Pages

December 15, 2006

ထိပ်ဆုံးသို့ 

ငယ်ငယ်ကလေးဘ၀တည်းကနေ ခုချိန်ထိ ကြိုက်နှစ်သက်မိနေတဲ့ ကဗျာတစ်ပုဒ်ပါ။ ကျွန်မ့ဘ၀မှာ ခုချိန်ထိတော့ သူများတိုက်တွန်းလို့  လုပ်ခဲ့ရတယ်ဆိုတဲ့ အရာတွေ အလွန်နည်းပါးခဲ့ပြီး၊ ကိုယ့်ဆန္ဒ အရ လုပ်ချင်စိတ်ရှိလို့  လုပ်ခဲ့တာတွေက အတော်များပါတယ်။ ကျွန်မ ဆန္ဒနဲ့ ကျွန်မ လုပ်ခဲ့တဲ့ အကြောင်းအရာတွေ အလယ်မှာ ကြိုးစားနေပါလျှက်နဲ့  အဆင်မပြေမှု့ တွေ ကြုံလာပြီး စိတ်တွေရှုပ်လာ၊ အားလျှော့လာပြီး ရှေ့ဆက် လုပ်ချင်စိတ် မရှိတာတွေ ဖြစ်လာတာမျိုး အကြိမ်ပေါင်းများ ဖြစ်ခဲ့ဘူးတယ်။ အဲ့ဒီလို စိတ်ဓာတ်ကျလာပြီဆို ကျွန်မ၊ ဒီကဗျာလေးကို သတိတရနဲ့  စိတ်ထဲကနေ အကြိမ်ပေါင်း များစွာ ရွတ်ဆိုပြီး အားတင်း၊ အားယူ ခဲ့ဘူးပါတယ်။ ကျွန်မ အတွက် အမှတ်တရပါပဲ။ ဒီကဗျာလေးကို ကျွန်မ နောက်ထပ်လည်း အကြိမ်ပေါင်း များစွာ ရွတ်ဆိုနေဦးမှာပါ။

ထိပ်ဆုံးသို့ 

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်သေးသမို့ 
ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ ပင်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့
တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ 
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတသွင် အားသင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။

ငွေတာရီ

Thanks to khwunn and THKZ.

5 comments:

မေဓာဝီ said...

ကဗျာလေးက ကောင်းလိုက်တာ … ။
ဘယ်သူရေးတယ်ဆိုတာ သိချင်ပါဘိ ညီမရယ်။
ရေးသူလေးကို ဖော်ပြပေးပါအုံး။
ညီမက ကိုယ့်ဆန္ဒအရ လုပ်ရတာတွေပိုများတယ်ဆိုတော့ ကံကောင်းတာပေါ့နော်။
အမြဲကံကောင်းပြီး ထိပ်ဆုံးကို ရောက်နိုင်ပါစေလို့ … ဆုတောင်းပေးလိုက်ပါတယ်။

Nay Nay Naing said...

လာလည်တာရော.. ဆုတောင်းပေးတာတွေ အတွက်ပါ ကျေးဇူးတင်ပါတယ် မမမေဓာဝီ။
ဒီကဗျာလေးက ကျောင်းနေတုန်းက သင်ရတဲ့ မြန်မာ စကားပြေ စာအုပ်မှာ ပါတဲ့ ကဗျာ တစ်ပုဒ် ပါ။ ၃ တန်းတုန်းက သင်ရတယ်လို့  ထင်မိပါတယ်။ အဲ့ဒီမှာ ဘယ်သူရေးလည်း ဖေါ်ပြထားတာ မတွေ့ မိ သလိုပါပဲ။ သေချာတော့ မမှတ်မိတော့ပါဘူး။ ပိုသေချာသွားအောင် ရန်ကုန်က သူငယ်ချင်းတွေကို အကူအညီတောင်းပြီး ပြန်ကြည့်ခိုင်းလိုက်ပါဦးမယ်။ အစ်မမေးတာ နဲ့  ဒီကဗျာကို ဘယ်သူရေးတာလည်း သိချင်စိတ်ပေါက်သွားမိပါတယ်။

မေဓာဝီ said...

ပြန်ဖြေပေးတာ ကျေးဇူးပါ ညီမ။
အမလည်း ဒီကဗျာကို ဖတ်ဖူးသလိုလိုရှိပေမဲ့ ဘယ်သူရေးမှန်းမသိလို့ မေးကြည့်တာပါ။ ညီမ သိရင်ပြောပြအုံးနော်။

TKLinn said...

ကျေးဇူးတင်တယ် နေနေ ရေ
အမလဲ အဲ့ဒီကဗျာလေးကို တစ်ပိုင်းတစ်စ ပဲ မှတ်မိပြီး ရချင်နေတာ
တစ်ကယ်ပဲ ကျေးဇူးတင်တယ်..သိလား

Nay Nay Naing said...

မမမေဓာဝီ..
ရေးသူနာမည် သိရရင် ပြောပြပါ့မယ် ... ခုတော့ မေးထားပါတယ်.. ဘယ်သူစီကမှ reply မရသေးဘူးရှင့်

မနှင်းဆီ..
ဒီကို လာလည်တာလည်း ကျေးဇူးတင်တယ်နော့.. :)