ဒီညနေက အလုပ်မှာ IT Department ရဲ့ Xmas Party ရှိလို့ သွားဖြစ်တယ်။ အရင်ကဆို အဲ့လိုမျိုးပွဲတွေ သွားလေ့မရှိပေမယ့် ခုတော့ အသက်ကလည်းကြီးလာပြီ၊ လူမှု့ ရေး၊ ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးတယ်ဆိုတဲ့ ချစ်သူငယ်ချင်းကြီးရဲ့ စကားတွေကြောင့် သွားမှဖြစ်မယ်ဆိုပြီ သွားလိုက်တယ်။ တစ်ယောက်တည်းဆိုတော့ နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်နေတာပေါ့။ ဒါပေမယ့်လည်း ကိစ္စ မရှိပါဘူး၊ လုပ်ချင်ရင် အကုန်ဖြစ်တယ်လို့  သဘောထားပြီး တွေ့ တဲ့လူတွေနဲ့  ပြုံပြ၊ မိတ်ဆက်၊ အလာပ သလာပ ဟိုပြော ဒီပြော စကားတွေပြောလိုက်တာပေါ့။ အဆင်ပြေသွားတာပါပဲ။
ပွဲကတော့ ထုံးစံအတိုင်း အုပ်စုတွေဖွဲ့ ပြီး ကစားကြတယ်၊ Xmas သီချင်းတွေ ဆိုကြတယ်။ ဆုတွေပေးတယ်၊ ဒီလောက်ပါပဲ။ နောက်ပြီး Xmas လက်ဆောင် မဲဖောက်ပေးတာ၊ မဲတော့ပေါက်တယ်၊ ဒါပေမယ့် ဆုကြီး ၁၀ ဆု ထဲကတော့ မဟုတ်ဘူး။ ဆုကြီးတွေထဲက ၀ိုင်ပုလင်းတွေ အများကြီးပါတဲ့ ဟာကိုမဲပေါက်လို့ ကတော့ ဟို သူငယ်ချင်း နှစ်ယောက်ကို တစ်ယောက် ၁ ပုလင်းတော့ ပေးလိုက်မယ်ဆိုပြီး တွေးနေခဲ့ပေမယ့် ဆုမပေါက်တာနဲ့  ပေးစရာမလိုဘူး ဖြစ်သွားတယ်။
သူများတွေ သီချင်းဆိုနေတုန်း ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေလိုက်တာ.. ဟိုဘက်ကမ်းမှာရှိနေတဲ့ Sentosa ရယ်၊ မီးထွန်းထားတဲ့ တိုက်ကြီးတွေရယ်ကို အမြင့်ကနေ ကြည့်ရလို့ လားတော့မသိဘူး၊ မြင်ရတဲ့ ရှု့ ခင်းက တော်တော်လေး လှတယ်။ နောက်ပြီး ကိုယ့်ခေါင်မိုးပေါ်ကနေ ကျော်ပြီး Sentosa ဘက်သွားနေတဲ့ Cable Car တွေတွေ့ ရတာလည်း မိုက်တယ်။ စားစရာ နေရာရှားလို့  Cable Car ပေါ်တွေမှာ ဖရောင်းတိုင်မီးလေးထွန်းပြီး ညစာစားနေကြသူတွေကို လည်း အံ့သြမဆုံးဖြစ်မိတယ်။ အဲ့ဒီနေရာမှာ ငသလောက်ကျော်လို၊ ငပြေမဟင်းလို အရိုးများများဟင်း ကျွေးရင် ဘယ်လိုများနေမလဲမသိဘူး။ ရုပ်ရှင်ထဲကလိုမျိုးဆို Cable Car ပေါ်မှာ ဖရောင်းတိုင်မီးလေးနဲ့  romantic ဆန်ဆန် dinner ကျွေးပြီး propose လုပ်တဲ့ သူတွေလည်း ရှိချင်ရှိနေမှာလို့  အတွေးကြောင် မိလိုက်သေးတယ်။ မရှိဘူး မပြောနိုင်ဘူး၊ ရှိချင်ရှိနေမှာပါ။ တစ်ချို့ လူတွေကလည်း ဒါမျိုးတွေကို သဘောကျတာ မဟုတ်လား။
အမှတ်တရကတော့ ..
ဘူဖေး(လ်) ကျွေးတာကို အ၀ စားခဲ့လိုက်တယ်။ အရင်ကဆို ပွဲတွေမှာ အစားအစာတွေ သွားယူ စားရမှာ၊ ရွံ့ တွံ့  တွံ့  ဖြစ်နေတာနဲ့  ဘယ်တော့မှာ ၀အောင်မစားရဘူး။ ခုတော့ “သြော် ငါမစားရင်တော့၊ ငါငတ်ရုံသာ ရှိတော့မယ်ဟဲ့” ဆိုပြီး ၀အောင်စားလိုက်တယ်။ တစ်ကိုယ်တော် ကျဲတဲ့ ပွဲလို့ ဆိုရမယ်။
နောက်တစ်ခုက ဒီနိုင်ငံမှာ ကျတဲ့ snow ကို မြင်ဘူးလိုက်ရတယ်။ အစစ်တော့ ဘယ်ဟုတ်မလဲ။ ထုံးစံအတိုင်း စက်နဲ့  ဖန်တီးထားတာပေါ့။ ဒါပေမယ့် အမိုးပေါ်ကနေ snow လေးတွေကျလာတာ ကို လက်နဲ့  လိုက်ဖမ်းရင်း ဟို အရင်က ထိခဲ့ဘူးတဲ့ snow ပွင့်လေးတွေကို သတိရသွားတယ်။
ပြန်ဖို့ စီစဉ်ပေးထားတဲ့ ကားနဲ့  အိမ်ပြန်လာတာ အိမ်ရောက်တော့ ည ၁၁း၃၀ ရှိနေပြီ။ ဒါ ကျွန်မရဲ့ အလုပ်က လုပ်တဲ့ 2006 Xmas Party အတွေ့ အကြုံပါပဲ။ တစ်ခြားသူတွေလို Xmas Party မှာ ရင်ခုန်စရာလေးတွေ မဖြစ်ခဲ့ဘူးလား။ ခုတော့ ဖတ်ရတာ စိတ်ဝင်စားစရာ မကောင်းဘူးဖြစ်နေတယ် ပြောရင်လည်း ခံရမှာပါပဲ။ ကျွန်မဟာ ဒီလိုနေရာတွေမှာ တခြားသူတွေလို မတော်ပဲ အနည်းငယ် ညံ့တယ်ဆိုတာကိုတော့ ရှက်ရှက်နဲ့  ၀ံခံ လိုက်ပါတယ်။
1 comment:
အဲဒီလိုပွဲတွေ သွားရတာ တခါတလေတော့လည်း စိတ်ညစ်ဖို့ကောင်းတယ်နော်။ အပြုံးတု တွေနဲ့ ဟန်လုပ် ပြုံးပြရတာ အမော။ ဒါနဲ့ စနိုးတွေ လက်နဲ့ ကိုင်ရတာ ပျော်ချာကြီး..
Post a Comment