Update : 17 May 2008
Fair-use policy allows you 2 hours to China. We have to limit the calls to Myanmar to 30 min (10 trial min for new users + 20 min for all users) since the amount of calls is starting to affect the quality.
အသုံးပြုရတာ လွယ်ကူ ပါတယ်။
- rebtel.com မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့်တစ်ခု အရင်လုပ်ရပါမယ်။
- ပြီးရင် ကိုယ်ခေါ်ချင်တဲ့ (မြန်မာပြည်) က ဖုန်းနံပါတ်ကို ထည့်လိုက်ပါ။
- Local phone Number တစ်ခု ပေးပါလိမ့်မယ်။ ကိုယ်ဆက်သွယ်ခေါ်ဆိုရမယ် Local Number ကို Webpage မှာ ပြပေးသလို့  မိုဘိုင်းဖုန်း နဲ့  Register လုပ်ထားတယ် ဆိုရင် အဲ့ဒီ ဖုန်းကို SMS ၀င်လာပါတယ်။
ဒါဆို ကိုယ့်ရဲ့ Resigster လုပ်ထားတဲ့ ဖုန်းကနေပြီး အဲ့ဒီ သူတို့ ပေးတဲ့ နံပါတ်ကို တိုက်ရိုက် ခေါ်လိုက်ရင် (ရန်ကုန်က) ကိုယ် ခေါ်ချင်တဲ့ ဖုန်းကို ရောက်သွားပါမယ်။ အဲဒီလို ခေါ်တဲ့ အတွက် rebtel က သူတို့ ရဲ့ Service (IDD Call) ကို Free ပေးပေမယ့် ကိုယ့်ရဲ့ ဖုန်းမှာတော့ Local Charge နဲ့ ပေးရ ပါလိမ့်မယ်။ (Update: သူငယ်ချင်းတစ်ယောက်ပြောလို့ စမ်းကြည့်တာ Mobile နဲ့  SignUp လုပ်ခဲ့ပေမယ့် Home Phone ကိုသုံးပြီး Rebtel ကပေးတဲ့ Local Number ကို ခေါ်တာလဲ ခေါ်လို့ ရပါတယ်)။
နိုင်ငံတိုင်းကတော့ ဒီ Service ကို သုံးလို့  မရပါဘူး။ US, Canada, UK, Singapore, Japan, Australia နဲ့  EU နိုင်ငံတွေက ဖုန်းတွေနဲ့ ဆို Register လုပ်လို့ ရပါတယ်။ Thailand, Malaysia , Korea စတဲ့ နိုင်ငံတွေကတော့ သုံးလို့  မရပါဘူး။ တခြား ဘယ်နိုင်ငံတွေက Register လုပ်ပြီး အသုံးပြုနိုင်သလဲ သိချင်တယ်ဆို Rebtel-countries မှာ ကြည့်လို့ ရပါတယ်။
Phone number တစ်ခု ( Account တစ်ခု) က နေ မြန်မာပြည်ကို
Credit to okisan from NativeMyanmar and Mr.Programmer
2 comments:
Nope. It's 2hrs to China.
Only 30mins to Burma.
:)
မနေ့ ညက အထိ မြန်မာပြည်ကိုပါ ၂ နာရီ free ခေါ်လို့ ရတယ် ပြောထားတယ်။ တကယ်လဲ ခေါ်လို့  ရခဲ့ကြတယ်။ ခေါ်တဲ့သူတွေများလို့  ၂ နာရီ မပေးနိုင်တော့ပဲ မိနစ် ၃၀ ပြောင်းသွားတာ ဖြစ်မယ်။ ခုလို သတင်းပေးတာ ကျေးဇူးပါပဲ ညီမရေ
Post a Comment