Pages

December 13, 2007

Make Up Tutorial, Make Up and I

ဟိုရက်ပိုင်းက သူငယ်ချင်းတစ်ယောက်နဲ့  အလှပြင်တဲ့ အကြောင်း ထူးထူးခြားခြား စကားစပ်မိသွားရင်း၊ ခုခေတ် တချို့  ကောင်မလေးတွေဆို မိတ်ကပ် ပြင်ထားပေမယ့် ပြင်လို့  ပြင်ထားမှန်း မသိသာပဲ သဘာဝ အတိုင်းလို ဖြစ်အောင် ပြင်တတ်ကြတယ်ဆိုတဲ့ အကြောင်း ပြောဖြစ်သွားတယ်။ ပုံမှန် လှလှပပ၊ ပြင်ပြင်ဆင်ဆင်လေး နေတတ်သူတွေ အများစုကတော့ အဲဒီလို ဖြစ်အောင် ဘယ်လို ပြင်ရမယ်ဆိုတာ သိကြမယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ မသိဘူး။ ကျွန်မ နဲ့  အရင်းနှီးဆုံးလို့ ဆိုရမယ့် သူငယ်ချင်း ကောင်မလေးတွေလည်း သိကြမယ် မထင်ဘူး။

သူငယ်ချင်းနဲ့  စကားပြောပြီး ကျွန်မ တစ်ခါကြည့်ဘူးတဲ့ သဘာဝအတိုင်းဖြစ်အောင် ဘယ်လို ပြင်ဆင်ရမယ် ဆိုတဲ့ Youtube က Vedio Chip လေးကို ပြန်ရှာကြည့်ဖြစ်တယ်။ အဲ့ဒီ YouTube ဖိုင်ကို နေးတစ်ဖိုရမ်က အလှအပ အကြောင်း Topic မှာ ပန်းပွင့်လေး သတင်းပေးထားလို့  သိခဲ့ရတာပါ။ ၇ မိနစ်ကျော်ကြာတဲ့ Video မှာ ဘယ်လို ပြင်ဆင်ရလည်းဆိုတဲ့ Conceal dark undereye circles, Mineral Conceraler, Mineral Foundation, Eyebrows, Eyeliner, Curl and mascera, Blush, Lips ဆိုပြီး အဆင့်ဆင့် ပြင်ဆင်ပုံကို ရှင်းပြထားတယ်။ ပြင်ဆင်ပြတဲ့ ကောင်မလေးက ချောချောလေးမို့  အဲ့လောက် ပြင်ယုံလေးနဲ့  လှနေတာလားတော့ မသိဘူး။ အတော်လေး ကြည့်ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အသုံးဝင်မယ် ထင်ပါတယ်။ အချိန်ရရင် အဲ့လို ပြင်ကြည့်ကြပါ။ သူလို့  ဖြစ်မဖြစ်လည်း ပြန်ပြောပြပေါ့လေ။




Michelle Pan ရဲ့ YouTube Profile မှာ တခြား အလှအပနဲ့  ပတ်သက်တဲ့ ပြင်ဆင်ပုံတွေလည်း ရှိပါသေးတယ်။ အခုလက်ရှိတော့ ဒီဟာလေးတွေ ရှိနေပါတယ်။
Eyeliner Tutorial - Pencil, Cream/Gel, Liquid
Basic Eyebrows Tutorial
Skin Clearing Treatment
Brighter Larger Looking Eyes - Makeup Tutorial
Basic Smoky Eye Tutorial

Credit to panpwintlay from NativeMyanmar and MichellePhan

No comments: