Pages

December 01, 2007

Happy November 2007!

နိုဝင်ဘာရဲ့ နောက်ဆုံးနေ့ ..
အနှစ်သက်ဆုံးလ၊ အမျှော်လင့်ဆုံး လတစ်လ...
မကြာခင်ကုန်ဆုံးတော့မယ်..

ဒီနိုဝင်ဘာလ အတွင်းမှာ ...
လိုချင်ပေမယ့် အချိန်မှီ မရတော့မှာ သေချာသွားပြီးဖြစ်တဲ့ အရာတွေ...
ကြားချင်ပေမယ့် လုံးမ၀ မကြားရတော့မှာ သေချာသွားတဲ့ အသံတွေ....
ရှိခဲ့ပါတယ်...
အချိန်မှီ ရမှာ မဟုတ်မှန်း၊ စကားသံတွေ ကြားရမှာ မဟုတ်မှန်း....
သိသလိုလိုရှိနေပေမယ့် လက်သင့်မခံချင်ပဲ မျှော်လင့်နေခဲ့မိတယ်..
လဆန်း ၁ရက်နေ့ ကနေ နောက်ဆုံး ၃၀ ရက်နေ့ အထိ..
ဘယ်အချိန်မှာများ ရလိုက်မလဲ...
ခုဆို ည ၁၂ နာရီ ထိုးတော့မယ်..
မကြာခင် မိနစ်ပိုင်းအချိန်လေးမှမှာ နိုဝင်ဘာလကုန်ဆုံးလို့  ဒီဇင်ဘာလကို ရောက်တော့မယ်
စိတ်လျှော့လိုက်ဖို့ သင့်ပြီပေါ့ ...
မရနိုင်တာ သေချာသွားပြီလေ ...

ဒီတစ်လလုံး ဘာတွေ ဖြစ်ခဲ့သလဲ... ပြန်စဉ်းစားကြည့်မိတယ်..
အိမ်ပြောင်းဖို့ ကိစ္စနဲ့  စိတ်ပင်ပန်းရတာရယ်..
အလုပ်နည်းနည်း များတာရယ်ကလွဲရင် တခြား အရမ်းစိတ်ညစ်ရတယ်၊ စိတ်ရှုပ်ရတယ် ဆိုတာမျိုး မကြုံခဲ့ရဘူး..
လွတ်လွတ်လပ်လပ် ပြုံးပျော်နေခဲ့တဲ့ရက်တွေ အရမ်း မများပေမယ့် ရှိခဲ့တယ် ဆိုရမယ်..
၂၀၀၇ မှာ Happy November ဆိုတဲ့စကား ...
မမှားခဲ့ပါဘူး..

2 comments:

Min Htet said...

နေနေ ကျနော့်အတွက်တော့ Happy November မဟုတ်ခဲ့ဘူး။ အလုပ်ရှူပ်
စိတ်ရှူပ်ရတဲ့ လ ပါပဲ။ Post တွေ ဆက်ရေး နေပါတယ်။ အဆင်ပြေ ပါစေ။

Nay Nay Naing said...

နိုဝင်ဘာမှာ မပျော်ရပေမယ့် ဒီဇင်ဘာမှ ပျော်ရွှင်နိုင်ပါစေ။ :)