Pages

December 16, 2006

God Grant Me The Serenity


God grant me the serenity
to accept the things I cannot change,
the courage to change the things I can
and the wisdom to know the difference.

ငယ်ငယ်ထဲက နေရာတော်တော်များများမှာ အမြဲ မြင်တွေ့ နေခဲ့ပြီး မှတ်မိနေတဲ့ စာသားတွေပါ။ ဒီလို စာသားမျိုးတွေကို ခရစ်ယာန် အိမ်တွေရဲ့ အ၀င်ဝမှာ ဒါမှမဟုတ် ဧည့်ခန်းနံရံ တွေမှာ ချိတ်ထားလေ့ရှိကြတယ်။ ကျွန်မ နှစ်သက်မိလို့  ကျွန်မ ရဲ့ အင်တာနက်ပေါ်က နေရာ တော်တော်များများမှာ ဒါလေးကို ရေးထားလေ့ ရှိခဲ့ပါတယ်။ ပုံမှန်ဆို အဲ့လို စာသားလေးတွေမှာ ရေးသူဘယ်သူ ဒါမှ မဟုတ် ဘယ်စာအုပ်၊ ဘယ်ကျမ်းစာက ဆိုတာပါပေမယ့် ဒီဆုတောင်းစကား မှာ ရေးသူနေရာမှာ ( Anonymous ) လို့ ပဲ တွေ့  နေခဲ့တယ်။ ဒီနေ့  ကိုယ့်ရဲ့ webpage တွေကို လိုက်ကြည့်မိရင်း ဒါလေးပြန်ဖတ်မိတော့ ဘယ်သူ ရေးတာလည်း၊ ဘယ်ကလည်း သိချင်သွားတာနဲ့ လိုက်ရှာကြည့်လိုက်တာ ဒီ Prayer အကြောင်းရေးထာတာကို AAHistory တွေ့  မိတယ်။

ကျွန်မ အနေနဲ့  သူတို့  ခရစ်ယာန်တွေလို ဘုရားသခင်စီမှာ ဆုတောင်းတာ မဟုတ်ပေမယ့်..
ရနိုင်မယ်ဆိုရင်....

၁. မပြောင်းလဲနိုင်သော အရာများကို လက်ခံရန် တည်ငြိမ်အေးဆေးသော စိတ်ဓာတ်ရယ်..
၂. ပြောင်းလဲနိုင်သော အရာများကို ပြောင်းလဲရန် ရဲရင့်သော သတ္တိ နဲ့ ...
၃. အဲဒီ အရာနှစ်မျိုးရဲ့ ခြားနားမှု့ ကို သိနိုင်သော ဥာဏ်ပညာ ..

ဒီသုံးခု ကျွန်မမှာ အမြဲ ရှိစေချင်တယ်။

4 comments:

ThuHninSee said...

နေနေေ၇

ပြန်လာပြီဟေ့..

Nay Nay Naing said...

မမွန်ရေ..
ပြန်လာတာကို ကြိုဆိုပါတယ်.. မမွန်ဘလောခ့်မှာ ကွန့် မန့် ရေးထားသေးတယ်။ ပိုစ့် အသစ်မရေးတဲ့ ရက်တွေအတွက် အတိုးချပြီး များများ ရေးပါဦး။

AwLanMg said...

ညီမလေးရေ
ဒီပို့စ်ကိုအရမ်းသဘောကျတယ်။
နောင်ကိုးကားဘို့ ကူးယူထားလိုက်တယ်နော်။

Nay Nay Naing said...

ဟုတ်ကဲ့ အစ်ကိုကြီး။ :)