Pages

December 27, 2007

Splashup : Photo editing tool and Photo manager

Computer ထဲမှာ Software တွေအများကြီး မသွင်းထားချင်တဲ့ သူတွေအတွက် အသုံးဝင်မယ့် Web Application တစ်ခုပါ။
  • ဓာတ်ပုံတွေ Splashup မှာ တင်ပြီး တခြားသူတွေနဲ့  share လို့ ရတယ်။
  • Splashup မှာတင်ထားတဲ့ ပုံတွေကိုသာမက တခြား Photo Sharing sites တွေဖြစ်တဲ့ Flickr, Facebook နဲ့  Picasa မှာတင်ထားတဲ့ ပုံတွေကိုလည်း ပြင်ဆင်လို့  ရတယ်။
  • ပုံတွေ ပြင်ဆင်ရမှာ Crop ၊ Resize လုပ်တဲ့ Features တွေပဲရှိတာ မဟုတ်ပါဘူး။ တခြား pixel controls, layers, blends, filters, brushes, webcam effects, text editing စတဲ့ Feature တွေကိုလည်း အဲ့ဒီ Web Application ကိုသုံးပြီးလုပ်လို့ ရပါတယ်။
  • Splashup မှာ ပါဝင်တဲ့ Photo editing tools ဟာ Photoshop CS3 မှာ tools နဲ့  ခပ်ဆင်ဆင်တူတယ်လို့  ရေးထားတာ ဖတ်ရတယ်။ Splashup ကို စမ်းသုံးကြည့်ဖြစ်ပေမယ့် CS3 ကို မသုံးဘူးတော့ တကယ်တူမတူ မပြောတတ်ဘူး။
  • ပုံတွေ edit လုပ်လို့  တခါတည်းနဲ့  မပြီးနိုင်ရင်လည်း save လုပ်ပြီး နောက်မှ တခါ ပြန်ပြင်လို့ ရပါတယ်။
  • နောက်တစ်ခုကတော့ ပုံတွေ edit လုပ်ရာမှာ ပုံတွေ အများကြီးကို တပြိုင်နက် ပြင်ဆင်လို့ ရပါတယ်။
  • Splashup သုံးဖို့  အတွက် User Login လုပ်ဖို့ လိုအပ်ပေမယ့် Free Registeration ပါ။

Splashup အကြောင်း တခြားသူတွေ ရေးထားတဲ့ အချက်အလက်တွေကို သိချင်တယ်ဆို ဒီအောက်က လင့်တွေမှာ ဖတ်ကြည့်လို့ ရပါတယ်။
Splashup Review: Not Quite There
Splashup.com - Powerful Photo Editing For Pros, Novices

Credit to THKZ

No comments: