Pages

December 01, 2006

World AIDS Day - 2006

FRIDAY, DECEMBER 1st IS WORLD AIDS DAY
သီတင်းတွေလိုက်ဖတ်ရင်းနဲ့  Google က တဆင့် ဒီနေ့ ဟာ WORLD AIDS DAY ဖြစ်တယ်သိလိုက်ရတယ်။
လူသားအားလုံးကို ချောက်လန့် နေတဲ့ ဒီရောဂါဆိုးကြီး၊
ကာကွယ်ရန် နည်းလမ်းပဲ ရှိပြီး၊ ကုသရန်နည်းလမ်း ရှာဖွေမတွေ့ သေးတဲ့ ဒီရောဂါဆိုးကြီး၊
လူငယ် နဲ့  လူလတ်ပိုင်း အရွယ်ကောင်းတွေမှာ အဖြစ်များနေတဲ့ ဒီရောဂါဆိုးကြီး။

ခုချိန်မှာ ဒီရောဂါကြီးက ကျွန်မတို့  ပတ်ဝန်းကျင်ကို ချောက်လှန့် နေပါပြီ…
ကျွန်မ ရန်ကုန်ပြန်တုန်းက ကြားရ၊ မြင်ရတာတွေအရလည်း ရန်ကုန်က ရပ်ကွက်တွေမှာ AIDS ကူစက်ခံထားရသူတွေ အများအပြား ရှိနေပါတယ်.. တိကျတဲ့ စာရင်း ကောက်ခံမှု့ ၊ သတင်း ထုတ်ပြန်မှု့  မရှိလေတော့ ဘယ်လောက်တောင် ပြန့် ပွါး နေပြီလည်း အတိအကျ မသိရပေမယ့်၊ သတင်းတွေ အရတော့ လူ ၁၀၀ မှ ၂ ယောက်ဟာ AIDS ကူးဆက်ခံနေရပါတယ်တဲ့….

STOP AIDS: Keep The Promise
ကျန်းမာရေး အသိပညာ ဖွင့်ဖြိုးမှု့ မရှိလို့ 
ကျန်းမားရေး စောင့်ရှောက်မှု့ မရှိလို့ 
ရောဂါ ကူးစက်ခံခဲ့ ရတဲ့ သူတွေ….
ရောဂါရှင် မိဘများထံမှ တဆင့်ကူးစက်ပြီး
ဒီရောဂါ နဲ့  အတူ မွေးဖွါးလာရတဲ့ ကလေးငယ်များ…..
ရောဂါရှင်မိဘများ သေဆုံးသွားလို့ 
ကျန်ရစ်ခဲ့သော မိဘမဲ့ ကလေးငယ်များ....
လိုအပ်တဲ့ ကုသမှု့ မရရှိတဲ့
ရောဂါ ကူးစက်ခံနေရတဲ့ ဒီရောဂါရှင်တွေ…

မြန်မာပြည်မှာ ဘယ်လောက်တောင်များနေသလဲ…..

ဒီရောဂါဆိုးကြီး မပြန့် ပွါးအောင်
ပညာပေးကြပါ။
ကာကွယ်ကြပါ။

ရောဂါကူးစက်ခံနေရသူတွေကို
အားပေးကြပါ။
ကူညီကြပါ။

ဒီရောဂါကြောင့် မိဘမဲ့ ဖြစ်နေရတဲ့ ကလေးတွေကို
စာနာကြပါ။
စောင့်ရှောက်ကြပါ။

No comments: