Pages

Showing posts with label FreeCall. Show all posts
Showing posts with label FreeCall. Show all posts

May 31, 2010

TipMeet ( Free US$ 3 to call Home)

TipMeet.com မှာ အကောင့်တစ်ခု ဖွင့်လိုက်မယ် ဆိုရင် Free US$ 3.00 ရနေပါတယ်။ အဲဒီ ၃ ဒေါ်လာ သုံးပြီး ရန်ကုန်ကို ခေါ်ကြည့်တာ ရတယ်လို့သိရပါတယ်။

ဟုတ်ပါတယ်။ တကောင့်ဖွင့်ကြည့်တာ ယူအက်စ် ၃.၀၀ ရတာပါ။ အကောင့်ထဲ စ၀င်ဝင်ချင်းမှာ USD 0.00 လို့ ပဲပေါ်တာတွေ့ ရတယ်။ ဒါပေမယ့် တခြား Page တွေကို သွားလိုက်ပါ။ ပြီးရင် Home ကိုပြန်လာကြည့်တဲ့ အခါ USD 3.00 ဆိုပြီး ပေါ်လာတာ တွေ့ ရပါတယ်။ အလုပ်မှာဆိုတော့ အကောင့်ပဲ ဖွင့်ကြည့်လိုက်တယ်။ ဟိုပိတ်ဒီပိတ် ဆိုတော့ စမ်းခေါ်ကြည့်လို့  မရဘူး။ ရတဲ့သူများ ခေါ်နိုင်အောင်လို့  ထပ်ဆင့် သတင်းပေးတာပါ။

ဘယ်လို ခေါ်ရမလဲဆို "TipMeet2Go" ဆိုတဲ့ Tag မှာ ပြီး ကိုယ်ခေါ်ချင်တဲ့ ဖုန်းနံပါတ်ထည့် (00 + country code + city code + phone number) ခေါ်ရတယ်လို့  ထင်တယ်။ ကိုယ်လည်း မခေါ်ကြည့်ရသေးလို့  သေချာ မပြောနိုင်ဘူး ဖြစ်နေတယ်။ ဒီမှာတော့ ဖတ်လို့ ရတယ်။ How to make a call ။ ကိုယ့်တိုင် ခေါ်လို့ သာ မရတယ်။ စမ်းလိုက်တာ အကောင့် ၃ ခု ဖွင့်ပြီးသား ဖြစ်သွားတယ်။ :D

အကြံဥာဏ်ပေးချင်တာက ဒီလို ဆိုဒ်တွေ သုံးမယ်ဆို ကိုယ့်ရဲ့ Primary Email မသုံးပါနဲ့ ။ ဖြစ်နိုင်ရင် အလကားရတဲ့ Gmail/Yahoo/Hotmail မှာ အီးမေး အကောင့်တွေ စိတ်ကြိုက် ထပ်ဖွင့်ပြီး သုံးပါ။

Credit to Ko Boyz

May 16, 2008

Free 2 hours call to Myanmar until 22-05-2008

rebtel.com မှာ Account တစ်ခု လုပ်ပြီးရင် မြန်မာပြည် ကို ၂ နာရီ 30 မိနစ် ကြာ Free ဖုန်းခေါ်လို့ ရကြောင်း သိရပါတယ်။ အင်တာနက်ကို သုံးပြီးခေါ်ရ တာ မဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်းကနေ တိုက်ရိုက် ခေါ်ဆိုရတာ ဖြစ်တဲ့ အတွက် သုံးရတာ ပိုပြီး အဆင်ပြေပါတယ်။

Free 2 hours 30 minutes call to Myanmar until 22-05-2008


Update : 17 May 2008
Fair-use policy allows you 2 hours to China. We have to limit the calls to Myanmar to 30 min (10 trial min for new users + 20 min for all users) since the amount of calls is starting to affect the quality.


အသုံးပြုရတာ လွယ်ကူ ပါတယ်။
- rebtel.com မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့်တစ်ခု အရင်လုပ်ရပါမယ်။
- ပြီးရင် ကိုယ်ခေါ်ချင်တဲ့ (မြန်မာပြည်) က ဖုန်းနံပါတ်ကို ထည့်လိုက်ပါ။
- Local phone Number တစ်ခု ပေးပါလိမ့်မယ်။ ကိုယ်ဆက်သွယ်ခေါ်ဆိုရမယ် Local Number ကို Webpage မှာ ပြပေးသလို့  မိုဘိုင်းဖုန်း နဲ့  Register လုပ်ထားတယ် ဆိုရင် အဲ့ဒီ ဖုန်းကို SMS ၀င်လာပါတယ်။

ဒါဆို ကိုယ့်ရဲ့ Resigster လုပ်ထားတဲ့ ဖုန်းကနေပြီး အဲ့ဒီ သူတို့ ပေးတဲ့ နံပါတ်ကို တိုက်ရိုက် ခေါ်လိုက်ရင် (ရန်ကုန်က) ကိုယ် ခေါ်ချင်တဲ့ ဖုန်းကို ရောက်သွားပါမယ်။ အဲဒီလို ခေါ်တဲ့ အတွက် rebtel က သူတို့ ရဲ့ Service (IDD Call) ကို Free ပေးပေမယ့် ကိုယ့်ရဲ့ ဖုန်းမှာတော့ Local Charge နဲ့ ပေးရ ပါလိမ့်မယ်။ (Update: သူငယ်ချင်းတစ်ယောက်ပြောလို့ စမ်းကြည့်တာ Mobile နဲ့  SignUp လုပ်ခဲ့ပေမယ့် Home Phone ကိုသုံးပြီး Rebtel ကပေးတဲ့ Local Number ကို ခေါ်တာလဲ ခေါ်လို့ ရပါတယ်)။

နိုင်ငံတိုင်းကတော့ ဒီ Service ကို သုံးလို့  မရပါဘူး။ US, Canada, UK, Singapore, Japan, Australia နဲ့  EU နိုင်ငံတွေက ဖုန်းတွေနဲ့ ဆို Register လုပ်လို့ ရပါတယ်။ Thailand, Malaysia , Korea စတဲ့ နိုင်ငံတွေကတော့ သုံးလို့  မရပါဘူး။ တခြား ဘယ်နိုင်ငံတွေက Register လုပ်ပြီး အသုံးပြုနိုင်သလဲ သိချင်တယ်ဆို Rebtel-countries မှာ ကြည့်လို့ ရပါတယ်။

Phone number တစ်ခု ( Account တစ်ခု) က နေ မြန်မာပြည်ကို ၂ နာရီ ၃၀ မိနစ် IDD Free ပေးတာဆိုတော့ အိမ်ဖုန်း၊ အလုပ်ကဖုန်း၊ မိုဘိုင်းဖုန်း ရှိသမျှ ဖုန်းအကုန်လုံးနဲ့ account တွေ လုပ်ပြီးခေါ် လို့ ရတာပေါ့။ ဖုန်း ၅ လုံး ရှိတယ်ဆိုရင် မြန်မာပြည်ကို ၁၀ နာရီ စကား ပြောလို့  ရပြီ။ ရှိတဲ့ ဖုန်းတစ်လုံးနဲ့  Register လုပ်ပြီးပေမယ့် ရန်ကုန်ကို ခေါ်မကြည့်ရသေးဘူး။ စမ်းခေါ်ကြည့်ပြီးတဲ့ သူတွေ ပြောတာ ကတော့ အဆင်ပြေတယ်။ တချို့ ဆို ၁ နာရီလောက်တောင် ပြောဖြစ်တယ်လို့ ပြောပါတယ်။ တချို့ ကလည်း အသံ သိပ်မကြည်ဘူး ပြောတာ။ ဘာပဲဖြစ်ဖြစ် အလကားခေါ်လို့  ခေါ်လို့  ရနေတုန်း အမြန် ခေါ် သင့်တယ်။

Credit to okisan from NativeMyanmar and Mr.Programmer

December 01, 2006

JaJah - Free Your Voice

JaJahUS က သူငယ်ချင်း တစ်ယောက်က သူ ဒီ Service သုံးပြီး ရန်ကုန်ကို ဖုန်းခေါ်တာ အဆင်ပြေတယ် ပြောထဲ က ဒီ JaJah အကြောင်း ရေးမယ် စဉ်းစားနေတယ်။ ဟိုတစ်ခါ မမွန်ကိုတွေ့ တုန်းကလည်း ဒီ Site နဲ့  သူတို့ ပေးတဲ့ Service အကြောင်း ရေးမယ် ပြောခဲ့သေးတယ်။ ဒါပေမယ့် ကိုယ့်ဟာကို ရှုပ်နေတာနဲ့  ဒီ Website ကို သေချာ မစမ်းဖြစ်သေးလို့  မရေးဖြစ်ဘူး ဖြစ်နေခဲ့တာပါ။ လုပ်မယ်ပြောပြီး မလုပ်ဖြစ်တာ အတွက် စိတ်ထဲမှာ အားနာမိတယ်။

ဒီ JaJah က အရင်တစ်ခါရေးခဲ့တဲ့ FuturePhone လိုပဲ အင်တာနက်ကနေ ကိုယ်ခေါ်ချင်တဲ့ ခေါ်လို့ ရတဲ့ Service ပေးပါတယ်။ ဟို FuturePhone က US က လူတွေပဲ သုံးလို့ ရတာဖြစ်ပေမယ့် ဒီ JaJah ကတော့ နိုင်ငံတော်တော်များများက သုံးလို့ ရပါတယ်။ ကျွန်မတို့ အတွက် အသုံးဝင်တာပေါ့။ ကိုယ့်ဟာကို အရင် တစ်ပတ်က register လုပ်လိုက်တယ်။ ဒီ JaJah က ကိုယ်ခေါ်ချင်တဲ့ Phone No က သူ က Free ပါလို့  ပြောထားတဲ့ နိုင်ငံက ဖြစ်နေဦးတော့ Phone တိုင်းကို Free ပြောလို့ မရပါဘူး။ သူ့ Service မှာ Register လုပ်ထားတဲ့ Phone No တွေကိုခေါ်မှ သာ Free ပြောလို့ ရတာပါ။ ဒီတော့ Register User အချင်းချင်း စမ်းကြည့်ဖို့  သူငယ်ချင်းတွေကို register လုပ်ပါပြောတာ ဘယ်သူမှ မလုပ်ကြဘူး ။ ကျွန်မက သူတို့  ကိုယ်စား register လုပ်ပေးလို့ ကလည်း မရဘူးလေ။ ဘာလို့ လည်းဆိုတော့ ဒီ site က IP address ကို ဖတ်ပြီး Country Code ကို auto ထည့်ပေးတာဆိုတော့ ကျွန်မ register လုပ်ရင် ကျွန်မနေတဲ့ Country ကလွဲလို့  တခြား နိုင်ငံကို ရွေးလို့ မရဖြစ်နေတာကို... တစ်ခုတော့ ရှိတယ်၊ JaJah က သူတို့  Service ကို Register လူတိုင်း စမ်းကြည့်လို့  ရအောင် သူတို့ စီမှာ Account ဖွင့်လိုက်တာနဲ့  Account Balance မှာ ၀.၆၅ $ တည့်ပေးတယ်။ ကျွန်မလဲ အဲ့ဒီ ပိုက်ဆံနဲ့  တစ်ချို့ ဖုန်းတွေကို စမ်းခေါ်ကြည့်တာတော့ အသံကြားရတာ ကြည်ကြည်လင်လင်ပါပဲ။

နောက်မှ ထပ်စမ်းပြီး ရေးမယ် စိတ်ကူးတာ ခုတော့ ရေးစရာ မလိုတော့ဘူး.. ကံကောင်းပုံများ.. မနေ့ က ကို TZA က သူ့ ရဲ့ ဘလောခ့်မှာ ဒီအကြောင်းလေး ရေးတင်လိုက်တာတွေ့ လိုက်ရတယ်။ ကျေးဇူးတင်ပါတယ် ကို TZA ရှင့်...

ခုဆို ဒီ Servie အကြောင်း အသေးစိတ်သိလိုသူတွေ ကို TZA ဘလောခ့်မှာ သွားဖတ်ကြည့်နိုင်ကြပါတယ်။ မမွန်လည်း အဲ့ဒီမှာပဲ သွားကြည့်လိုက်ပါနော်..

November 15, 2006

Free International Call From U.S.A - Futurephone

ယူအက်စ်ကနေ တခြားနိုင်ငံတွေ (နိုင်ငံပေါင်း 50 ကျော်ကို ၊ မြန်မာနိုင်ငံတော့ မပါပါဘူး) ကို free ခေါ်လို့ ရတဲ့ Site ပါ။ User အကောင့်တွေဘာတွေ ဘာမှ create လုပ်စရာမလို သလို ၊ Internet ကိုလည်း သုံးနေစရာမလို ပါဘူး။ ကြိုက်တဲ့ နေရာက နေ ဖုန်းခေါ်လို့ ရပါတယ်။ ကိုယ့်မှာ ဖုန်းလေး တစ်လုံးတော့ ရှိနေဖို့  လိုတာပေါ့နော်။



ကိုယ့်ရဲ့ ဖုန်းကနေ အဲ့ဒီ Site မှာ ပေးထားတဲ့ Ph no. ကို ဖုန်းခေါ်လိုက်ရင် အဲ့ဒီကနေပြီး ပြန်ခေါ်ပေးတယ်လို့  သိရပါတယ်။ ပြီးမှ ကိုယ်ခေါ်ချင်တဲ့ Ph no. ကို dial ပြီး ခေါ်လို့ ရတယ် ပြောထားတယ်။ သိသလောက်တော့ U.S က HandPhone ကိုင်တဲ့သူ တော်တော်များများ ယူထားတဲ့ Service Plan တွေက Incoming Call တွေ အတွက်ကိုပါ ပိုက်ဆံပေးရတယ်ဆိုတော Daytime( Peak Time) ဆို သူတို့ တွေ သုံးရတာ အဆင်ပြေမယ် မထင်ဘူး။ ဒီနိုင်ငံလို Incoming Call ဆို တစ်ပြားမှ မပေးရတဲ့ တိုင်းပြည်မှာသာ ဒီလို အလကား ဖုန်းခေါ်လို့  ရတဲ့  Service မျိုး သာရလို့ ကတော့ ဘယ်ပြောကောင်းလိုက်မလဲ။ ဒါပေမယ့်လည်း သူတို့ စီမှာ ဖုန်းအများစုက ဒီမှာလို မဟုတ်ပဲ Off-Peak Time တွေမှာ Incoming Call ရော၊ Outgoing Call ရော free ဆိုတော့ ညနေနဲ့  ညဖက်တွေမှာ ဒီ Site က Ph no. ကိုသုံးပြီး Oversea Call ခေါ်ရင်တော့ အဆင်ပြေလောက်တယ်။ ဘာပဲ ပြောပြော အလကားခေါ်လို့  ရတယ်ဆိုတော့ ကောင်းတာပေါ့။

ကျွန်မတို့  ဒီနိုင်ငံမှာ သုံးလို့  မရပေမယ့် သုံးလို့ ရတယ်သူများ သုံးနိုင်အောင် မျှဝေလိုက်တာပါ။ ယူအက်စ်က သူငယ်ချင်းတစ်ယောက်ကတော့ ဒီ Site ကို သူတို့ ဆီက သတင်းစာတွေမှာလည်း ကြော်ငြာထားတာ တွေ့ တယ်လို့ ပြောပါတယ်။

Source : FuturePhone.com