Pages

October 08, 2008

Tai Dong Teochew Braised Duck Rice

မနေ့ က နေ့ လယ်စာကို Tai Dong Teochew Braised Duck Rice သွားစားဖြစ်တယ်။ အရင်နေ့ တွေကလောက် စားလို့  မကောင်းဘူး။ အဖျားပျောက်ခါစ အစားအသောက် ပျက်နေတုန်းမို့ လား.. ကျွန်မပြောသမျှ နားထောင်ပေးသူလေး အလုပ်ရှုပ်နေတော့ ပြောချင်တာတွေ မပြောရလို့  စိတ်မကြည်တာကြောင့်လား မသိဘူး.. ထမင်းစားလို့  မကောင်းဘူး။ ဒါတောင် ဘဲသားတွေကုန်ပြီး ထမင်းနည်းနည်း နဲ့  အရွက်နည်းနည်းပဲ ကျန်တယ်။ တခြားမှာ သွားစားရင် အဲဒီလောက်ကုန်မှာ မဟုတ်ဘူး၊ ဒီအချိန် ဒီဆိုင်မှာသွားစားလို့ သာ ဒီလောက်စားဝင်တာလို့ ပြောရမယ်။ :-)

အလုပ်က အစားအသောက်ကောင်းကြိုက်တဲ့ Business Analyst တစ်ယောက် ဒီနားလေးမှာ နာမည်ကြီး Duck Rice ဆိုင်ရှိတယ်၊ စားကောင်းတယ်ဆိုပြီး ညွန်းရာကနေ ဆိုင်ကိုသိပြီး စားဖြစ်သွားတာ။ ကျွန်မ အစားအသောက် ရွေးတာကို အလုပ်က ရင်းနှီးတဲ့သူ အတော်များများက သိကြတော့ စားနိုင်မယ် ထင်တဲ့ ဆိုင်တွေကိုဆို ညွန်းပေး၊ ခေါ်သွား ကျွေးလေ့ရှိတယ်။ ဒီဆိုင်မှာ ပထမတစ်ခါ သွားစားပြီး အားလုံး ကြိုက်ကြတာ နဲ့  နေ့ လယ်စာ စောစော ထွက်စားဖြစ်တဲ့ ရက်တွေမှာ သွားစားလေ့ရှိတယ်။ ပုံမှန်ဆို သွားစားရင် အနည်းဆုံး ၅-၆ ယောက် အတူသွားစားဖြစ်တာ များတယ်။ ထုံးစံအတိုင်း ပွဲကြီးမှာ share လုပ်ပြီး စားလေ့ရှိတယ်။ တစ်ယောက်ကို S$6-7 လောက်ကျတယ်။ ဒီနေ့ ကတော့ တခြားသူတွေ အလုပ်များနေတာနဲ့ ကိုယ်ဘာသာကိုယ်ပဲ သွားစားဖြစ်လိုက်တယ်။ ဒီတော့ ပုံတွေက သိပ်မလှဘူး ဖြစ်သွားတယ်။ မတတ်နိုင်ဘူး မစောင့်နိုင်လို့ ရှိတာလေး တင်လိုက်တယ်။

အဲဒီမှာ စားမယ်ဆိုရင် နည်းနည်းစောစောသွားဖို့ လိုတယ်။ ဆိုင်နေရာအကျယ်အ၀န်းနဲ့  လာစားတဲ့သူနဲ့  မမျှဘူး။ ၁၂ နာရီ ၁၅ မိနစ် ထက်နောက်မကျအောင် ဆိုင်အရောက်သွားမှ သိပ်မစောင့်ပဲနေရ ရနိုင်တယ်။ ဒီထက် နောက်ကျသွားရင် ထိုင်ခုံနေရရဖို့  အတော်အချိန်ကြာကြာကြီးကို စောင့်ရမယ်။ ဒါကြောင့် ကြိုက်ပေမယ့် Chicken Rice လို အမြဲသွားမစားဖြစ်ဘူး။



Teochew Braised Duck

Stewed Cabbage with Tau Kee (Beancurd Skin)

Steamed rice with dollop of sauce


Tai Dong Teochew Braised Duck Rice
No. 9 Lorong Telok, Singapore 049022
City Front Kopitiam (Near Boat Quay),
Tel: 6532 3226
Cuisine: Duck Rice
Operating Hours: Mon-Sat, 10:30 Am to 2:30 Pm
Price Range: Expect to pay around $4 to $6 for an individual portion

SPECIALITY: The braised duck is succulent and glisteningly moist. An order of duck, innards and rice, with a veggie side dish, is a hearty meal. Go early or late to avoid the hungry lunch hordes. Not too late though, their ducks will sell out by 2:30 PM.

စိတ်ဝင်စားတယ်.. သွားစားကြည့်ချင်တယ်.. အသေးစိတ်သိချင်တယ်ဆို အင်တာနက်ပေါ်မှာတွေ့ နဲ့  ဒီနေ ရာလေးမှာ သွားကြည့်ဖို့  ညွန်းချင်တယ်။ အဲဒီကပုံတွေက ပိုလှတယ်။ အစားအသောက်တွေ အကြောင် အသေးစိတ်လည်း ရေးထားတယ်။

4 comments:

Life is for Success said...

n^3

yes i also like that shop, but i hate on lunch time so crowded....
take care ur health also these days rain everyday...

khin oo may said...

ဟတ်ချိုး တို.လဲ ချီနေတယ်။ ပင်ပန်းလို..

Anonymous said...

Left your blog with drooling mouth. :(
Sar chin tel.

Nay Nay Naing said...

PhyoPhyo လည်း ဒီနားတ၀ိုက်မှာ အလုပ်လုပ်တယ် ထင်တယ်..

အစ်မခင်ဦးမေ.. >> ကျန်းမာရေးဂရုစိုက်ပါ.. တော်ကြာ ဘလော့မရေးနိုင်ဖြစ်နေအုံးမယ်

Everest >> နောက်ထပ် အစားအသောက်တွေ အကြောင်း ရေးဖို့ တောင် တွန့် သွားတယ်.. :D အားနာလိုက်တာ..