စက်တင်ဘာလ မွေးနေ့ ရှင်တစ်ယောက်က သူမွေ့ နေ့ အထိမ်းအမှတ် ညစာလိုက်ကျွေးတာ။ တစ်ခါ နေ့ လယ်ဘက် ကျွန်မတို့  အလုပ်က သူငယ်ချင်း တချို့ နဲ့ မြန်မာအစားအသောက် သွားစားပြီးကတည်းက မြန်မာအစားအသောက်ကို ခံတွင်းတွေ့ သွားတဲ့အတွက် သူ့ မိသားစုနဲ့ လည်း သွားစားပြီးပြီ၊ တခြား စလုံး သူငယ်ချင်းတွေ နဲ့ လဲ အတူ သွားစားပြီးပြီတဲ့။ သူမွေးနေ့ အတွက်လည်း အလုပ်က တခြား မြန်မာ အစားသောက် မစားဘူးသေးတဲ့ သူတွေ စားဖူးတယ်ရှိအောင် မြန်မာဆိုင်မှာပဲ ကျွေးမယ် ဆိုပြီး အင်တာနက်ပေါ်ကနေ အင်းလေးရဲ့ ဖုန်းနံပါတ်ကို ရှာပြီး Booking လုပ်ထားတာတဲ့လေ။ ကျွန်မ တောင် မသိလိုက်ဘူး။ အရင်တစ်ပတ်ကတော့ ကြာသာပတေး၊ သောကကြာ တစ်ရက်မှာ အားလုံး ညစာ သွားစားရအောင် ပြောပေမယ့် ကျွန်မကလည်း အားမအား မသေချာတာနဲ့  အားရင် လိုက်မယ်၊ မသေချာဘူးလို့ ပဲ ပြောလိုက်တယ်။ အင်းလေး သွားစားမယ် ဆိုတာလည်း မသိဘူးလေ။ ဒီနေ့ သွားစားတာ အားလုံး ၇ ယောက်။ ၉ ယောက် သွားစားဖို့  ချိန်းထားတာကို ၂ ယောက်က နေမကောင်းတာနဲ့  မလာနိုင်ဘူး။
စားတဲ့ ဟင်းတွေကိုတော့ ဓာတ်ပုံရိုက်ဖို့ မမှီလိုက်ဘူး။ ငါးခူးကြော်နှပ်၊ ငါးခူးခြောက်စပ်၊ ငါးရံ့ခြောက်စပ်၊ ၀က်ပုန်းရည်၊ ၀က်သားသရက်သီးသနှပ်၊ ပုဇွန်ဆီပြန်၊ ဆိတ်သားဆီပြန်၊ ကြက်သားသုတ်၊ မြင်းခွါရွက်သုတ်၊ လက်ဖက်သုတ် မှာစားကြတယ်။ ပြီးတော့ မန်ကျည်းသီးဖျော်ရည် နဲ့  စတော်ဘယ်ရီ ဖျော်ရည် သောက်ကြတယ်။ ဗိုက်အတော် ပြည့်သွားတယ်။ သူငယ်ချင်းတစ်ယောက်က အချိုပွဲအနေနဲ့  ကြက်ဥပူတင်းနဲ့  ဆနွင်းမကင်း စားအုံးမယ်ဆို ထပ်မှာသေးတယ်။ တခြားသူတွေက ဗိုက်ပြည့်နေလို့  ဘာမှ ထပ်မစားနိုင်ကြတော့ဘူး။ အပေါ်က သူမှာတဲ့ ကြက်ဥပူတင်းပုံ။ ၇ ယောက်စာ ဇွန် ၇ ချောင်းမှာလို့  ဓာတ်ပုံရိုက်ထား လိုက်တာ။ မုန့် နဲ့  ဇွန်နဲ့ မမျှဘူး ဖြစ်နေတယ်။ အပြန် MRT ကို လမ်းလျှောက်အလာ တစ်ယောက်က ကော်ဖီသောက်ချင်တယ် ပြောတာနဲ့ Raffle City က Coffee Club မှာ ကော်ဖီ သွားသောက်ကြသေးတယ်။ ခုနက ပြောတော့ ဗိုက်မဆံအောင် ၀အယ် နေပါပြီဆိုသူတွေက ကော်ဖီက အရည်ပဲဆိုပြီး သောက်ကြတယ်။ ထုံးစံအတိုင်း ကော်ဖီသောက်တဲ့သူတွေထဲမှာ ကျွန်မတော့မပါဘူးပေါ့။
ဒီနေ့  သတိထားမိတဲ့ တိုးတက်မှု့ တစ်ခု.. ကျွန်မမှာ ခေါင်းရှုပ်ရင် အစားစားလို့  မ၀င်တဲ့ အကျင့်ရှိခဲ့တယ်။ ဒီနေ့  နေ့ လယ်နဲ့  ညနေပိုင်းမှာ စိတ်ရှုပ်စရာလေးတွေ အတော်များများ ကြုံလိုက်ရတယ်။ ဒါတောင်မှ ညစာစားတဲ့အခါ စားလို့ ကောင်း၊ စားဝင်နေတုန်းပဲ။ တိုးတတ်လာပြီ။ အစားမှန်ပြီးရင် အအိပ်မှန်ဖို့ ပဲ လိုတာ့တယ်။ ဒီလိုဆို အခုထက် ပိုဝပြီး ပိုကျန်းမာလာမှာ သေချာတယ်...
ဒီနေ့  ညစာ အတူသွားစားကြတဲ့ အလုပ်က သူငယ်ချင်းတွေ အားလုံးက အင်းလေးက မြန်မာအစားအစားတွေကို စားလို့ ကောင်းတယ်၊ သူတို့  ကြိုက်တယ်၊ နောက်ပိုင်း သူတို့ ရဲ့ တခြား သူငယ်ချင်းတွေကို ခေါ်ပြီး အင်းလေးမှာ လာစားအုံးမယ် ပြောနေတာကြားရလို့  ၀မ်းသာမိပါတယ်။
4 comments:
အဲဒီရေခဲ့မုန့်လေးတွေ ဇွန်း ၇ ချောင်းကို လန့်နေပုံပဲ..း)
အချိုပွဲမှာ ဇွန်း ၇ချောင်း တောင် တိုတော့ ၇ ယောက်သွားစားတာဖြစ်မယ် ၊၊ အဲလိုတော်တာ ၊၊
မင်္ဂလာပါဗျာ ၊၊
ဒီလောက်နည်းနည်းလေးကို ၇ယောက်စားလားဟင်။
ဒါကြောင့်ပိန်တာနေမယ်နော်။
မမွန်ဆို တစ်ယောက်တည်းစားရင်တောင် အာသာမပြေလောက်ဘူး အဟီး
နိုင်းနိုင်း>> ပူတင်းလေးနဲ့  ရေခဲမုန့် လေးကို သနားတာနဲ့  ဓာတ်ပုံရိုက်ထားလိုက်တာ.. :D
Republic , မမွန် >> ၇ ယောက်သွားစားတာပါ။ လူ ၇ ယောက်မို့  ဇွန်း ၇ ချောင်း။ ဒါပေမယ့် ဒီအချိုပွဲကို စားတာ ၃-၄ ယောက်ပါပဲ။ တစ်ယောက် တစ်ဇွန်းစီ အရသာ ဘယ်လိုလဲ သိအောင် မြည်းကြည့်တဲ့ သဘောပေါ့။ တခြားဟာတွေ စားလို့  ဗိုက်ဝနေကြပြီလေ။ နေနေဆို အရသာ သိပြီးသားမို့  မစားဖြစ်လိုက်ဘူး။
အပေါ်မှာ ဒီအကြောင်းတွေ နည်းနည်း ရေးထားတယ် ဒါပေမယ် ဖွက် ချင်စိတ်ပေါက်တာနဲ့  ဖွက်ထားလိုက်တာ။ ရက်စွဲကို click လုပ်ပြီး ဖတ်လို့ ရတယ်။ :D
Post a Comment