ၁၇ ၊ ၁၈ ၊ ၂၆ ၊ ၂၇ နဲ့  ၃၁ ရက်တွေမှာ ကျွန်မ တာဝန်ယူထားတဲ့ Application နှစ်ခုလုံးမှာ Production Deployment တွေ အရေးတကြီး လုပ်ဖို့ ရှိတယ် ဆိုပြီး အီးမေး ၀င်လာခဲ့တယ်။ Deployments တွေ အဲဒီလောက် အများကြီး ရှိပြီဆိုတော့ ပင်ပန်းပြီပေါ့။ Deployments အတွက် ပြင်ဆင်စရာတွေ ပြင်ဆင်နေရလို့  တခြား ကျွန်မ တာဝန်ယူထားတဲ့ အလုပ်တွေကို မလုပ်ရဘူးလား ဆိုတော့လည်း မဟုတ်ဘူး။ ဒါလည်းလုပ် ဟိုဟာလည်း လုပ်ဆိုတာမျိုး။ ဟိုအလုပ်တွေကလည်း နေ့ စဉ် အချိန်မဆိုင်း လုပ်ရတာတွေ။ သူတို့ ပို့ လာတဲ့ အီးမေးတွေကို မပြန်ရင်၊ ဖုန်းတွေ ဆက်ကြတော့မယ်။ တခြားအလုပ်တွေနဲ့  မအားလို့  မလုပ်ပေးနိုင်ဘူးလို့  ပြန်ပြောလို့ ရတဲ့ ကိစ္စမျိုးလည် မဟုတ်ဘူး။ အဲဒီအပိုင်းမှာ ခုရက်ပိုင်း အလုပ် နည်းနည်းပါးနေလို့ တော်ပါသေးတယ်။
၁၇ ရက်နေ့ က ည ၁ နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ နောက်နေ့ မနက်ကြတော့ ၉း၃၀ ရုံးအရောက် သွားလိုက်ရတယ်။
၁၈ ရက်နေ့ မှာတော့ အားလုံးပေါင်းပြီး စောစောပြန်နိုင်အောင် ကြိုးစားလိုက်လို့  ညနက်အောင် မနေလိုက်ရဘူး..
လာမယ့် ၂၆ ရက်နေ့  မှာ ကျွန်မ တာဝန်ယူထားတဲ့ Application နှစ်ခုလုံးအတွက် Deployment လုပ်ပေးဖို့  ရှိနေတယ် ဆိုတော့ အဲဒီည ဘယ်အချိန်မှ အိမ်ပြန်ရမယ်မှန်း မသိဘူး... တစ်ခါမှာ တစ်ရက်တည်းမှာ နှစ်ခု မလုပ်ဖူးခဲ့ဘူး။ အဲဒီနေ့ မှာ အခန့် မသင့်ရင် အလုပ်လုပ်ရင်း မိုးလင်းသွားနိုင်တယ်..
၂၇ ရက်နေ့  ညနေမှာလုပ်မယ့် Deployment ကို ပုံမှန်ထက် ၂ နာရီလောက် စောပြီး လုပ်ရမယ်လို့  အချိန်စာရင်းမှာ ပြထားတော့ အဲဒီညမှာ သန်းခေါင်းကျော်အထိ မနေရဘူးလို့  မျှော်လင့်ရပါတယ်
၃၁ ရက်နေ့  မှာ နှစ်သစ်ကို အလုပ်လုပ်နေရင်း မကြိုပါရစေနဲ့ လို့  ဆုတောင်းနေပါတယ်..
ခုနက သွားတတ်လိုက်ရတဲ့ မီတင်မှာ နောက်လ ၁ ရက်ကနေ ၈ ရက်အထိ ဆက်သွယ်လို့ ရတဲ့ အနေအထားမှာ ရှိနေရမယ်တဲ့။ စိတ်ပျက်တယ်။ ၂၀၀၈ ရဲ့ ပထမဆုံးနေ့  ၊ ၁ ရက်နေ့  ၊ နှစ်သစ်ကူးနေ့ မှာ လုပ်စရာတွေ ရှိနေတယ်လို့  သိလိုက်ရတယ်.. ခုချိန်အထိတော့ အဲ့ဒီနေ့ မှာ အလုပ်မှာ ရှိနေရမယ့် လူတွေရဲ့ နာမည်စာရင်း ဘယ်သူတွေပါတယ် မပြောသေးဘူး။ ဒါပေမယ့် အဲဒီနေ့ အတွက် လိုအပ်တာတွေကို ကျွန်မ တာဝန်ယူ ပြင်ဆင်ရမယ်တဲ့။ ၁ ရက်နေ့ မှာ အလုပ်မသွားပါရစေနဲ့ ။ နောက်ပြီး ၄ ရက်နေ့  ညနေမှာလည်း Deployment တစ်ခုရှိတယ်။ ၆ ရက်နေ့ မှာလည်း Application တစ်ခုအတွက် လုပ်စရာ တစ်ခု ရှိနေပါတယ်။ ၂၀၀၈ နှစ်သစ်ရဲ့ ပထမဆုံး စနေ၊တနင်္ဂနွေ အားလပ်ရက်မှာ အဆင်မသင့်ရင် အလုပ်သွားရမယ့် အနေအထားမျိုး ဖြစ်နေတယ်။ မလွယ်ဘူး။ အဲဒီရက်တွေမှာ အလုပ်လုပ်ရရင် အားလပ်ရက် အစားပြန်ရပေမယ့် မလုပ်ချင်ဘူး။ ကံကောင်းရင်တော့ မလုပ်ရလောက်ဘူး ထင်ပါတယ်။ တကယ်ဆို ဒီလကုန်မှာ ကျွန်မအခု တာဝန်ယူထားရတဲ့ Deployment နဲ့ ပတ်သက်တဲ့ နေရာကို သူများကို လွှဲပေးရမယ်။ ဒီရက်ပိုင်းမှာ နောက်ပိုင်း ဆက်ပြီး တာဝန်ယူရမယ့်သူကိုလည်း လိုအပ်တာတွေ သင်ပေး၊ပြပေး လုပ်နေရတာကြောင့် သာမန်ထက် ပိုပြီး ပင်ပန်းနေတာပါ။ အလုပ်ရှုပ်တာတွေ စုသွားတယ် ဆိုရမှာပေါ့။ နှစ်ကုန်မှာ Bonus သာ မရတယ်၊ အလုပ်ကိုတော့ အရင်ကထက် ၃-၄ ဆ လောက် တိုးပြီး လုပ်နေရပါတယ်။
No comments:
Post a Comment