Pages

October 15, 2008

ဝတ္ထုလိုလို ကဗျာ


ရေနွေးကြမ်း
ကမ်းခဲ့တယ်။
ဆေးလိပ်မီး တောင်းတုန်းကလည်း
ဆေးလိပ်မီး ပေးခဲ့တယ်။
ဗိုက်ဆာတယ်။
လုပ်ရဦးမှာ ရှိသေးတယ်။
စိတ်မပါပဲ စကား ဆုံနေရတယ်။
ပြီးနေပြီလေ။
မပြီးသေးဘူးလား။


အောင်ချိမ့်
သရဖူမဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၈

6 comments:

Anonymous said...

ကဗျာလေးအတွက်ကျေးဇူးမနေ၊ အရမ်းထိတယ်။

Nay Nay Naing said...

ရှင်းမင်း..
မနေ့ မနက်က ကဗျာလေး ဖတ်ဖြစ်ပြီး ကြိုက်တာ နဲ့  မှတ်ထားလိုက်တာ...
ဒီကဗျာကြိုက်တဲ့ အဖော်ရှိတာ သိရလို့  ၀မ်းသာတယ်.. :-)

Anonymous said...

ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုအိမ်ပြန်ပို့ ပါတော့ ...ဆိုတဲ့ကဗျာ ဦးတင်မိုး ရေးတာလားမသိဘူး..အဲဒါကိုပိုကြိုက်တယ်.:)

Anonymous said...

is it poem?
i like his writing but i don't wanna accept it is neither poem nor novel.
let me know it is real title or not.

Nay Nay Naing said...

jurassic >> ဦးတင်မိုးရေးတဲ့ ဧည့်သည်ကြီး ဆိုတဲ့ ကဗျာကို သိလည်းသိ၊ ကြိုက်လည်းကြိုက်ပါတယ်။
ခေတ်ပြိုင်မှာပါတဲ့ ဦးတင်မိုး က ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁) မှာ ဒီကဗျာလေး ဘယ်လို ပေါ်ပေါက်လာသလဲဆိုတာ ရေးထားတာ ဖတ်ဖူးတယ်။ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်...
http://www.scribd.com/doc/6955567/-

Anonymous >> ဒါ စက်တင်ဘာလထုတ် သရဖူမဂ္ဂဇင်း " သရဖူ ကဗျာ" မှာ ပါတာလေးကို ကူးပြီး ဖော်ပြထားတာပါ။ "၀တ္ထုလိုလို ကဗျာ" ဆိုတာလည်း အဲဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့  ခေါင်းစဉ်ပါပဲ။

Anonymous said...

ကျေးဇူးတင်ပါတယ်ဗျာ.အခုမှပဲ အဲဒီကဗျာ အကြောင်းကို သေချာသိရတော့ တယ်..