"မြန်မာလက်ရာ စစ်စစ် စားသုံးလိုသူများအတွက် မန္တလေးမြန်မာဆိုင်"...
Blk 328, #01-220,Clementi Ave 2, Singapore 120328
ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်
နိုဝင်ဘာလ ၂ရက်နေ့  နံနက် ၉:၀၀ နာရီမှ ၁၂း၀၀ နာရီ အထိ မုန့် ဟင်းခါးဖြင့် ဧည့်ခံမည်ဖြစ်ပြီး၊
၉ နာရီမှ စတသင်၍ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်ဖြင့်
အထူးဈေးနှုန်းဖြင့်လည်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။
မြေပုံမှ ပြထားတာတော့ အခုအသစ်ဖွင့်မယ့် မန္တလေးမြန်မာဆိုင် က "ကောင်းစုံ" ဆိုင်နဲ့  အတော်လေး နီးကြောင်း တွေ့ လိုက်ရပါတယ်။ ဟိုးအရင် Clementi မှာ နေစဉ်အခါတုန်းကတော့ ကောင်းစုံ ကို တစ်ခါတလေ ရောက်ဖြစ်တယ်။ အခုများတော့ အဲဒီဘက်ကို မရောက်တာ အတော်ကြာပါပြီ။Blk 328, #01-220,Clementi Ave 2, Singapore 120328
ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်
နိုဝင်ဘာလ ၂ရက်နေ့  နံနက် ၉:၀၀ နာရီမှ ၁၂း၀၀ နာရီ အထိ မုန့် ဟင်းခါးဖြင့် ဧည့်ခံမည်ဖြစ်ပြီး၊
၉ နာရီမှ စတသင်၍ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်ဖြင့်
အထူးဈေးနှုန်းဖြင့်လည်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။
မန္တလေးမြန်မာဆိုင် အကြောင်း ဒီနေရာမှာရေးတာ ဆိုင်ပိုင်ရှင်နဲ့ သိလို့ ကြော်ငြာပေးတာ မဟုတ်ပါဘူး။ သူငယ်ချင်း တစ်ယောက် အီးမေးက တစ်ဆင့် သတင်ပေးလာသည့် အတွက် Clementi Area မှာ နေထိုင်သူများ အခုလာမယ့် တနင်္ဂနွေနေ့  (နိုဝင်တာ ၂ ရက် ) နေ့  မနက် ၉ နာရီ-၁၂ နာရီအတွင်း မှာ ဆိုင်ဖွင့်ပွဲအနေနဲ့  အလကား ကျွေးမယ့် မုန့် ဟင်းခါးကို မနက်စာအဖြစ် သွားစားလိုပါက သွားရောက် စားသောက်နိုင်ရန် နှင့် နောက်ရက်ပိုင်းတွေမှာလဲ သွားရောက် အားပေးနိုင်ရန် အများအကျိုးဆောင်၍ သတင်းပေးခြင်းသာ ဖြစ်ပါကြောင် :-)
8 comments:
clementi မှာ မြန်မာဆိုင် ၂ဆိုင်တောင် ရှိပြီ။ ဟိုတလောလေးကမှ ကံကောင်းဆိုတာ ဖွင့်သွားသေးတယ်။ 325 မှာ
ဒီတပတ်တော့ breakfast တနပ်စာအိုကေသွားပြီ။
:)
ဆိုင်ဖွင့်ပွဲက ဘယ်သူလာစားစားရလား ငှင်....
ဟာ၊ ၂ ရက်နေ့ မနက် ၁၁ နာရီ ၄၄ မိနစ်တိတိမှာမှ ဖတ်မိတယ်လို့... သွားပြီကွာ..
မမေ >> ဟုတ်လားမမေ။Clementi မှာက မြန်မာတွေ နေတာများလို့  ဆိုင်တွေ အပြိုင်အဆိုင် ဖွင့်ကြတာ ထင်တယ်။
တက်တူ >> သွားစားဖြစ်လား။ မုန့် ဟင်းခါးက စားလို့ ကောင်းလား။
sin dan lar >> ဒီက မြန်မာ ဆိုင်တွေမှာ ဆိုင်ဖွင့်ပွဲတွေဆို ဘယ်သူလာစားစား ကျွေးကြတာများတယ်။ သူတို့  ချက်ထားတာတွေ မကုန်ခင်အထိပေါ့။
TZA>> အခွင့်အရေးကြီးတစ်ခု လက်လွတ်သွားရတာပေါ့..
ဒါနဲ့  ကို TZAက ..တနင်္ဂနွေနေ့ မှာ အစောကြီးနိုးနေတာပဲ။ ကျွန်မဆို တနင်္ဂနွေက နေ့ လယ် ၁ ချက် ထိုးခါနီးမှ နိုးတယ်။
မ Nay ရေ... ကျေးဇူးတင်ပါတယ်။
I will drop by for a try on မန္တလေး cuisine :)
ကို Alvin >> ဒီမှာရေးထားတာကို ဖတ်ပြီး အဲဒီမှာ သွားဝယ်ဖြစ်လို့  လိုချင်တာလေးတွေ အဆင်ပြေပြေ ၀ယ်လိုရခဲ့တယ်ဆို သတင်းပေးတဲ့ ပိုစ့်ရေးရတာ တန်သွားပါပြီ..
မ Nay ရေ... haha, that's too difficult for me to read... I'll probably take more than an hour searching the dictionary for each word.
I'm non-burmese... and my burmese language is still very much like baby-talk. I will copy-and-paste your message and then check my မြန်မာ-အင်္ဂလိပ် အဘိဓာန် (Myanmar-English Dictionary) when I'm free later.
Learning from all of you :) Thanks again!
Post a Comment