Pages

October 19, 2008

သရက်သီးစားမလား

အသီးမှာ သရက်၊ အသားမှာ ၀က်
သရက်သီးစိမ်း

သရက်သီးမှည့်


သရက်သီးစိမ်း ၊ နွယ်ချို၊ ငရုတ်သီးမှုန့် ၊ သကြား၊ ဆား

သရက်သီးစားချင်စိတ်ပေါ်တာ နဲ့  ဆိုင်မှာ သွားဝယ်ဖြစ်တယ်။ သရက်သီး အမှည့်၊ သရက်သီး အစိမ်း၊ သရက်သီး အကင်း ကြိုက်တာဝယ်လို့ ရတယ်။ အစိမ်းပဲ စားချင်တာ နဲ့  သရက်သီး အစိမ်း ၂ လုံး ၀ယ်လာခဲ့တယ်။ ပထမ သရက်သီးကို အစိတ်လေးတွေ စိတ်ပြီး စပ်ထားတဲ့ အမှုန့် နဲ့  တို့ စားတယ်။

အမှုန့် ကို ရသာချို လို အဆင်သင့် စပ်ထားပြီးသား အမှုန့် တွေ မကြိုက်ဘူး။ ကိုယ်ဘာသာ လုပ်ပြီး စားတယ်။ နွယ်ချိုမှု့န် နဲ့  ငရုတ်သီးအကျက် လှော်ထားတာကို ရန်ကုန်က အမြဲ ပို့ ပေးထားပါတယ်။ နွယ်ချို့ မှုန့် က ပရဆေးဆိုင်က ၀ယ်လေ့ရှိပြီ၊ ငရုတ်သီးမှုန့် ကိုတော့ အပြင်က ၀ယ်လေ့မရှိတဲ့ အိမ်မှာ လုပ်တာလို့  သိရတယ်။ ကျွန်မတို့ အိမ်မှာ လုပ်တာတော့ မဟုတ်လောက်ဘူး။ ကြီးတော်ကြီးတွေ အိမ်မှာ ဖြစ်မယ်။ အဲဒီအမှုန့် တွေကို ဆားနဲ့  သကြား ရောပြီး ကျွန်မ ကြိုက်တဲ့ အရသာ ရအောင် စပ်ပြီး စားလေ့ရှိတယ်။ ရန်ကုန် အိမ်တုန်းကဆို အဲဒီလို အမှုန့် တွေကို စပ်ပြီး ပုလင်းနဲ့  ထည့်သိမ်းထားတယ်။ အချဉ်စားချင်တဲ့ အခါ ရှိတဲ့ အသီး (ရာသီကို လိုက်ပြီး သရက်၊ မရမ်း၊ ရှောက်သီး) စတာတွေနဲ့  စားလေ့ရှိတယ်။ ကျွန်မ က အချဉ်ကြိုက်ပေမယ့် အပြင်မှာ ရောင်းတဲ့ အချဉ်ထုတ်တွေ သိပ်မစားတတ်ဘူး။ မကြိုက်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်စားတယ်။ မရမ်းသီး ပေါ်တဲ့ ရာသီဆို မရမ်းသီးစိမ်းကို သကြား၊ ဆားရည်၊ တခါတလေ အမေခွင့်ပြုရင် ဆေးသကြား တစ်ခဲလောက် ထည့်ပြီး ပုလင်းနဲ့  တည်၊ ကိုယ်ကြိုက်လောက်တဲ့ အနေရမှ စပ်ထားတဲ့ အမှုန့် တွေနဲ့ စားတယ်။ တခါတလေ လည်း ငံပြာရည်၊ ငရုတ်သီး စတာတွေနဲ့  သုတ်စားတယ်။
သရက်သီးသုတ်

ဒီနေ့ လည်း အဲဒီလို သုတ်စားချင်စိတ်ပေါ်တာနဲ့  ၀ယ်ထားတဲ့ သရက်သီးစိမ်းကို သေးသေးလေးတွေ ဖြစ်အောင် ပေါက်(လှီး)ပြီး စပ်စပ်လေး သုတ်စားတာ။ စားလို့ ကောင်းသား။ တခါတလေ စိတ်ကူးပေါက်ရင် ဒီလိုပဲ လုပ်စားပါတယ်။

13 comments:

Anonymous said...

စားချင်တယ်ဗျာ.. :)

Soe Mya Nandar Thet Lwin (Borros Roxo) said...

အားပါးပါး ကောင်းလိုက်တာ။

ပုံကြည့်ပြီး သရေကျသွားတာ ခဏ၊ခဏပဲ။ Seriously!!

သရက်သီးကို အဲဒီလို နွယ်ချိုမှု့န်နဲ့  ငရုတ်သီးအကျက၊်ဆားနဲ့ သကြားရောပြီး သုတ်တာ အရမ်းကြိုက်တယ်။ မရမ်းသီးကိုလဲ ကြိုက်တယ်။

အဲဒီလို မစားရတာ ကြာပါပြီ။ :((

စားခြင်လိုက်တာဟယ်။ Lucky You, N3.

SMNTL

Shinmin said...

အဟင့် စက်ရက်တယ် မနေရယ်...
စားချင်တယ်ဗျို့

ThuHninSee said...

:(
မုန်းတယ်..မုန်းတယ်။

Nay Nay Naing said...

စားချင်တဲ့ သူအားလုံးကို ကျွေးချင်ပါတယ်.. အိမ်မှာ သရက်သီး တစ်လုံးကျန်သေးတယ်..

TZA >> Ko TZA ကလည်း အဲလို အချဉ်အစပ်တွေ စားတတ်တယ်လား.. နောက်ကြုံတဲ့အခါ ၀ယ်လာခဲ့မယ်.

SMNTL>> Oxford မှာ နေတယ်ဆို အဲဒီက ကုလားဆိုင်မှာ တခါတလေ သရက်သီး ၀ယ်လို့ ရတယ်လေ..

ShinMin >> London မှာလည်း သရက်သီး ၀ယ်လို့ ရတယ် မဟုတ်လား။ နွယ်ချို မှုန့်  လိုချင်တယ်ဆို ဒီက ပို့ ပေးလိုက်မယ်လေ..

မမွန် >> မမုန်းပါနဲ့  မမွန်ရယ်.. ဒီကိုပြန်လာ အ၀ ၀ယ်ကျွေးမယ်..

လင်းလက်ကြယ်စင် said...

သရက်သီးတွေကြည့်ရတာ စားချင်စရာပါပဲ မမနေ။ ညီမတို့ဘက် ဈေးထဲမှာတော့ သရက်သီးမှည့်တွေပဲ တွေ့ရတာများတယ်။ တစ်ခါတော့ ၀ယ်စားဖူးတယ်။ မဆိုးပါဘူး။ မချစ်စုသရက်သီးစိမ်းကို အစိတ်လေးတွေခွဲပြီး စားချင်တယ် :)

TKLinn said...

အားပါး စားချင်စရာပါလား ဟရို့

Nay Nay Naing said...

လင်းလက် >> ညီမလေး.. ဒီမှာ မချစ်စု သရက်သီး ရောင်းတာ မတွေ့ ဖူးဘူး.. စိုင်သီးလို သရက်သီးတွေပဲ တွေ့ တယ်.. အခုသရက်သီး အစိမ်းက မဆိုးဘူး စားလို့ ကောင်းပါတယ်.. အမှည့်ကိုတော့ ၀ယ်မစားကြည့်ဖြစ်သေးဘူး..

မထက်>> အခု စားချင်တယ်ဆို ၀ယ်ပြီး အိမ်လာပို့ ပေးရမလား.
နောက်တခါတွေ့ ဖြစ်တဲ့ အခါ သရက်သီး ၀ယ်ဖြစ်အောင် ၀ယ်လာခဲ့မယ်.. :-)

Shinmin said...

တကယ်ပို့ပေးမှာလားမနေ :D

Anonymous said...

tha yet htee sar ma lar?
HOTE, sar mel. !_!

Unknown said...

နင့်ပုံတွေကြည့်ပြီး ပါးစပ်ထဲတောင် ဘယ်လိုကြီးဖြစ်လာမှန်း မသိဘူး။ ဂလု . . .

Nay Nay Naing said...

ရှင်းမင်း ရေ.. တကယ်ပို့ ပေးမယ်.. လိပ်စာလေးသာ ပြော..:)..

Everest >> စားမယ်ဆို တကယ်ကျွေးချင်ပါတယ်.. အချဉ်ကြိုက်တဲ့သူတွေ အချင်းချင်းပဲ..

Zin Ko Latt >> နင်အသက်ရှိသေးတာကို သိလိုက်ရတဲ့ အတွက် အရမ်းကို ၀မ်းသာမိတယ် :P

Shinmin said...

သရက်သီးစိမ်းကောင်းကောင်း မတွေ့သေးဘူးမနေ။
ရှာလို့ရရင်ပြောမယ်နော်။
အားလဲနာတယ်၊:D