Pages

December 29, 2006

ဒီထက်ပိုပြီး မတတ်နိုင်ဘူး

စိုင်းထီးဆိုင်ရဲ့ သီချင်းလေး တစ်ပုဒ်ပါ။ အစ်ကိုတွေ၊ ဦးလေးတွေက ခင်မောင်တိုးတို့  စိုင်းထီးဆိုင် တို့ ကို ဆို အရမ်းကြိုက်ကြတယ်ဆိုတော့ သူတို့ သီချင်းတွေကို ကျွန်မ ငယ်ငယ်ထဲက ရင်းနှီးနေခဲ့ပါတယ်။ ဒီသီချင်းလေးကို ပြန်နားထောင်ချင်စိတ်ပေါက်နေတာတော့ ကြာပါပြီ။ ဒီနေ့ တော့ မတွေ့ တွေအောင်ရှာမယ်ဆိုပြီး ရှာလိုက်တာ 1 နာရီလောက် အချိန်ကုန်သွားတယ်။ ကျွန်မမှာ စိုင်းထီးဆိုင် သီချင်းတွေ တော်တော်များများရှိပေမယ့် မူရင်း အဲ့ဒီသီချင်း ပါတဲ့ album မရှိဘူးဖြစ်နေတော့၊ ရှိသမျှ စိုင်းထီးဆိုင်ရဲ့ သီချင်း အကုန်လုံးကို လိုက်နားထောင်ကြည့်လိုက်ရပါတယ်။ နောက်ဆုံးမှ စိုင်းထီးဆိုင်ရဲ့ "အကောင်းတက အကောင်းဆုံးတေးများ" (၃) ထဲမှာ ဒီသီချင်းပြန်ပါနေတာ တွေ့ လိုက်ရတယ်။

ဒီထက်ပိုပြီး မတတ်နိုင်ဘူး - စိုင်းထီးဆိုင်

လူတစ်ယောက်ရဲ့ ကောင်းကွက်ချည်းပဲ လိုချင်လို့ တော့ မရဘူးရယ်
ဒွန်တွဲတဲ့ ဆိုးကွက်လဲပါမယ် အံဝင်ဂွင်ကျ ဆုတောင်းသမျှ
ပြည့်စုံအောင် ဘယ်ဘုရားမှ မစွမ်းနိုင်ဘူး
နီးစပ်တာနဲ့  ရောင့်ရဲကြရတာပဲ .. မင်းအသိပါပဲ

ကျောက်တိုင်းအပြစ်လေးတော့ရှိတယ်.. လူတိုင်းချို့ ယွင်းချက်ရှိမယ်
သဘာဝရဲ့ သဘောတရား တခုပါပဲ
ပုံစံတစ်ခုတည်း ဇွတ်အတင်းသွတ်သွင်းနေရင်
နဂိုရှိရင်းစွဲ ဂုဏ်အင်ပျက်စီးမယ့်အရေး
ပြန်ငဲ့ကွက့်သင့်တာလဲ မင်းအသိပါပဲ..

Cho:
ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့ပါတယ်
ထိပ်ဆုံးထိမရောက်ခဲ့ရတောင် အလယ်အလတ်တော့ မကပါတယ်
စိတ်သွားသလောက်တော့ ကိုယ်လိုက်ပြီးမလုပ်နိုင်ဘူး
ဒီလောက်နဲ့ မှ မကျေနပ်ရင် အရှုံးပေးဖို့ / လက်လျှော့ဖို့ ပဲ ကျန်တော့တယ်
ဒီထက်ပိုပြီး မင်းအလိုကို မဖြည့်နိုင်ဘူး
ဒီထက်ပိုပြီး မဖြစ်နိုင်ဘူး မတတ်နိုင်ဘူး ....

ရေနက်လည်း ကြမ်းရှိရမယ် အပင်မြင့်လည်း အဖျားရှိရမယ်
အရာရာမှာ အဆုံးရှိကြရစမြဲ
ဒါပေမယ့်လည်း တိုင်းလို့ မရစကောင်းနိုင်တဲ့ ချစ်ခြင်းတော့ရှိပါတယ်
မင်းမတောင်းရပဲ ကိုယ်ပေးအပ်ခဲ့တာ မင်းအသိပါပဲ...

Cho: Cho:

2 comments:

ကလိုစေးထူး said...

စီဘောက်စ် မရှိတဲ့အတွက်.. ဒီမှာပဲ ဆုတောင်းလိုက်ပါတယ်..ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ.. မနေနေနိုင်ရေ ချီကာဂိုကိုလဲ မြန်မြန်ရောက်ပါစေ.. :P

Nay Nay Naing said...

ကျေးဇူးပါပဲ ကိုသံလွင်..
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။ :)