Pages

October 27, 2008

Trick-or-Treating

အခုရက်ပိုင်းလုံးဝ မအားဘူး။ အရမ်း အရမ်းကို အလုပ်ရှုပ်နေတယ်။ Halloween က နီးလာပြီ။ ညတိုင်း ညတိုင်း အ၀တ်အစား ထူးထူးဆန်းဆန်းတွေ ၀တ်၊ အိမ်တွေရှေ့ သွား တံခါးခေါက်ပြီး Trick-or-treating လုပ်နေတယ်။ တချို့  ညတွေများဆို ၃-၄ နာရီ လောက်မှ အိပ်ဖြစ်တယ်။
Trick-or-treating ဆိုတာ ဒီအချိန် Halloween ရာသီမှာပဲ လုပ်လို့ ရတာမဟုတ်လား။ ဒီတော့ တခြားဟာတွေထက်စာရင် Trick-or-treating သွားခြင်းကို ပထမ ဦးစားပေး အနေနဲ့  လုပ်နေပါတယ်။ ညည အိမ်ရှေ့ တွေသွား တံခါးခေါက်လိုက်ရင် တချို့ အိမ်တွေကတော့ သဘော အရမ်း ကောင်းတယ်။ တံခါးသွားခေါက် လိုက်ရုံနဲ့  သကြားလုံးတွေ၊ တခြား လက်ဆောင်တွေ တစ်ခု မဟုတ်တစ်ခု ပေးတယ်။ တချို့  အိမ်တွေကြတော့ သူတို့ ကို လက်ဆောင် ပေးမှ ကိုယ့်ကို လက်ဆောင်ပြန်ပေးတယ်။ တချို့ အိမ်ရှင်မှာတော့ အိမ်ရှင်တွေ ဗိုက်ဆာနေလို့  သူတို့ ကို အစာအရင်ကျွေးပြီးမှ ကိုယ့်ရမယ့် လက်ဆောင်လေးကို ယူလို့ ရတယ်။ သူ့ စီက တစ်ခုလိုချင်ရင် ကိုယ့်စီက တစ်ခု အရင်ပေးရတဲ့ သဘောပေါ့။ တချို့ အိမ်တွေက ဘာဆို ဘာမှ မပေးဘူး။ စိတ်ပုတ်တယ်။ ကိုယ့်အိမ်ကို လာလည်တာပဲ တစ်ခုမဟုတ် တစ်ခုတော့ ပေးသင့်တာပေါ့။ ဒီလို ဘာမှ မပေးတဲ့ အိမ်က များတယ်။ လက်ဆောင်တစ်ခုခု ပေးတဲ့ အိမ်ကို တွေ့ အောင် အတော်လေး ကြိုးစားပန်းစား အချိန်ပေးသွား အိမ်တံခါးတွေ လိုက်လိုက် ခေါက်နေရတယ်။
ပထမတော့ အပျော်ပေါ့။ Trick-or-treating သွားရင်း သကြားလုံးလေးတွေ၊ စားစရာလေးတွေ၊ လက်ဆောင်လေး တွေရရင် ပျော်တယ်၊ စိတ်ချမ်းသာတယ်။ နောက်ပိုင်းတော့ လောဘက တတ်လာတယ်။ ဒီလို လက်ဆောင်ကလေးတွေ တင်မကဘူး တခြား အရာလေးတွေကိုပါ လိုချင်လာတယ်။ အိမ်တွေ လျှာက်သွားရင်း လက်ဆောင် အခု ၁၀၀ ရခဲ့မယ်ဆို.. အလကား ပေးမယ့် အရာလေး လိုချင်လာတယ်။ ပထမ လက်ဆောင်အရ နည်းနေတုန်းသာ ၃-၄ အိမ်လည်ရင် တစ်အိမ်လောက်က လက်ဆောင်ပေးတယ်။ တစ်ညအတွက် လက်ဆောင်ရတဲ့ ပမာဏက များနေပြီဆို သူတို့ က မပေးချင်တော့ဘူး။ အိမ် ၂၀ လောက် တံခါးခေါက်တောင် လက်ဆောင်တစ်ခု မရတော့ဘူး။ ဒါပေမယ့် ဘယ်ရမလဲ။ မလျှော့သောဇွဲနဲ့  ကြိုးစားပြီး အိမ်တွေတံခါးလိုက် ခေါက်တာ ၂ ည အတွင်း ၁၀၀ ပြည့်လို့  အလကားပေးတဲ့ဟာလေး ရသွားတယ်။ ဒီနေရာမျိုးဆို ဇွဲကတော့ ကြီးသလားမမေးနဲ့ ။

ဒီအလကား ရတဲ့ လက်ဆောင်လေးရသွားပြီး တော်ပြီလားဆိုတော့ မဟုတ်ဘူး။ ၂၀၀ နဲ့ လဲလို့ ရမယ့် ဟာလေး လိုချင်ပြန်ရော။ ငွေပေး ရွှေပေး ၀ယ်လို့ မရ၊ အကောင်လေးကလည်း ချစ်စရာလေးမို့  လိုချင်မိတာပါ။ ဒါနဲ့  ဆက်ကြိုးစားလိုက်တာ ၄ ရက်မြောက်နေ့ မှ ၂၀၀ ပြည့်လို့  လဲလို့ ရသွားတယ်။ တစ်ခု ရတော့ မကျေနပ်ပြန်ဘူး၊ နှစ်ခု လိုချင် ပြန်ရော။ ကိုယ့်အတွက် တစ်ခု၊ တစ်ခြားတစ်ယောက်အတွက် တစ်ခု။ ခွဲခြား ခွဲခြား မလုပ်ချင်ဘူးလေ။ ဒါနဲ့  ၂ ခု ရအောင် ကြိုးစားလိုက်တယ်။

အင်း အခုတော့ လိုချင်တာ နှစ်ခုလုံး ရသွားပြီ။ တခြား လောဘတွေ တက်မလာခင် Trick-or-Treating သွားခြင်းကို ခေတ္တခန ရပ်ပြီး ဒီဘက်ကို တစ်ချက်လှည့်ကြည့်လိုက်မိလိုက်လို့  ဒီဟာလေးကို ရေးဖြစ်ခဲ့ပါတယ်။ နောက်ရက်တွေ ကျွန်မ ပျောက်နေရင် … တခြား ကိစ္စကြောင့်မဟုတ်ပဲ… အိမ်လည် ထွက်နေခြင်း၊ Halloween အတွင်း Trick-or-Treating သွားနေခြင်းကြောင့်သာ ဖြစ်ကြောင်း သူငယ်ချင်းအပေါင်းကို သိစေအပ်ပါတယ်…
၁၀၀ ပြည့်တုန်းက ရတဲ့ လက်ဆောင်


၂၀၀ နဲ့ လဲလို့ ရတဲ့ အကောင်လေး

ညတိုင်း ညတိုင်း ဒီလို ပိတ်ထားတဲ့ အိမ်တံခါးတွေကို သွားသွား ခေါက်ရတယ်..

ဘာမှ လက်ဆောင်မပေးတဲ့ အိမ်

On noes! It's a trick! :(
လက်ဆောင်ပေးတဲ့ အိမ်ရှင်က ဒီလိုမျိုးလေး ထွက်ပေးတယ်..

A treat for you! ^___^
Trick-or-treatingက 1st November အထိ လုပ်လို့ ရတယ်။ Halloween ပြီးရင် Thanksgiving လာပါတယ်။ Thanksgiving ပြီးရင် New Year လာမယ်။ New Year ပြီးရင်.. တခြားတစ်ခု ဆက်လာ အုံးမယ် ထင်ပါတယ်.. လိုချင်တာတွေ ၀ယ်ဖို့ ကလည်း ငွေတွေ ရွှေတွေ ရှာရအုံးမယ်.. တကယ်ပါ.. ကျွန်မ နောက်ရက်ပိုင်းတွေမှာပါ ဆက်ပြီး ပျောက်နေနိုင်ပါသေးတယ်.. အခြေအနေအရပေါ့..

8 comments:

ရွှန်းမီ said...

ချစ်စရာလေးတွေ.. လက်စသတ်တော့ Face book ကို ပြောနေတာ ထင်ပါ့ =)

Ko Boyz said...

ကျုပ်ဆီတော့ မလာခဲ့နဲ့.. အိမ်ကို အမှိုက်လှဲ သန့ရှင်းရေးတွေ လုပ်ခိုင်းမှာ...။ ဟွန်း...။

khin oo may said...

ဒါကြောင့်မအားတာကိုး။ ကြိုးစားပမ်းစား။

မေ said...

အစက မမေ ထိပ်ဆုံးက ဗိုလ်ဆွဲနေတာ။ နေနေ ကျော်တက်သွားတာ မြန်လိုက်တာ။ ကြိုးစားနော်။ အသစ်အသစ်လေးတွေ လှမှလှ၊ :P

ThuHninSee said...

ဟယ်..ဟိုနှစ်ယောက်..ကျုပ်လဲမသိရပါလား။ ဘာတွေတုန်း

Nay Nay Naing said...

ရွှန်းမီ>> ဟုတ်ပါတယ်....

Ko Boyz >> ကိုဘွိုင်ဇ်တို့ အိမ် ညစ်ပတ်၊ အမှိုက်တွေနဲ့  ပြည့်နေမှန်း လူသိအောင် လာကြော်ငြာနေတာလား.....

မခင်ဦးမေ >> ဟုတ်တယ် အစ်မ.. တကယ့်ကို ကြိုးစားပန်းစား လုပ်နေတာပါ :">

မမေ >> ဒါမျိုးဆို ဇွဲကြီးတယ်.. ဒါနဲ့  မမေကို ကျော်တတ်သွားတာ နေနေ တစ်ယောက်တည်းမဟုတ်ဘူးနော်.. :D

မမွန်>> အခု ဘာတွေလဲဆိုတာ သိသွားပြီ ထင်တယ်.. Pauky Mon လေး Trick-or-treating ထွက်နေတာ တွေ့ လိုက်တယ်.. လက်ဆောင်တာ ၁၀ ခုကျော်ကျော်ရနေပြီပဲ.:P

Anonymous said...

အဲဒီ face book နာမည် ကြီးတာ ကြားဖူးတာကြာပြီ..တခါမှ မလုပ်ဖူးသေးဘူး.ဘယ်လိုလုပ်ရမှန်းလဲမသိဘူး
မနေနေနိုင် အချိန်ရရင် အဲဒီအကြောင်းလေး ရေးပြပါလား..ခေတ်မှီအောင် လုပ်ကြည့်ချင်လို့ 
:)

Nay Nay Naing said...

Facebook အကြောင်းကို သိပ်မသိဘူး။ ဟိုးအရင်ကတည်းက သူငယ်ချင်းတွေ ဖိတ်ပေမယ့် ဒီရက်ပိုင်းမှ အကောင့်ဖွင့်ဖြစ်သွားတာပါ။ ဒီ Game က ပထမဆုံး ကစားတဲ့ Game။