Pages

December 01, 2006

JaJah - Free Your Voice

JaJahUS က သူငယ်ချင်း တစ်ယောက်က သူ ဒီ Service သုံးပြီး ရန်ကုန်ကို ဖုန်းခေါ်တာ အဆင်ပြေတယ် ပြောထဲ က ဒီ JaJah အကြောင်း ရေးမယ် စဉ်းစားနေတယ်။ ဟိုတစ်ခါ မမွန်ကိုတွေ့ တုန်းကလည်း ဒီ Site နဲ့  သူတို့ ပေးတဲ့ Service အကြောင်း ရေးမယ် ပြောခဲ့သေးတယ်။ ဒါပေမယ့် ကိုယ့်ဟာကို ရှုပ်နေတာနဲ့  ဒီ Website ကို သေချာ မစမ်းဖြစ်သေးလို့  မရေးဖြစ်ဘူး ဖြစ်နေခဲ့တာပါ။ လုပ်မယ်ပြောပြီး မလုပ်ဖြစ်တာ အတွက် စိတ်ထဲမှာ အားနာမိတယ်။

ဒီ JaJah က အရင်တစ်ခါရေးခဲ့တဲ့ FuturePhone လိုပဲ အင်တာနက်ကနေ ကိုယ်ခေါ်ချင်တဲ့ ခေါ်လို့ ရတဲ့ Service ပေးပါတယ်။ ဟို FuturePhone က US က လူတွေပဲ သုံးလို့ ရတာဖြစ်ပေမယ့် ဒီ JaJah ကတော့ နိုင်ငံတော်တော်များများက သုံးလို့ ရပါတယ်။ ကျွန်မတို့ အတွက် အသုံးဝင်တာပေါ့။ ကိုယ့်ဟာကို အရင် တစ်ပတ်က register လုပ်လိုက်တယ်။ ဒီ JaJah က ကိုယ်ခေါ်ချင်တဲ့ Phone No က သူ က Free ပါလို့  ပြောထားတဲ့ နိုင်ငံက ဖြစ်နေဦးတော့ Phone တိုင်းကို Free ပြောလို့ မရပါဘူး။ သူ့ Service မှာ Register လုပ်ထားတဲ့ Phone No တွေကိုခေါ်မှ သာ Free ပြောလို့ ရတာပါ။ ဒီတော့ Register User အချင်းချင်း စမ်းကြည့်ဖို့  သူငယ်ချင်းတွေကို register လုပ်ပါပြောတာ ဘယ်သူမှ မလုပ်ကြဘူး ။ ကျွန်မက သူတို့  ကိုယ်စား register လုပ်ပေးလို့ ကလည်း မရဘူးလေ။ ဘာလို့ လည်းဆိုတော့ ဒီ site က IP address ကို ဖတ်ပြီး Country Code ကို auto ထည့်ပေးတာဆိုတော့ ကျွန်မ register လုပ်ရင် ကျွန်မနေတဲ့ Country ကလွဲလို့  တခြား နိုင်ငံကို ရွေးလို့ မရဖြစ်နေတာကို... တစ်ခုတော့ ရှိတယ်၊ JaJah က သူတို့  Service ကို Register လူတိုင်း စမ်းကြည့်လို့  ရအောင် သူတို့ စီမှာ Account ဖွင့်လိုက်တာနဲ့  Account Balance မှာ ၀.၆၅ $ တည့်ပေးတယ်။ ကျွန်မလဲ အဲ့ဒီ ပိုက်ဆံနဲ့  တစ်ချို့ ဖုန်းတွေကို စမ်းခေါ်ကြည့်တာတော့ အသံကြားရတာ ကြည်ကြည်လင်လင်ပါပဲ။

နောက်မှ ထပ်စမ်းပြီး ရေးမယ် စိတ်ကူးတာ ခုတော့ ရေးစရာ မလိုတော့ဘူး.. ကံကောင်းပုံများ.. မနေ့ က ကို TZA က သူ့ ရဲ့ ဘလောခ့်မှာ ဒီအကြောင်းလေး ရေးတင်လိုက်တာတွေ့ လိုက်ရတယ်။ ကျေးဇူးတင်ပါတယ် ကို TZA ရှင့်...

ခုဆို ဒီ Servie အကြောင်း အသေးစိတ်သိလိုသူတွေ ကို TZA ဘလောခ့်မှာ သွားဖတ်ကြည့်နိုင်ကြပါတယ်။ မမွန်လည်း အဲ့ဒီမှာပဲ သွားကြည့်လိုက်ပါနော်..

6 comments:

Hlaing said...

မမေ register လုပ်ထားတယ်။ စမ်းလို့ရတယ် :D
အသံကြည်သားပဲနော်။ မဆိုးဘူး

Anonymous said...

myBlueZebra.com

Anonymous said...

Dear little sis,
This is the first time I visit . So interesting!!
Thank you very much for sharing knowledge.
I really love the colour of your blog and your talking style.
So sweet!

Anonymous said...

i tried it ....very nice...
thanks

Anonymous said...

Dear Friend,
We would like to invite you to our new forum (www.myanmarteashop.com). Believe it or not, Myanmarteashop is the only forum with unique features that allowed you to express your view in native language. For that reason, more and more people are joining everyday. Some of our forum’s features are :
1.Totally 100% Burmese (Burmese can be use any part of the forum.)
2.Because of Unicode font, you’ll be able to read Burmese posts clearly.
3.You can also use English as well, if you are more comfortable using English.
4.Polling features allow you to poll easily.
5.YouTube videos are also allowed.
6.More than 1,770 smilies to describe your emotions.
7.Friendly community.

cheers
myanmarteashop.com

Nay Nay Naing said...

မမေ.. မမေကို စမ်းခေါ်ကြည့်ရမှာလား.. အားရောအားလို့ လား.. :P

မမဟန.. လာလည်တာရော၊ ချီးကျူး အားပေးတာတွေ အတွက် ကျေးဇူးတင်ပါတယ်.. မဟနရဲ့ ဘာသာရေးဘလောခ့်ကို ရောက်ဖြစ်၊ ဖတ်ဖြစ်ပါတယ်.. မမဟန မအားလို့ နဲ့ တူတယ် ပိုစ့်အသစ်တက်တာ မတွေ့ ဘူ.. အားရင် ပိုစ့်တွေ တင်ပေးပါဦး.. နောက်ပြီး.. အစ်မရဲ့ ကဗျာတွေ၊ essay တွေကို နေတစ်မှာ အမြဲ ဖတ်ဖြစ်ပါတယ်.. တတ်နိုင်ရင် အားလုံးကို စုပြီး တနေရာထဲ မှာ ဖေါ်ပြပေးပါလား… တောင်ဆိုတာပါ. :)

မမွန်.. သုံးရတာ အဆင်ပြေတယ်ဆိုလို့  ၀မ်းသာပါတယ်.. :) ကွန်ပြူတာ မကောင်းသေးဘူးလား.. ကွန်ပြူတာ မြန်မြန် ပြန်ကောင်းပါစေ..