Pages

May 07, 2008

Support victims of the cyclone in Myanmar

မြန်မာနိုင်ငံရဲ့ ဆုံးရှုံးမှု့ တွေကို လူသားချင်းစာနာတဲ့ ကမ္ဘာအဖွဲ့ အစည်းတွေက အားလုံးက ၀ိုင်းဝန်းကူညီ ပန့် ပိုးဖို့  ကြိုးစားနေပါတယ်။ အခုဆို Google ကတောင် မြန်မာပြည်မှ မုန်တိုင်းဒုက္ခသည်တွေအတွက် Donation လုပ်လို့ ရတဲ့ လင့်တစ်ခု (Support disaster relief in Myanmar (Burma) ) ကို သူရဲ့ Homepage မှာ တင်ပေးထားတာ တွေ့ လိုက် ရပါတယ်။ အဲ့ဒီမှာ ထည့်ဝင်လိုက်တဲ့ အလှူငွေတွေဟာ ယူအန် နဲ့  ယူနီဆက်ဖ်ရဲ့ မြန်မာ့မုန်တိုင်း ကူညီကယ်ဆယ်ရေး ရန်ပုံငွေ အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာပါ။
ပြည်ပက မြန်မာအသိုင်းအ၀ိုင်းတွေထဲမှာလည်း နိုင်ငံအလိုက် အလှူငွေတွေ ကောက်ခံနေတာကို တွေ့ ရတယ်။ နိုင်ငံအလိုက် ဘယ်လို၊ ဘယ်နေရာတွေမှာ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းပေးထားတဲ့ ဘလော့ပိုစ့်တွေကို ညွှန်းလိုက်ပါတယ်..

  • Singapore and Online PayPal Donation : Myanmar Cyclone Relief Donations ****
  • Singapore: Nargis မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူပြည်သားများအတွက် ကူညီကြရန် တိုက်တွန်းနှိုးဆော်ခြင်း (Lin Let Kyal Sin) ****
  • England : Please give our people a hand (Nine Nine Sanay) ****
  • USA -SF Bay Area: Burma Cyclone Relief Program (BCRP) ****
  • Thailand : ငွေကြေးနှင့် အ၀တ်အထည်များ ဆက်သွယ်လှူဒါန်းပါရန် (ကိုတိုး)****
  • Singapore, Russia, Korea , USA and England : ဆက်သွယ်လှူဒါန်းရန် နေရာများ - Help for Crisis with Cyclone Nargis ****

No comments: