Pages

October 29, 2008

လူဘ၀နဲ့  စာသင်ခန်း ခြားနားမှု့ 

ပင်ပန်းနေတယ်... အလုပ်က ပြန်ရောက်ကတည်းက ထမင်းစားပြီး သီချင်းတွေလိုက် နားထောင်ဖြစ်တယ်။ ဘာသီချင်းမှ စိတ်ထဲ မတွေ့ ၊ သီချင်းကို ပြီးအောင် နားမထောင်ဘဲ တစ်ပုဒ်ပြီး တစ်ပုဒ် ကျော်ချလာခဲ့တာ ဒီသီချင်းမှ တစ်ပုဒ်လုံး ပြီးအောင် နားထောင် ဖြစ်တော့တယ်။ ငယ်ငယ်က ဒီသီချင်းထဲက စာသားတွေမှာ "ပထမဆု ရယူဖို့ ဟေ့" ဆိုတဲ့ စာကြောင်းကလွဲရင် တခြားဘာ စာသားမှ အလွတ် မရခဲ့ဖူးဘုး။ အခု နားထောင်ရင်း ဒီသီချင်းနဲ့  ကိုယ့်စိတ်နဲ့  တွေ့ သွားတာ သီချင်းစာသားတွေက ခံစားချက်နဲ့  တိုက်ဆိုင်သွားတာကြောင့် မဟုတ်ပါဘူး။ ဒီသီချင်းကြောင့် ငယ်ငယ်က အကြောင်းအရာ အတော်များများကို သတိရသွားပြီး စိတ်ပေါ့ပါး ပင်ပန်းတာတွေ သက်သာသွားတယ်လို့  ခံစားလိုက်ရတာကြောင့်ပါ။ သီချင်းစာသားတွေကလည်း အမှန်တရားတွေပဲမို့  နှစ်သက်ဖို့ ကောင်းပါတယ်။

ဇော်ဝင်းထွဋ် - ပထမဆု
ကောင်းကင်မှာ ငါပျံသန်းရာလဲ
ငှက်တွေကြားမှာ သိမ်းငှက်လို့ နေချင်..
မြိုင်တောယံမှာ ငါကျက်စားရာလဲ
တောကောင်များအလယ် .. ခြင်္သေ့မင်းဖြစ်ချင်..

အိုး.. လောကက နိုင်ရာစား ..
အရှုံးများက သင်ပြသွား
အားကြီးမှ နေသာထိုင်သာ ရှိတာလက်တွေ့ 
ပထမဆု ရယူဖို့ ဟေ...

ကျောင်း.. နေအရွယ် .. အမေရဲ့ ကြိမ်လုံး
ဆုတွေရအောင် ကြိုးစားရန်တိုက်တွန်း
အချစ်ရေ ဒီအရွယ် ခံပြင်းမှု့အစု
ဆုတွေများစွာ ယူဖို့ တွန်းအား..

အစွမ်းကုန် ကြိုးစားတိုင်း အဆင်မပြေတဲ့
လူဘ၀နဲ့  စာသင်ခန်း...
ခြားနားသမျှ .. နာလည်မှု့ အပြည့်..

ပထမဆု ရယူဖို့ ဟေ... ပထမဆုရယူမယ်ဟေ့
ပထမဆု ရယူဖို့ ဟေ....

မိတ်ဆွေရေ.. လူတွေလူတိုင်းအကုန်လုံး
ပြိုင်ဘက်တွေ မှာ အားနည်းသူ အရှုံး
ချစ်သူရေ ဘယ်သူတွေ အပြိုင်လိုက်နေလဲ
တစ်ယောက်သာ ရွေးချယ် ပထမပေးရမှာ

ဟေ.. မင်းအချစ်လည်း ငါပိုင်ဖို့ 
ငါဘ၀ထဲ ငါနိုင်ဖို့ 
စိတ်ဓာတ်အပြည့် ရင်ဆိုင် ယှဉ်ပြိုင်အသက်ရှည်သေးသ၍

ပထမဆု ရယူဖို့ ဟေ.. လိုတာ ပထမဆုပဲဟေ..
ပထမဆု ရယူဖို့ ဟေ.... ပထမဆု ရယူမယ်ဟေ..

ဒီသီချင်းနားထောင်ပြီး ပထမဆုံး အဖေနဲ့ အမေကိုလည်း သတိရသွားတယ်။ အမေက ဆရာမဆိုတော့ ပထမဆုဆိုတာကို အမြဲ ယူစေချင်တယ်။ သီချင်းထဲကလိုတော့ ကြိမ်နဲ့ ရိုက် မခိုင်းပါဘူး။ ပထမ မရလည်း ဘာမှ သိပ်မပြောပါဘူး။ အဖေက ပထမဆု ယူတယ်ဆိုတာ ပင်ပန်းတယ်တဲ့၊ သမီးလုပ်နိုင်ကြောင်း တခါတလေ ပြရင်တော်ပြီ၊ အမြဲ ရအောင် ယူနေစရာမလိုဘူး၊ စာတွေကြီးပဲ အရမ်း မကြည့်နဲ့ လို့  တားတယ်။ အဖေ့သမီး ကျွန်မလည်း အဖေ့စကားအရမ်း နားထောင်ခဲ့ပါတယ်။ အဖေနဲ့  အမေက ကျွန်မကို ဘာဖြစ်အောင် လုပ်ရမယ် ဆိုတာမျိုး အတင်းအကြပ် တိုက်တွန်းလေ့ မရှိဘူး။ ဘယ်အရာမှ မရ မဖြစ်၊ ဒါဆို ဒါမှ ဆိုတဲ့ လိုချင်စိတ်မျိုး မပေါ်စေခဲ့ဘူး။ အခု အချိန်အထိပါပဲ။ ဒီအတွက် အထူး ကျေးဇူးတင်တယ်။

ကျောင်းနေတဲ့ အရွယ် မူလတန်းမှာ ဆုတွေယူအတူယူခဲ့တဲ့ သူငယ်ချင်း၊ အလယ်တန်းနဲ့ အထက်တန်းက သူငယ်ချင်း၊ ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်းနှစ်ယောက်ကို သတိရသွားတယ်။ ငယ်ငယ်တုန်းက၊ ကျောင်းနေစဉ်က အကြောင်းတွေ စဉ်းစားပြီး စိတ်ချမ်းသာသွားတယ်။ မူလတန်းက သူငယ်ချင်းနဲ့ တော့ အဆက်သွယ် ရှိတယ်၊ အလယ်တန်း၊ အထက်တန်းက သူငယ်ချင်းက အိမ်ပြောင်းသွားတာကြောင့် အဆက်အသွယ်ပြတ်နေတယ်။ အရင်လို ယုန်လေးနဲ့ တူတုန်း ပဲလား။ ဘာတွေများ ပြောင်းလဲသွား သလဲ။ ၁၀တန်းအောင်ပြီးကတည်းက အသေအချာ မတွေ့ ဖြစ်ကြတော့တာ။ အခွင့်ရရင်တော့ တစ်ခေါက်လောက်ပဲ ဖြစ်ဖြစ် ပြန်တွေ့ ချင်၊ စကားတွေပြောချင် ပါသေးတယ်။

ဒီသီချင်းကို စိုင်းစိုင်းခမ်းလှိုင် နဲ့  မိုးမိုး က နှစ်ပတ်လည်တို့၏ရင်ခုံသံ (CITYFM 6th Year Aniversity) မှာ ပြန်ဆိုထားတာ ရှိတယ်။ ဘယ်လိုနေလည်း သိချင်ရင် နားထောင်ကြည့်ပါ။

ဘာလုပ်မှာလဲ ပြော..... မင်းမကြိုက်ရင် လာမရှုပ်ပါနဲ့ တော့.. အားလုံးက ရှေ့ ဆက်လျှောက်ဖို့  ဇွဲနဲ့ ပေါ့ ... နောက်တစ်ခေါက်လောက် နည်းနည်းအော်.....

*** *** ***
အသက်ကြီးလာလို့ လား မသိဘူး၊ ဟိုး... ငယ်ငယ် ကျောင်းနေတုန်းက အကြောင်းအရာတွေ ပြန်တွေးမိတဲ့ အခါတွေတိုင်း အတော်လေး စိတ်ချမ်းသာတယ်...

7 comments:

Steve Evergreen said...

song a bit noisy. smell of black. someone else fancy. but not me sorry :)

:P said...

ပို့စ်အသစ်လေးဖတ်သွားတယ်..
စိုင်းစိုင်းနဲ့မိုးမိုး သီချင်းလေးအတွက်ကျေးဇူးပါ

MrDBA said...

ကျွန်တော်လဲ စိတ်ထဲလေးလံနေတဲ့ အခါမျိုးမှာ ဇော်ဝင်းထွဋ် သီချင်းတွေ နားထောင်ဖြစ်ပါတယ်။

ကိုပေါ said...

အသက်ကြီးလာလို့ လား မသိဘူး၊ ….တဲ့။

အံမယ်လေး….မမရယ်…..မမက ဒီလိုပြောတော့ အနော်တို့ အရွယ်တွေ နေစရာမရှိတော့ပါလားဗျာ…. အဟင့်ဟင့်….

ကလေးကို ဖိအားမပေးတဲ့ မနေနေနိုင်ရဲ့ အဖေနဲ့ အမေကို သဘောကျမိပါတယ်။ ကျနော်တို့လည်း သမီးကို ဖိအားမပေးမိအောင် အမြဲသတိထားရတယ်။

အမှန်တော့ ပထမ မရတာကို ပူဆွေးနေမယ့်အစား နှစ်သိမ့်ဆုလောက်နဲ့ ပျော်ပိုက်တတ်ရင် ဘ၀က တော်တော်ပျော်ဘို့ ကောင်းမယ်လို့ သဘောရတယ်။

အခုတော့….ကျနော်တို့အားလုံးက ပထမဆုနောက်ကို ပြုံလိုက်နေကြတာလေ။ လက်တွေ့မှာ ပထမက တယောက်ဘဲရမှာ ဆိုတော့ ကျန်တဲ့လူအားလုံး အသီးသီး အသက အသက ဘူပိတ်ကုန်ကြတာပေါ့။

ThuHninSee said...

ပထမ ရဖို့သေချာအောင် တစ်ယောက်ထဲပြိုင်မယ်လေ။
:P

Anonymous said...

ဟိုး... ငယ်ငယ် ကျောင်းနေတုန်းက အကြောင်းအရာတွေ ပြန်တွေးမိတဲ့ အခါတွေတိုင်း အတော်လေး စိတ်ချမ်းသာတယ်...

Same same

Nay Nay Naing said...

Steve Evergreen >> ဘာအဓိပ္ပါယ်နဲ့ ရေးသွားတာလဲဆိုတာ သိပ်ပြီး နားမလည်ဘူး...

Sin Dan Lar >> ရေးထားတာတွေ ဖတ်သွားကြောင်း သိရတဲ့အတွက် ကျေးဇူး :-)

MrDBA >> တူတာပေါ့။ ကျွန်မ စိတ်ရှုပ်နေတဲ့အချိန်တွေဆို တခြား သီချင်း ခပ်အေးအေးတွေ နားထောင်မရဘူး။ ခေါင်းပိုရှုပ်သွား သလိုပဲ။

Ko Paw >> ကိုယ့်အသက်အရွယ်ကိုယ် မေ့သွားမှာစိုးလို့  ကိုယ့်ဘာသာကိုယ် ပြန်ပြီး သတိပေးနေတာပါ။ :D

ကိုပေါရဲ့ သမီးလေးကို အတင်းဖိအားပေး မခိုင်းတာ ကောင်းတယ်။ ကျွန်မ အမေနဲ့  အဖေက ကျွန်မတို့ ကို တစ်ခုခု လုပ်စေချင်၊ ဖြစ်စေချင်တယ်ဆို အေးအေးဆေးဆေး ရှင်းပြတယ်။ နားဝင်အောင်ပြောတယ်၊ ဘယ်တော့မှ အတင်း မတိုက်တွန်းဘူး။ ကျွန်မတို့  လုပ်ကိုင်တာတွေ ဖြစ်မလာရင်လည်း ဘယ်တော့မှ မဆူဘူး။ ကိုယ့်ကြိုးစားမှု့ လို သွားတာကြောင့်ဆို ဘာကြောင့်၊ ဘာတွေလိုတယ်ဆိုတာ ပြောပြတယ်။ ငယ်ငယ်ကဆို ဟိုဟာလိုချင် ဒီဟာလိုချင်တွေ ရှိတာပေါ့။ ကျွန်မတို့  မရနိုင်တဲ့ အရာတွေဆို ဘာကြောင့် မရနိုင်တာလဲဆိုတာ ပြောတယ်၊ လိုချင်တယ်ဆို ကိုယ်ရနိုင်တာထဲက အကောင်းဆုံးအရာကို ရအောင်ယူပြီး ကျေနပ်နေတတ်အောင်ပဲ လမ်းညွန်ပေးတယ်။ ကျွန်မ မိဘတွေက ဆူဆူပူပူ မလုပ်တော့ တစ်ခုခုဆို အိမ်ကိုပြန်ပြောပြဖို့  မကြောက်တော့ဘူး။ လိုချင်တာရှိရင် တကယ် ကြိုးစားလုပ်မှ ဖြစ်မယ်ဆိုတာ သိနေတယ်။ မအောင်မြင်ခဲ့ရင်လည်း အရှုံးကို ရင်ဆိုင်ဖို့  သိပ်မကြောက်လန့် တော့ အရမ်းကြီး ၀မ်းနည်း မနေတတ်တော့ဘူး။ အောင်မြင်မှု့ မရတာ ဘာကြောင့်လဲ၊ ကိုယ်ဘက်က လိုသွားရှိရင် ဘာတွေလိုသွားလဲ၊ နောက် ဒါမျိုး အဖြစ်မခံချင်ရင် ကိုယ်ဘာတွေ လုပ်ရမလဲ၊ ဘာတွေလုပ်နိုင်လဲ ဒီလောက်ပဲ တွေးမိတော့တယ်။ ပြောရမယ်ဆို အများကြီးပါပဲ.. ..
အမေနဲ့  အဖေ ကို ဒါတွေတွေးမိတိုင်း၊ ကြုံရတိုင်း အမြဲ ကျေးဇူးတင်နေမိတယ်..

မမွန် >> တစ်ယောက်တည်း ပြိုင်ပြီး ဆုတစ်ခုမှ မချိတ်တာတွေလည်း ရှိနိုင်တယ်လေ. :P

မျိုးကျော်ထွန်း. >> ဒါအသက်ကြီးလာတဲ့ သဘောပဲ..