မနေ့ က သူငယ်ချင်းတစ်ယောက် ပေးတဲ့ လက်ဆောင်..
ဒီလို စာလုံးလေးတွေနဲ့  နာမည်ဖေါ်တာကို ဟို တစ်ခါ အရုပ်ဆိုင်ရောက်ထဲက လိုချင်နေတာပါ။ ဘာလို့ မှန် မသိဘူး အဲ့လို စာလုံးလေးတွေ အရုပ်လေးတွေကို သဘောအရမ်းကျမိတယ်။ ကိုယ့်ဟာကို ၀ယ်ဖို့ ဆိုတာ နည်းနည်းများ ကြောင်တောင်တောင် နိုင်မလားဆိုပြီး.. မ၀ယ်ပဲနေလိုက်တာ.. ကိုယ်ဘာကြိုက်တတ်လဲ သူပဲသိနေတာလား၊ သူကြိုက်တာနဲ့  ကိုယ်ကြိုက်တာ ဒီနေရာမှာ တူသွားတာလားတော့မသိဘူး။ ခုတော့ ၀ယ်စရာမလိုပဲ လိုချင်တာရလိုက်တယ်။
ကျေးဇူးပါပဲ။
ကျွန်မကတော့ သူ့ မွေးနေ့ ဆို သတိရတောင် မွေးနေ့ လက်ဆောင်ပေးဖို့  မေ့နေတတ်တယ်..
အမေ့ကောင်း လို့ ပဲ ပြောရမလား။ မှတ်မှတ်ယယ မနှစ်ကတော့ သုံးနှစ်စာပေါင်းပြီး လက်ဆောင်ပေးဖြစ်ခဲ့တယ်. :D ဒါတောင် မေ့တော့မလို့ ။
ကျွန်မ ပထမဆုံးပေးရခဲ့တဲ့ မွေးနေ့ လက်ဆောင် က ၂၁ နှစ်ပြည့်မွေးနေ့ မှာ….. ၂၁ နှစ်ကနေ ခုထိဆို နှစ်ပေါင်းမနည်းတော့ဘူး။ နှစ်စဉ် မွေးနေ့  ရောက်တိုင်း မမေ့မလျှော့၊ သတိတရ ရှိခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်။ နောင်နှစ်ပေါင်းများစွာ ခုလိုပဲ မှတ်မိ၊ သတိရ၊ ဆုတောင်း၊ လက်ဆောင်တွေ ပေးနိုင်နေပါစေ။
5 comments:
နေနေရေ .. မမေလဲ လိုချင်တယ်။ M A Y စာလုံး ၃လုံးလုံး ၀က်ဝံလေးတွေချည်းပဲမို့လို ပိုလိုချင်တာ။ ဒါပေမဲ့ နေနေ့လိုပဲ ကိုယ်တိုင်ဝယ်ရမှာမလိုချင်လို့ မ၀ယ်ဖြစ်ဘူး။ ဒါကြောင့် ဒီဇင်ဘာမွေးနေ့ရှင် သူငယ်ချင်းတစ်ယောက်ကို ၀ယ်ပေးလိုက်တယ်။
သူ့နာမည်က နောက်ဆုံးတစ်လုံးက E ဆိုတော့ ဘဲရုပ်လေး။ ၀က်ဝံလောက်တော့ မလှဘူး။
အကြိုက်ချင်းတူနေတယ်။ မေ နဲ့  နေ က M နဲ့  N ပဲ ကွာမှာ။ ၀က်ဝံလေးတွေက ချစ်ဖို့ ကောင်းတယ် မမေရဲ့။ မမေ အဲ့ဒါမျိုး လိုချင်ရင် နောက်တစ်နှစ်မွေးနေ့ ကြ ၀ယ်ပေးမယ်နော်. Precious Moments က အရုပ်တွေ ကို ကြိုက်တယ်။
အဲ့ဒါဘယ်နေရာမှာ ၀ယ်လို့ရလဲ သိချင်မိပါတယ်။
ကိုယ်လဲ လိုချင်လွန်းလို့ပါ။ ဒီက တစ်ယောက်ကို မှာလိုက်မလို့
မနှင်းဆီရေ.. သူငယ်ချင်း ၀ယ်တာတော့ ဘယ်နားမှာလဲ မသိဘူး. နေနေ တွေ့ တာတော့ Raffle Place MRT မှာ အောက်ဘက်မှာရှိတဲ့ အရုပ်ဆိုင်မှာ။ ရှာရလွယ်တယ်။ တိတိကျကျနေရာ သိချင်ရင် အလုပ်သွားတဲ့နေ့  ဆိုင် no. နဲ့  နာမည် မှတ်ခဲ့ပေးမယ်။ card တွေနဲ့  အရုပ်လေးတွေ ရောင်းတဲ့ ဆိုင်တော်တော်များများမှာ ရှိမယ်ထင်တယ်။ Precious Moments အရုပ်လေးတွေ ရောင်းတဲ့ ဆိုင်တွေမှာလဲ ရှိနိုင်တယ်။ Shopping mall တွေက အရုပ်ဆိုင် တော်တော်များများ မှာ ရှိလိမ့် မယ်။
ကျေးဇူးနေနေရေ.. မေ၁၁ လဲ လှမ်းပြောထားတယ်
လူကြုံကို မှာလိုက်မလို့လေ ဟီး
Post a Comment