ပွတ်ကာသီကာ မဟုတ်ဘူးနော်.. မြန်မာပြည်သူပြည်သားတွေက အခြေခံဥပဒေမူကြမ်းကို အပြတ်အသက် ထောက်ခံမဲတွေ ပေးကြတာ။ ၉၂% ထောက်ခံခဲ့တာတဲ့လေ.... ဒီစစ်အစိုးရနှယ်… ဘာကြောင့် မဲပေးသူများရဲ့ ၉၉.၉၉% က ထောက်ခံမဲ ပေးတယ်လို့  မပြောတာလဲ မသိဘူး။ ၀.၀၁% က ပယ်မဲပေါ့။ ဒါမှမဟုတ် မဲပေးသူတွေ အားလုံး၊ ၁၀၀% လုံးက ထောက်ခံမဲ ပေးခဲ့ကြတယ်လို့  ကြေညာလိုက်ပါတော့လား။ အဲ့ဒါဆို မကြုံစဘူး မဲပေးသူအားလုံး ထောက်ခံမဲပေးကြတဲ့ ထူးခြားလှတဲ့ ပြည်လုံးကျွတ် ပြည်သူ့  ဆန္ဒခံယူပွဲကြီးဆိုပြီး ပိုနာမည်ကြီးသွားမှာ..
ဒီနေ့ ထုတ် မြန်မာပြည်ကထုတ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံ နဲ့  The New Light Of Myanmar သတင်းစာတွေရဲ့ မျက်နှာဖုံး ပြည့်လုနီးပါး ပါလာတဲ့ သတင်းခေါင်းစဉ်တွေ။ ဒီနေ့ ထုတ် သတင်းစာတွေကို အသေအချာ ဒေါင်းလုပ်လုတ် သိမ်းထားရတယ်.. သက်သေတွေပေါ့..



3 comments:
ကျန်တဲ့ ၇.၆ ရာခိုင်နှုန်းက မဲမပေးရသေးဘဲ ကျန်နေတဲ့သူတွေ မေလ ၂၄ ရက်နေ့မှာ မဲပေးတဲ့အခါ ပြည့်သွားလိမ့်မယ်.. ဒါဆို ၁၀၀% ထောက်ခံတာဖြစ်သွားပြီ/ ဒါတောင် မုန်တိုင်းမိပြီးသေသွားတဲ့သူတွေ မဲမထည့်နိုင်တော့လို့။ နို့မို့ဆို ၁၁၀% ဖြစ်ချင် ဖြစ်သွားမှာ..
comment ဖတ်ပြီး ဘာပြန်ပြောရမယ်မှန်းတောင်မသိတော့ဘူး။ :D
ဝ.၀၁%က စင်ကာပူကလူတွေပေးတာတဲ့။
Post a Comment