Pages

December 13, 2006

Joke Of The Month

ဒီနေ့  ခေတ်ပြိုင်က သတင်းတစ်ခုဖတ်ပြီး ရယ်ချင် သွားတယ်။ Joke of the Month လို့  ပြောရမလား။ ဒီသတင်း ဖတ်ပြီးမှ နောက်ဆုံးလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ဘာလို့  မပါတာလဲဆိုတာ သဘောပေါက်တော့တယ်။ ပြန်ကြားရေးဝန်ကြီးက မှန်တာတွေပြောလို့ ၊ လိမ်တာကို သဘာဝကျကျ မလိမ်တတ်လို့  ဆိုပြီး ပြောရေးဆိုရေး အပိတ်ခံရတယ် ဆိုတာမျိုး ကျွန်မတို့  နိုင်ငံတစ်ခုတည်းမှာ ရှိမယ်ထင်တယ်။

ပြန်ကြားရေးဝန်ကြီး ပြောရေးဆိုရေးပိတ်ပင်ခံရခြင်း - ခေတ်ပြိုင်

ပြန်ကြားရေး ၀န်ကြီးဆိုတာ ကျွန်မနားလည်တာတော့ ပြန်ကြားရေးနဲ့  ပတ်သက်ရင် အကြီးဆုံး၊ တာဝန် အရှိဆုံးသူ ဖြစ်ပါတယ်။ အဲ့ဒီ ပြန်ကြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့် အပိတ်ခံရတယ်ဆိုတော့ တော်တော်ကို ရယ်ရပါတယ်။ သူ့ အစား ဘယ်သူက ပြန်ကြားပေးရမလဲ မသိဘူး။ စဉ်းစားလေ ရယ်ဖို့ ကောင်းလေပဲ။

စစ်အစိုးရ လက်ထက်မှာ ကမောင်ကမ ရှိပုံများ.. ရှက်များရှက်တက်လို့ကတော့ … …
ဒါပေမယ့် သူတို့ က ဒါကို ရှက်ရကောင်းမှန်းလဲ သိမယ့်ပုံမပေါ်ပါဘူး။
ဥပမာ ပေးရရင်.. လူတချို့ က ရန်ဖြစ်ရင်၊ လမ်းမပေါ်ထွက်ပြီး လုံချည်လှန်၊ အော်ဆဲနဲ့  ရန်ဖြစ်တက်ကြတယ်။ ပြီးတော့ သူဒီလို လုပ်လိုက်လို့  တဖက်လူက ဘာမှ ပြန်မပြောရဲ၊ သူတို့ နဲ့ ပြန်ရန်မဖြစ်ရဲဖူးဆိုပြီး ဂုဏ်ယူတတ်ကြတယ်။ လူတချို့ ကတော့ ဒီလိုလုပ်တာဟာ သေလောက်အောင် ရှက်ဖို့ ကောင်းတဲ့ ကိစ္စလို့  မြင်တတ်ကြတယ်။ ဒီသဘောပါပဲ။

မင်းကိုနိုင်တို့  ကိစ္စ တုန်းကလည်း ဆွေးနွေးဖို့  ခဏခေါ်တာဘာဆိုပြီး၊ နောက်ကျတော့ ထိန်းသိမ်းထားတယ် ဖြစ်သွားပြန်ရော…။ ဒါ cabinet-level officer ပြောတဲ့ စကားပါ။ ဒီ အစိုးရ စကား ဘယ်လောက်များ ယုံကြည်စိတ်ချ ရပါသလဲ။

ကျွန်မ ဖတ်ခဲ့ မှတ်ခဲ့ မိတာလေး တစ်ခုပါ။ ဗိုလ်ချုပ်အောင်ဆန်း က ဒုတိယ ကမ္ဘာစစ်တုန်းက British နဲ့  မဟာမိတ်ပြန်ယူပြီး ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲဖို့  British စစ်တပ်က အရာရှိနဲ့  လျှို့ ဝှက်ဆွေးနွေးဖို့  သွားခဲ့ပါတယ်။ ဗိုလ်ချုပ်က British တွေရဲ့ နယ်မြေမှာ သွားတွေ့ ခဲ့တာပါ။ အဲ့လို တွေ့ ဆုံကြတော့ British အရာရှိက ဗိုလ်ချုပ်အောင်ဆန်းကို မင်းကို ငါတို့  လှည့်ဖျားခေါ်ပြီး ဖမ်းလိုက်မှာ မကြောက်ဘူးလားလို့  မေးပါတယ်တဲ့။ ဗိုလ်ချုပ်အောင်ဆန်း က ခင်ဗျားက British Officer တစ်ယောက်ဖြစ်နေတဲ့ အတွက်၊ စိတ်မပူပါဘူးလို့  ပြန်ဖြေခဲ့ပါတယ်။ စဉ်းစားကြည့် အဲ့ဒီတုန်းက ဗိုလ်ချုပ်ဟာ ရန်သူကိုတောင် ယုံကြည့်ထိုက်လို့  ယုံကြည်ခဲ့တယ်။ အဲ့ဒီတုန်းက ဗိုလ်ချုပ်နဲ့  တွေ့ ခဲ့တာ နာမည်ကြီး British Officer တစ်ယောက်ပါပဲ။ ကျွန်မ နာမည်တော့ မမှတ်မိတော့ပါဘူး။

ဒီဘက် မင်းကိုနိုင်တို့ ခေတ်မှာတော့ အမျိုးသားပြန်လည် စည်းလုံးရေးအတွက် Burmese Officer နဲ့  တွေ့ မှသာ ခံလိုက်ရတော့တာပါပဲ။ ကျွန်မတို့  လက်ရှိ အစိုးရရဲ့ ယုံကြည်စရာ မကောင်းလိုက်ပုံတွေက ပြော မကုန်နိုင်အောင်ပါပဲ။

5 comments:

Kyal Sin said...

Officer is General Sir William Slim of No 14 Army and place is Meik-Hti-Lar.

Nay Nay Naing said...

တော်လိုက်တဲ့ ငါ့ သူငယ်ချင်းကြီး။ နင်ဘာလို့  ဒီလောက်တော်နေရတာလဲ။.. ဒါထက် ..နင် ခုတလော ပိုတော်လာသလိုပဲ။ အင်း.. အပေါင်းအသင်းကောင်းလို့  ဖြစ်ရမယ်။

ကလိုစေးထူး said...

လွန်ခဲ့တဲ့ လေးရက်လောက်က ထင်ပါတယ်.. ကျနော် ဒီပို့စ်လေးမှာ ကွန်မန့် ၀င်ရေးခဲ့ပါတယ်.. အခု လာလည်ရင်းကြည့်တော့ တက်လာတာမတွေ့ဘူးဗျာ.. ကွန်မန့်တွေက ဘလော့ရှင်က ဖတ်ပြီးမှ တက်ခွင့်ရတယ်ဆိုတော့ ကျနော့်ကွန်မန့်လေး ဆင်ဆာထိသွားတာပေါ့.. ကျနော် ပေးတဲ့ မှတ်ချက်မှာ တစုံတရာ မှားယွင်းမှုရှိတာများလား.. စိတ်မကောင်းဖြစ်မိပါတယ်ခင်ဗျာ..

Nay Nay Naing said...

ကို ကလိုစေးထူ…

အစ်ကိုရဲ့ ပထမ ကွန်မန့် ကို မရလိုက်ပါဘူး.. ကွန်မန့် တွေမှာ approval ထားတာကလည်း ကြော်ငြာတွေနဲ့  တစ်ခြား personal နဲ့  အရမ်းဆိုင်တွေ လာရေးမှာ စိုးလို့ ပါ။ တစ်ခြား အကြောင်းတွေတော့ ဆင်ဆာလုပ်တယ်ဆိုတာ မရှိပါဘူး။ ပုံမှန် comment ၀င်လာရင် email notification ထားတာဆိုတော့ ကျွန်တော်စီ email လာပါတယ်။ ဒီနေ့ အစ်ကို ကွန့် မန့် ကိုတွေ့ လို့  အီးမေးတွေကိုရော.. blogger မှာရောပါ.. သေချာ ထပ်ကြည့် လိုက်ပါသေးတယ်။ အစ်ကိုစီက ရတာ ဒီပိုစ့်အတွက်ဆို ဒီကွန်မန့် က ပထမဆုံးပါ။ ကြယ်စင်က လွဲရင် ဒီပိုစ့်မှာ ဘယ်သူမှ ဘာမှ၊ လာမရေးလို့  ဘာကြောင့်များပါလိမ့်လို့  တွေးနေမိ ပါသေးတယ်။

အစ်ကို ပထမဆုံး ရေးသွားတဲ့ ကွန်မန့် မှာ ဘာတွေများ ရေးသွားတာလည်း သိချင်မိတယ်..

ကလိုစေးထူး said...

ကျနော်ရေးခဲ့တဲ့ ပထမကွန်မန့်က သိပ်အထူးခြားကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လဲ အတိအကျ မမှတ်မိတော့ပြန်ဘူးဗျ.. :D ပြန်ကြားရေးဝန်ကြီးရဲ့ အမည်ခံ သနားစရာ ဘ၀ကို မှတ်ချက်လေး ရေးခဲ့တာပါ။ တခုခု အမှားအယွင်း (ကျနော့်ဘက်က)ကြောင့် မရောက်တာပဲနေမှာပါ။ အခုလို ပြန်ဖြေပေးတာ ကျေးဇူးပါ။