Pages

October 23, 2008

တံခါးပိတ်အလွမ်း

တံခါးပိတ်အလွမ်း

ဒီလိုပါပဲ
ဖြတ်ကျော်ရင်း
မသိမှု အမိုက်မှောင်ထဲ
တိုးဝင်နစ်မြုပ်ခဲ့...

မနက်ဖြန်တိုင်းဟာ မသေချာပေမယ့်
လန့် နိုးမသွားခင် အချိန်ထိတော့
ဒီအိပ်မက်လေးကို ဆက်မက်ခွင့်ပြုပါ..

ကိုယ်တိုင် ရွေးချယ်ခဲ့တာလား
ရွေးချယ်ခံခဲ့ရတာလား
ဘ၀ဆိုတဲ့ ဥခွံထဲ
ဖြစ်တည်နေရမှုအပေါ်
တောင်းဆိုပိုင်ခွင့်မရှိခဲ့သူပါလေ...
ဒီထက်ပိုပြီး ပိုင်ဆိုင်ချင်ခဲ့သော်လည်း
ဒီထက်ပိုပြီး ဆုံးရှုံးသွားမှာစိုးလို့ 
ဒီအတိုင်းပဲ သိမ်းထားလိုက်တော့မယ်..

မိုးဟန်
ကလျာမဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၀၈

6 comments:

Unknown said...

woow..touched me..^__^

Anonymous said...

ဒီပို့ စ်နဲ့ တော့ ဘာမှမဆိုင်ဘူး...ဒါပေမယ့် ...ဒီနေ့ မှ forum တခုမှာ စာဝင်ဖတ်ရင်းနဲ့  လင့် တခု တွေ့ လို့ ဝင်ကြည့် လိုက်တာ သူကလည်း my little world ပဲ..:D ပထမ တော့ မနေနေ နိုင် များ တခြား နံမည်တခုနဲ့  ဘလော့ ရေးနေသလားလို့ .သူကတော့ ကွန်ပြူတာ အကြောင်း အဓိ ကထားရေးထားတာ..favorite ထဲမှာ my little world နှစ်ခုဖြစ်နေပြီ...ဘယ်လိုလုပ်ရမလဲမသိဘူး :P

ThuHninSee said...

jurassicရေ..
နေနေရဲ့ little worldလို့ပေးလိုက်ပါလား။

khin oo may said...

ထူးဆန်းစွာ ငြီမ်နေပါလား။ ရန်အောင့်တရုတ် မလေး ပြော သလို (ဆမ်းသင်းလောင်း ) ဖြစ်နေပြီထင်တယ်။ ဆောရီး။ အိပ်ကျူမီ.

khin oo may said...

ရှိရဲ့ သားနဲ့ ။

Nay Nay Naing said...

tsk >> Thanks for your comment :)

jurassic >> ကျွန်မ နာမည် ၀ှက်၊ တခြားနာမည်နဲ့  တခြားဘလော့မှာ ၀င်ရေးတာ မရှိသေးပါဘူး.. ခုချိန်အထိ ကျွန်မ ရဲ့ နာမည်အရင်းကို ပဲ တန်ဖိုးထား သုံးနေပါတယ်.. ကိုယ်လုပ်သမျှ ကိုယ်တာဝန်ယူချင်တယ်လေ.. နာမည် အရင်းနဲ့ ဆိုတော့ ဘာမှ မဟုတ်တာလဲ မလုပ်မိတော့ဘူးပေါ့ :D..
ဒါပေမယ့် ဖတ်ရုံပဲ ဖတ်လေ့ရှိတဲ့ ဖိုရမ် တချို့ ကိုတော့ တခြားနာမည် တစ်ခုနဲ့  ၀င်လေ့ရှိတယ်.. စာရေးလေ့ မရှိပါဘူး..
ဒီကွန်မန့် ဖတ်ပြီးမှ သတိထားမိတယ်.. ကျွန်မ ကွန်ပြူတာ အကြောင်းမရေးတာအတော်ကြာပြီ.. အခုတလော အတော်လေး ပျင်းနေတယ်.. :">
ဘလော့လင့်ကို မမွန်ပြောသလို မှတ်ထားလိုက်လို့  ရပါတယ်. ဒါမှ မဟုတ် နေနေနိုင်ပေါ့..
Favorite မှာ ထည့်ထားတယ် သိရလို့  ၀မ်းသာပါတယ်... အမြဲလာဖတ် ကွန်မန့် တွေ ချန်ထားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်.. :)

မမွန် >> ခုလို ၀င်ရောက် အကြံပေးတာ ကျေးဇူးတင်ပါတယ်..နေနေခုတလော အတော်ပျင်းနေတယ်.. :D

မခင်ဦးမေ>>ကွန်ပြူတာ ရှေ့ မှာတော့ အချိန်အတော်များများရှိနေပါတယ်.. ဒါပေမယ့် အလုပ်ကလေးတွေရှုပ်နေလို့  ပါ အစ်မ..