Pages

December 17, 2006

Interview Your Next Boss

အလုပ်အသစ်ရှာဖို့ ဆို ကျွန်မတို့  Interview တွေသွားကြရတယ်...
ပြီးတော့ Interviewer တွေ မေးသမျှ မေးခွန်းတွေကို ကျွန်မတို့  ကြိုးစားဖြေကြရတယ်..
အဲလို Interview တွေသွားရာမှာ Interviewer တွေကို ပြန်မေးခွန်းတွေ ပြန်ထုတ်ပြီး သူတို့  ဖြေတာလေးတွေကို နားထောင်ချင်စိတ်လေးများ တစ်ခါမှ မဖြစ်မိကြဘူးလားရှင်...

သူများတွေတော့ မသိဘူး၊ ကျွန်မ အနေနဲ့  ကတော့ Interviewer တွေက ချောင်ပိတ်မေးခွန်းတွေ အရမ်းမေးလာပြီဆို ဖြေနေရရင်းက သိပ်စိတ်မရှည်တော့ပဲ၊ အလုပ်ရတာ မရတာ အသာထားရော သူတို့  တွေကို မေးခွန်းတွေ ပြန်ထုတ်ချင်စိတ်ပေါက်မိတယ်..
နောက်ပြီး ကျွန်မ အနေနဲ့ က လုပ်သက်ကလည်း သိပ်မရှိသေး၊ Interview သွားဖူးတဲ့ အကြိမ်အရေ အတွက်ကလည်း မများသေးတော့.. ( Interviewပါး မ၀သေးဘူး ဆိုရမလားပဲ) သူတို့  ဘက်က မေးခွန်းတွေ မေးပြီးလို့  ကျွန်မဘက်က ဘာများမေးချင်ပါသေးလဲ မေးလာရင် ဘာမေးရမှန်း မသိဖြစ်သွား တတ်သေးတယ်...

အဲလို ဖြစ်တတ်တဲ့ ကျွန်မ အကြောင်းတွေကို သိနေတဲ့ သူငယ်ချင်းတစ်ယောက်က၊ လွန်ခဲ့တဲ့ ၃ လ၊ ကျွန်မ အလုပ်အသစ်ရှာနေတဲ့ အချိန်တုန်းက ဒီ "Interview Your Next Boss" ဆိုတာလေးကို ရှာပြီး email နဲ့ ပို့  ပေးခဲ့ပါတယ်။ အဲ့ဒီထဲက တချို့ မေးခွန်းတွေကို ကျွန်မ လက်တွေ့  အသုံးချဖြစ်ခဲ့ပါတယ်။

Following are a few sample questions you might consider posing to a hiring manager:
  • Why is this position open? Why did the last person leave?
  • If a project is not on schedule, what does the company do to make the deadlines?
  • How does the review process work? How often does it occur?
  • How big is the engineering team?
  • How does the manager share credit/recognition for joint ideas?
  • How long has the manager worked there?
  • Is it possible to get a patent while you work there, or does all intellectual property belong to the company?
  • Can you tell me about your best employees and how you like to work with them?
  • Can you tell me about your least favorite employees?
အဲ့ဒီ article ထဲမှာပါတဲ့ "Always remember that the interview process is a two-way street. And even a bad interview was well worth your time. " ဆိုတာလေးကို သဘောကျမိတယ်။

Thanks to STAung..

No comments: