Pages

October 15, 2008

Apple New MacBook and MacBook Pro


Mac Notebook အသစ်ဒီနေ့  ထွက်မယ်ဆိုလို တရေးနိုးထကြည့်တာ။ Online ဖြစ်ဖြစ်သွားချင်း ကျွန်မစီကို ပထမဆုံး ၀င်လာတဲ့ Message က Apple ဆိုဒ်သွားကြည့်လိုက်တဲ့... အိပ်မပျော်လို့ လား.. ဘာလာညာလာ ရှည်ရှည်ဝေးဝေး မေးမနေတော့ဘူး... ကျွန်မ အိပ်ယာက ဒီအချိန်ကြီးထပြီး အွန်လိုင်းဝင်လာတာ ဘာအတွက် ကြောင့်လဲဆိုတာ သိနေတာပဲ..

ပြောတဲ့အတိုင့်း Apple Mac ကြည့်လိုက် တယ်။ ပြီးတော့ engadget.com မှာ သွားဖတ်ကြည့်တယ်။ တခြားပေးတဲ့လင့်တွေ ကြည့်တယ်။ Galleries ထဲသွားပြီ ဓာတ်ပုံတွေ အသေအချာကြည့်တယ်။ Notebook အသစ်တွေက အလူမီနီယံနဲ့ လုပ်ထားပြီး ပိုပါးသွားတယ်။ Multi-touch glass trackpad ပါတယ်။ Nvidia chipset ကိုသုံးထားလို့  Graphic အရင်ကထက် အများကြီး ပိုပြီး ကောင်းတယ်။

Apple's all-new MacBook Pro packs new NVIDIA GPUs, glass trackpad
Apple MacBook aluminum and glass super-shiny hands-on

ကြည့်ရင်း ကြည့်ရင်း Mac Notebook ၀ယ်ချင်တဲ့ ရောဂါ ပြန်တတ်လာတယ်။ သတင်းတွေထွက် နေတဲ့အတိုင်း အရင်မော်ဒယ်ဟောင်း 13-inch MacBook (2.1GHz) ဈေးက ၁၀၀၀ အောက် ၁ ဒေါ်လာလျှော့ပြီး ၉၉၉ ဖြစ်သွားတာပဲ။ အဟောင်းတော့ မလိုချင်ဘူး.. ၀ယ်မယ့်ဝယ် အသစ်ထွက်တာလေးပဲ လိုချင်တယ်..

ပထမ စဉ်းစားလိုက်တယ်။ new 13-inch MacBook (2.0GHz) က $1,299.00 ဆိုတော့ မဆိုးဘူး .. တန်တယ်။ ၀ယ်ရင်ကောင်း မလားပေါ့။ Specs တွေ လိုက်ဖတ်ကြည့်တော့ 13-inch (2.0GHz) မှာ illuminated keyboard မပါတာတွေ့ လိုက်ရတယ်။ 13-inch (2.4GHz) မှာ မှ illuminated keyboard ပါတယ်။ ၀ယ်မယ့်မယ် Features အစုံပါတာလေး ရချင်တာမို့  new 13-inch MacBook (2.4GHz) $1,599.00 ကို ပဲဝယ်ရင် ကောင်းမလား။ ၁၆၀၀ ကျော်သုံးပြီးမှ တော့ မထူးတော့ဘူး။ နောက်ထပ် ၄၀၀ လောက်ထပ်ထည့်လိုက် မယ်ဆိုရင် new 15-inch MacBook Pro (2.4GHz) ရနိုင်တယ်။ $1,999.00 တန် 15-inch MacBook Pro (2.4GHz) ကလေး ၀ယ်လိုက်ရင်ကောင်းမလား... ဘာဝယ်ရင်ကောင်းမလဲ... အကြိမ်ကြိမ် အခါခါ စဉ်းစားပြီးနောက် ခေါင်းရှုပ်သွားတာကြောင့် ပြန်အိပ်တာပဲ ကောင်းပါတယ် ဆုံးဖြတ်ပြီး ပြန်လည် အိပ်စက် အနားယူ ပါတော့မယ်...

3 comments:

Htoo Tay Zar said...

ကျွန်တော်လဲ project အတွက် presentation လေးတွေ ပြဖို့ လက်တော့ တစ်လုံးလိုနေတာကြာပြီ အခု Apple Mac ကို စိတ်ဝင်စားတယ် ခင်ဗျ သူ့နဲ့ဆိုရင် Mac, Linux, Windows (vista,xp) ရနိုင်တော့ အတော်ကြိုက်သွားတယ်.. ပိုက်ဆံတော့ မတတ်နိုင်ဘူး 1299 ဟာလေးကို အရမ်းလိုချင်နေတယ် အမ.. စင်ကာပူမှာ ရော အဲဒီဈေးနဲ့ ရနိုင်လား အမ လမ်းကြုံရင် စုံစမ်းပေးပါဦးလား အမ..

Nay Nay Naing said...

အရင် MacBook၊ MacBook Pro နဲ့  Mac Air တွေတုန်းက စလုံးက ဈေးနဲ့  အင်တာနက်ပေါ်က (US Website) ကဈေးတွေ နှိုင်းယှဉ်ကြည့်ဖူးတာ အရမ်း မကွာဘူး။

အခု Apple Singapore မှာ ဈေးတွေသွားကြည့်တာ US$ $1,299.00 တန် 13-inch MacBook(2.0GHz) ကို S$ 2,088.00 လို့ ရေးထားတယ်။ ဒီနေ့ ပေါက်ဈေးက 1 USD = 1.4823 SGD လောက်ရှိတယ်။ USD $ 1,299 = SGD $ 1,925 ။ စလုံး ၁၆၀ လောက် ပိုများတယ်။ US Websit မှာ ၀ယ်ပြီး စလုံးကို ကိုယ့်သာသာ စာတိုက်က ပို့ မယ်ဆို ပို့ ခက စလုံး ၁၀၀ လောက်ကျမယ် ထင်တယ်။ SG ဆိုဒ်က ၀ယ်ရင်တော့ SG က Address ကိုဆိုရင် Free Shipping ပေါ့။ တွက်ကြည့်တာ ဘယ်ဟာ ပိုတန်လဲဆိုတာ။ သိပ်မကွာဘူးလိုပဲ။

ဒီအားလပ်ရက်မှာ ဒီက ကွန်ပြူတာပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ New MacBook နဲ့  MacBook Pro ဈေးတွေကို သွားကြည့်အုံးမယ်။ ဈေးတွေ သိရင်ပြန်ပြောပေးမယ်လေ.. ဈေးတူတောင် ဆိုင်မှာဝယ်ရင် တောင်းတတ်မယ်ဆို အပိုပစ္စည်း လက်ဆောင်လေးတွေ ရနိုင် ထင်တယ်။

upawoo said...

သာသနာ့ ဒယကာမကြီး
(ဘာလူမျိုး ဘယ်ဘာသာဝင်လဲတော့ မသိ။ ခေါ်နေကြအတိုင်း ခေါ်မိသည်။)
ဒီ apple mac အကြောင်းတွေ၊ အသုံးပြုပုံတွေ သီးသန့်ရေးထားတဲ့ မြန်မာလို ဆိုက်တွေရှိရင် ဆိုက်လိပ်စာလေး အလှူခံပါသည်။ ချီးထုပ်ကြီး ခေါင်းပေါ်ရွက်ထားမိသည် ဘယ်နားချလို့ ချရမှန်းမသိ။ အချောင်ရလို့ ဒီ mac proကြီးဝယ်ထားလိုက်သည်။ ဘုရားစဉ်ပေါ် တင်ထားမိတော့ ညတိုင်း ၀ပ်ချဖြစ်တာပဲ အဖတ်တင်သည်။ တန်ရာတန်ဈေးဆိုရင် Dellနဲ့ လဲမည်။