Pages

May 31, 2008

Google's New Blue Favicon

ဒီနေ့  Google မှာ သိချင်တာလေးတွေ လိုက်ရှာနေရင်း Google Website ရဲ့ Favicon ပြောင်းသွားတာကို သတိထားမိတယ်။ ရောင်စုံ capital letter ကနေ အပြာရောင် small letter ကို ပြောင်းသွားတာပါ။ အပြာရောင်လို့  ထင်တာပဲ။ အရောင်က ခရမ်းလိုလို အပြာလိုလို။ ဘယ်တုန်းက စပြီး ပြောင်းနေတာလဲ၊ ဘာလို့ ပြောင်းတာလဲ သိချင်စိတ်နဲ့  Google လုပ် ကြည့်တော့ မေ ၃၀ မနက် ယူအက်စ် အချိန်မှာ ပြောင်းသွားလို့ သိရတယ်။ ဒီမှာတော့ မေ ၃၁ ရက်နေ့  ရှိပြီ။ Official Google Blog မှာတော့ အဲ့ဒီ အကြောင်းနဲ့  ပတ်သက်ပြီး ဘာမှ ရေးထားတာ မတွေ့ ဘူး။

Old Favicon :
New Favicon :

Google က Google's Style ဆိုပြီး Home Page က Logo ကို အမြဲ ပြောင်းလေ့ ရှိသလို Favicon ကို ပြောင်းဖို့ များ စိတ်ကူးနေသလား မသိဘူး။ ဘာရယ်မဟုတ်ပါဘူး။ သတိထားမိလိုက်တာလေးကို ထွေထွေထူးထူး၊ လုပ်စရာ မရှိပဲ အားနေတာနဲ့  ရေးလိုက်တာပါ။

Holiday Logos and Events - Google style!

6 comments:

Ko Boyz said...

ဒေါ်နေနေနိုင်က အားလို့ ဒီပိုစ်ကို ရေးလိုက်သလို ဂူဂဲလ်ကလဲ အားနေလို့ သူတို့ ဖေဗီကွန်လေးတွေ ပြောင်းနေတာပေါ့...။ ခုနကတော့ ကြည့်လိုက်တယ်...။ ဘယ်က မြန်မာအက္ခရာ ဥ က Browser ပေါ် လာပေါ်နေတာလဲလို့...။ မလေးရောက်နေလို့ ဒီလိုပေါ်တာလား ထင်နေတာ...။ သတိထားမိတာ ၂ ယောက်ရှိပြီဆိုတော့ အဖေါ်ရှိသွားပြီ...။

Nay Nay Naing said...

ဟုတ်မှာ... အားတဲ့သူတွေမှသာ ဟိုပြောင်းဒီပြောင်း၊ ဟိုရေးဒီရေး၊ ဟိုဖတ်ဒ်ီဖတ် လုပ်နိုင်တာ :D..

Thinzar said...

heehee..သူတို့ကလည်း ဘာမပြော ညာမပြော ပြောင်းထည့်လိုက်တော့ အစက ကိုယ့် browser ကို virus များ attack လုပ်သွားသလားလို့တောင် ကြောင်တောင်တောင် ထင်လိုက်မိသေးတယ် ;-)

Nay Nay Naing said...

ဟုတ်ပါ့။ စသတိထားမိတုန်းက အဲ့လိုပဲ ဖြစ်သွားတယ်။ အခုအချိန်အထိ အဲ့ဒီ g လေးကို ကြည့်ရတာ ဘာလိုနေမှန်းမသိ၊ အဆင်မပြေဘူး။

Anonymous said...

ဟုတ်တယ်.. စသတိထားမိတုန်းက မthinzar ပြောသလို ဘာများဖြစ်သလဲလို့.. မn3 ပြောသလို ခုထက်ထိ ကြည့်ရတာ ကိုးလိုးကန့်လန့်နဲ့..

Nay Nay Naing said...

ညီမ demo... အဲ့ဒီ လက်ရှိ Google Favicon က final မဟုတ်သေးဘူးတဲ့.. ထပ်ပြောင်းအုံးမှာ..