Pages

October 17, 2008

Red Polo Tee on T-Shirt Day

ဘာရယ်မဟုတ်ပါဘူး ဒီနေ့  အလုပ်မှာ တစ်နှစ်တရက် လုပ်နေကြထုံးစံအတိုင်း တစ်ရုံးလုံး အင်္ကျီဆင်တူဝတ်ရတဲ့ နေ့  ဆိုတဲ့အကြောင်း ရေးမလို့ ပါ။ သိပ်တို့ မထူးခြားပါဘူး။ အင်္ကျီ ဆင်တူ ၀တ်ပြီး ဘာလုပ်ရလဲဆို Department အလိုက် ဓာတ်ပုံစုပြီး ရိုက်ရတယ်၊ ပြီးတော့ ဘယ် Department က ဓာတ်ပုံပါဆိုပြီး အီးမေးကတစ်ဆင့် တစ်ရုံးလုံး ပို့ တာကလွဲရင် ဘာမှ ထူးထူးခြားခြား လုပ်ရတာ မရှိဘူး။ တစ်နှစ်ကို တမျိုး မရိုးအောင်ပေးတဲ့ အင်္ကျီကလည်း ဒီတစ်ရက်ပဲ တခြားနေ့ တွေမှာ ၀တ်လာခဲ့ဖို့  မှာတာ ခုချိန်ထိ မကြုံဖူးသေးဘူး။ ဒီတော့ ကျွန်မတို့ တွေက ဒီနေ့  ၀တ်ရတဲ့ အင်္ကျီကို ဓာတ်ပုံရိုက်ဖို့  ၀တ်ရတဲ့ အင်္ကျီ နဲ့  ဒီနေ့ ကို အလုပ်ကလူတွေစုပြီး တစ်နှစ်တစ်ခါ ဓာတ်ပုံရိုက်ရတဲ့ နေ့ လို့  ပဲ လွယ်လွယ်ခေါ်လိုက်တယ်။ ဒီနှစ် အတွက် အရောင်က အနီရဲရဲ။ Design က ရိုးရိုးရှင်းရှင်း။

ဒီလို ဆင်တူ တစ်နှစ်မှာ တစ်ခါ ဘာကြောင် ဘာလို့  ၀တ်ခိုင်းတယ်၊ ဘာညာ ပြောပေမယ့် စိတ်မ၀င်စားတာနဲ့  မှတ်မထား မိဘူး။ ဒါမျိုးတွေကို မြန်မာပြည်မှာကတည်းက နားထောင်ရလွန်းလို့  ရိုးနေပြီ။

ဓာတ်ပုံရိုက်တဲ့ နေ့ ဆိုတော့ ဓာတ်ပုံတွေ ရိုက်ထားသေးတယ်..... ဒီနေ့ ရိုက်ဖြစ်တဲ့ ထဲက ပုံတချို့ ..
(အခုအောက်မှာ ရှိတဲ့ ဓာတ်ပုံတွေအားလုံးကို ရိုက်တဲ့သူက ကျွန်မဆိုတော့ ပုံတွေထဲမှာ ကျွန်မပုံ ပါမှာမဟုတ်ဘူး။ လိုက်ရှာရင် မောမှာစိုးလို့  ကြိုပြောထားတာပါ။ )

Red Polo Tee

နေ့ လယ်စာသွား စားတုန်းက ရှေ့ က သွားတဲ့ သူတွေကို ရိုက်ထားတာ။
Before taking ITCA Department Group Photo


၂၀၀၈ နဲ့  ၂၀၀၇ အတွက် အင်္ကျီနှစ်ထည်။


ဒီနေ့ အကြိမ်အများဆုံး အမေးခံရတဲ့ မေးခွန်းက ၀တ်ထားတဲ့ TShirt ရဲ့ Size က ဘာလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

10 comments:

khin oo may said...

မဖြေလဲ သိပါတယ်. Size Small ပါ။ တချက်ငဲ့ ကြည့်လိုက်ရုံနဲ့ မမ က သိပါတယ်။

ThuHninSee said...

2007က တီရှပ်က မီးခိုးရောင်လေးပါတာလား။
ဒါဆို ဒီနှစ်ရှပ်ဆိုဒ်က ပိုသေးနေတယ်နော်။
ပိန်သွားတဲ့သဘောလား။ :P

khin oo may said...

တွေ့လား ထောက်ခံတဲ့သူတွေ များနေပြီ။

Nay Nay Naing said...

အစ်မ ခင်ဦးမေ... Size Small ဆို အစ်မ အဖြေမှားပါတယ်ကွယ်... :P

မမွန် .. ဟုတ်တယ်.. မမွန်ကို လွမ်းလို့  စားမ၀င် အိပ်မပျော်ဖြစ်ပြီး ပိန်သွားတာပါ ..... :D
.....
....
၂၀၀၇ တုန်းက TShirt တွေကို size စုံမထုတ်ပဲ ၂၀၀၈ မှာမှ size စုံထုတ်လို့ ပါ။

TKLinn said...

ဒါကြောင့် မနေ့က နေနေကို အဲ့ဒီ စပို့ရှပ်နဲ့ မြင်ရတာကိုး ထင်တော့ထင်သား နေနေ၀တ်နေကြ အရောင်မျိုးလည်းမဟုတ်ဘူးလို့။
ဟုတ်မဟုတ်တော့မသိဘူး မှတ်မိသလောက် နေနေအဲ့လိုဝတ်တာ မမြင်ဘူးလို့။

Anonymous said...

I guess you all might be wrong this time. "XL size" was run out this time and she only managed to get "Small Size".

Nay Nay Naing said...

မထက် >> ဟုတ်တယ် ဒီလို အင်္ကျီအရောင် ကိုယ့်ဟာကိုဆို ဘယ်ဝယ် ၀တ်ပါ့မလဲ.. အလုပ်သွားတုန်းက တခြား အင်္ကျီဝတ်သွားပြီး အဲဒီ အင်္ကျီကို အလုပ်ရောက်မှ လဲတာ။ အပြန်မှာ အလုပ်ရှုပ်သွားလို့  ပြန်လဲဖို့  မအားတာ နဲ့  ဒီအတိုင်း ထွက်လာလိုက်တာ :D

Anonymous >> XL size ကို မှ ၀တ်တဲ့သူကို Size မရှိလို့ ဆိုပြီး Small Size ၀တ်ခိုင်းလို့ ရသလား... Small Size သမားကို Size မရှိလို့ ဆိုပြီး XL ၀တ်ခိုင်းတယ် ဆို ဟုတ်သေးတယ်.. မှန်းတယ် ဆိုလဲ ဖြစ်နိုင်တာလေး မှန်းလေ...

MGLUAYE said...

နည်းနည်းလေ၀င်ရှည်မယ်နော် မနေနေ....

အနီရောင် ၂၀၀၈ အင်္ကျီက ဒီက

ဇယားနဲ့ယှဉ်ရင် တော့ Small Size ဆိုတာ သေချာတယ်ဗျ။ ဒါပေမဲ့ မခင်ဦးမေ အဖြေမှားတယ်ဆိုတော့ မဟုတ်မှ လွဲရော

(မဟုတ်မှတော့ လွဲတော့မပေါ့လေ.... ) ဒီက အညွှန်းနဲ့

ဆိုရင်တော့ Junior ထဲက Medium ပေါ့ဗျာ....

ဘာလို့ အဲလိုပြောသလဲ ဆိုတော့ ၂၀၀၈ အင်္ကျီရဲ့ လည်ပင်း (ကော်လဲ အောက်ခြေ)ကနေ အောက်ဆုံးထိက စုစုပေါင်း

အရှည်က more or less 22 လက်မပဲ ရှိတယ်ဗျ။

ငယ်ငယ်က ဥာဏ်စမ်းပဟေဠိ ဖြေတာ ၀ါသနာပါလို့ လေနည်းနည်း ၀င်ရှည်ကြည့်တာပါ....

မှားရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ... နော.....

ခင်မင်လျက်....

မောင်လူအေး

Soe Moe said...

၂၀၀၈ TShirt ၂၀၀၇ ထက်စာရင် ကပိုသေးတယ်နော်။ Looks like you are shrinking.

Nay Nay Naing said...

မောင်လူအေး >> ကျွန်မ လုပ်တာ နဲ့  အလုပ်ရှုပ်သွားတယ် ထင်တယ်.. အင်္ကျီဆိုဒ်တွေ ကြည့်လို့ရတဲ့ Website တွေအတွက် ကျေးဇူးပါပဲ။
အင်္ကျီဆိုဒ်တွေက ၂၀၀၈ က အသေးတကာ့ အသေးဆုံး နဲ့  ၂၀၀၇ က ဆိုဒ်အသေး ပါ။
ဒီနှစ်အတွက် Small ထက်သေးတဲ့ Size ပါ ရွေးချယ်ခွင့်ပေးခဲ့တယ်။ အလုပ်မှာ ပိန်တဲ့သူတွေ များတယ်ထင်ပါတယ်..

Soe Moe >> အေး.. ကျုံ့ သွားတာ နေမယ်.. ဟားဟား.. ပိန်သွားတယ်ဟ...