Pages

December 27, 2006

Very Slow Internet Connection

မနက်က အလုပ်မှာ ဘယ်ဆိုဒ်မှာ ၀င်လို့ မရ ဖြစ်သွားတယ်။ ပထမတော့ ကျွန်မ တို့  အလုပ်က Server တစ်ခုခု ဖြစ်လို့  လို့ ပဲ ထင်လိုက်တာ။ နေ့ လယ် ထမင်းစားချိန်ရောက်တော့ ဖုန်းပြောဖြစ်မှ ပဲ တခြား သူငယ်ချင်းတွေလည်း အလုပ်မှာရော၊ အိမ်တွေမှာပါ အင်တာနက် ရတော့ ရတယ်၊ Connection ကတော့ အရမ်းနှေးနေတယ်ဆိုတာ သိလိုက်ရတယ်။ ထမင်းစားပြန်လာတော့ အလုပ်မှာ အင်တာနက်တော့ ပြန်ရနေပြီ၊ ဒါပေမယ့် Website တွေ ၀င်ရတာ အရမ်းနှေးနေပြန်တယ်။ ခဏခဏ လည်း disconnect ဖြစ်နေပါတယ်။ ပုံမှန် WebSite တွေကို သွားတာရတာ နည်းနည်း စိတ်ရှည်ရှည်နဲ့  စောင့်လိုက်ရင် အဆင်ပြေပေမယ့်၊ ဘယ် File မှ Upload လုပ်လို့ မရဘူး ဖြစ်နေပါတယ်။ နောက်ပြီး ကျွန်မတို့  အလုပ်မှာ Messenger မသုံးရဘူးဆိုတော့ အရင်ကဆို Web Messenger တွေသုံးပြီး ခဏ လောက်တော့ ၀င်ကြည့်နိုင်ပေမယ့် ဒီနေ့ တော့ လုံးဝ ၀င်မရပါဘူး။

ဘာကြောင့် ဒီလိုဖြစ်နေရတာလည်းလို့  သတင်းတွေလိုက်ရှာ ဖတ်ကြည့်လိုက်တော့မှ ထိုင်ဝမ်မှာ မနေ့ က လုပ်သွားတဲ့ ငလျှင်ကြောင့် ဒီမှာ Internet Connection တွေ အရမ်းနှေးနေတာလို့  သိလိုက်ရတယ်။ ဒီမှာ လူသုံးအများဆုံး Service Provider ဖြစ်တဲ့ StarHub ကတော့ ဒီလိုလေး ပြောထားတယ်..

Due to an earthquake in Taiwan yesterday, the undersea cable was disrupted resulting in slow Internet access to some international sites. You can be assured that our topmost priority is to quickly restore services and we have deployed all available resources to address the situation as soon as possible.

အလုပ်မှာတောင် ဒီလောက် နှေးနေရင် အိမ်က အင်တာနက် တော့ ဘယ်လို ဖြစ်နေမလဲ မသိဘူး။ ... အိမ်ပြန်ချိန်ကျော်နေပေမယ့် သိပ်မပြန်ချင်ဘူး ဖြစ်နေတယ်။ အိမ်မှာ လုပ်စရာဆိုလို့  အင်တာနက်သုံးတာပဲ ရှိတဲ့ဟာကို ဒီလောက်နှေးတဲ့ Connection နဲ့ ဆို သိပ်စိတ်ရှည်မှာ မဟုတ်ဘူး။ အင်း .. ဒီညတော့ DVD လေးကြည့်ပြီး စောစော အိပ်ရတော့မယ်နဲ့  တူပါတယ်။

4 comments:

sisain said...

ဒါဆိုရင်တော့ လောလောဆယ်မှာ ရန်ကုန်က ကော့နက်ရှင်းစပိက စလုံးထက်သာနေတာပေါ့-
ကြံဖန်ပြီး ဂုဏ်ယူလိုက်ဦးမယ်ဗျို့-

Nay Nay Naing said...

ဂုဏ်ယူပါ၊ ဂုဏ်ယူပါ။ တခါတလေလေ ဒီလို ဂုဏ်ယူလို့ ရတာနော်။ :P ခုတော့ နည်းနည်း ပြန်ကောင်းလာပါပြီ။ မြန်မြန်ကောင်းမှပါပဲ။ နှေးကွေးလှတဲ့ အင်တာနက်နဲ့ ဆို ဘယ်လို့ မှ သုံရတာ အဆင်မပြေဘူးပါဘူး။ ဒီလို ဖြစ်သွားမှပဲ မြန်မာက အင်တာနက် နှေးနှေးသုံးနေရတဲ့ သူတွေကို စာနာတတ်သွားပါတယ်။

Chit Lay Pyay said...

OR!!!! Ga lo ko, I wonder why my office network connection was very slow on that day. That's Why, our office network also down on yest. Thank for your information nay nay.

Nay Nay Naing said...

You are welcome Ma Lay Pyay.