Pages

May 27, 2008

No Internet @ Home

မနေ့ ညက ထူးထူးဆန်းဆန်း စောစော အိပ်ဖြစ်သွားတယ်။ အိမ်မှာ မနေ့ က ည ၈ နာရီ ကျော်လောက်ကစပြီး အင်တာနက် မရဘူး။ Connection ရှိနေတယ်။ ဒါပေမယ့် ဘယ်ဆိုဒ် ဘယ်ဟာမှ ၀င်မရဘူး။ ဘယ်ကြောင့်လဲ လိုက်ရှာတော့ ကျန်တာအကုန် အဆင်ပြေတယ်။ Starhub ကနေ ဖြစ်နေတာ။ ဘာမှ လုပ်မရ။ အခု လက်ရှိ နေတဲ့ အိမ်မှာ အင်တာနက်က ကိုယ့်နာမည်နဲ့ လျှောက်ထားတာ မဟုတ်။ အိမ်ရှင် နာမည်နဲ့  လျှောက်ထားတာ။ အိမ်ရှင်တွေက ဒီနိုင်ငံမှာ မရှိ။ Account No သိရင် တောင် StarHub ကို ဖုန်းဆက်လို့  ရနိုင်သေးတယ်။ အခုတော့ Account နံပါတ်လဲ မသိ၊ အိမ်လိပ်စာကလွဲရင် Information မှ မသိ။ အရင် Bill အဟောင်းတွေ မှာကြည့်ရင် Account No သိနိုင်တယ် တွေးမိလို့  Bill တွေ လိုက်ရှာတာ တစ်ခုမှ မရှိ။ နောက်ဆုံးတော့ ခုလို ဖြစ်တာ သိပ်ကြာမယ် မထင်ပါဘူး၊ အချိန်တန် ပြန်ကောင်းသွားမှာပါလို့  စိတ်ဖြေတွေးလေးတွေးပြီး စောစော အိပ်လိုက်ရတယ်။ တော်သေးတယ် အရေးတကြီး လုပ်စရာ မရှိလို့ ။ ဟိုတစ်ခါ အင်တာနက် ပြဿနာ တတ်တုန်းက အရေးတကြီးလုပ်စရာ ရှိနေတော့ အတော်လေး အဆင်မပြေ ဖြစ်သွားခဲ့တယ်။ အင်တာနက် မရှိတဲ့ ဒုက္ခ။

ဒီမနက် တရေးနိုး ၃ နာရီလောက် ကြည့်တဲ့ အထိ အင်တာနက်က မကောင်းသေးဘူး။ Bill မဆောင်လို့ ဖြတ်လိုက်တာလားလို့  တွေးမိပြီး စိုးရိမ်သွားတယ်။ အိမ်ရှင် ဘယ်လို Bill တွေ ဆောင်သလဲ ကိုယ်လည်း မသိ။ ၇ နာရီလောက် အထိ အင်တာနက်က မရသေး။ အလုပ်သွားခါနီး ၈ နာရီလောက်မှာ ကွန်ပြူတာ ကြည့်လိုက်တော့ အင်တာနက် ရနေတာတွေ့ လိုက်ရလို့  အတော်လေး စိတ်ချမ်းသာသွားတယ်။ အီးမေး တစ်ချက် စစ်မယ် လုပ်တုန်း Connection ပြန်ပြတ်သွားပြန်တယ်။ အပြင်မှာ မိုးတွေကလဲ သည်းကြီးမည်းကြီးရွာနေတယ်။ စိတ် မကြည်သာစွာနဲ့  အလုပ် ထွက်လာခဲ့တယ်။ ၀င်းတံခါးနားရောက်မှ အခန်းထဲမှာ ဖုန်းမေ့ကျန်ခဲ့တာ သတိရလို့  ပြန်တတ်ယူရသေးတယ်။ ဒီနေ့  တမနက်လုံး အလုပ်လုပ်ရတာ စိတ်မဖြောင့်ဘူး။ ညနေ အိမ်ပြန်ရောက်တဲ့ အခါ အင်တာနက် ပြန်ကောင်းနေပါစေ ဆုတောင်းနေတယ်။ မဟုတ်ရင် အလုပ်ရှုပ်အုံး တော့မယ်။

Update (28-May-2008): အင်တာနက် သုံးလို့ ရသွားပြီ။

7 comments:

mw said...

တစ်ခါတလေ အင်တာနက်မရှိတာကောင်းတယ် ။ ရုံးမှာလည်း ကွန်ပြူတာကြည့် ၊ အိမ်မှာလည်းကြည့်ဆိုတော့ ကျန်းမာရေးအတွက်မကောင်းဘူးလေ။ ဒါပေမဲ့လည်း ကော်ဖီလိုပဲ
စွဲနေတော့လည်း မရှိပြန်တော့ တစ်ခုခုလိုနေသလိုပဲ...

Ko Boyz said...

နြေက ရုံးမှာ တစ်ညနေခင်းလုံး အင်တာနက်မရဘူး...။ သူက စင်းတဲလ်...။ အင်တာနက် ဘက်ဘုန်းကျိုးနေတယ်လို့ မက်ဆေ့ခ်ျတက်လာတယ်...။ ဒုက္ခ...။ DOS ထဲကနေ ping ကြည့်တော့ ping လို့ရနေတယ်...။ အင်တာနက် ဂေါက်ကြောင်တာနေမှာ...။

Anonymous said...

အိမ်က စတားဟပ် က ဘာမှမဖြစ်ဘူး။ ကြည့်ရတာ ပြီးခဲ့ရက်တွေက မိုးကျွေးလိုက်တာ မြေအောက်ကြိုးတွေ အအေးမိသွားတယ်ထင်တယ်။ တချို့နေရာတွေမှာ စတားဟပ်က စင်းတဲလ်ရဲ့ ကေဘဲတွေသုံးထားတေါ့ စင်းတဲလ် တစ်ခုခုဆို စတားဟပ်လည်း တစ်ဒုဒုဖြစ်တာပါဘဲ။

ကျနော်လည်း အရင်တုံးက အဝေးရောက်အိမ်ရှင့် အိမ်ဌားဘူးတယ်။ အိမ်ရှင်ကစိတ်ကောင်းပါတယ်။ IC နဲ့ Account No ကိုရှောရှောရှူရှူပေးပါတယ်။ အမလည်း ကိုယ့်အခက်အခဲကိုပြောပြပြီး တောင်းကြည့်ပါလား။

Ko Boyz said...

ပြောင်းလိုက်တဲ့ ဘန်နာတွေ...။ ခုတော့လဲ ရဲရဲတောက် အီရောင်ကို မဟုတ်တော့ပါလား...။ စီဘောက် ရှာမတွေ့လို့ ဒီမှာ လာအော်တာ...။

Nay Nay Naing said...

pmmw ပြောတာ မှန်ပါတယ်။ အိမ်မှာရှိနေတဲ့ အချိန်ဆို အိပ်ချိန်ကလွဲရင် ကွန်ပြူတာရှေ့ မှာကြီးပဲ ရှိနေတာများတယ်။ ခုနောက်ပိုင်း အိမ်မှာရှိနေတဲ့အချိန် ကွန်ပြူတာ မသုံးမိအောင် ၊ အင်တာနက် မသုံးဖြစ်အောင် တခါတလေ နေကြည့်တယ်။ ဒါပေမယ့် ရှိနေပြီး ကိုယ့်ဟာကို မသုံးပဲနေတာနဲ့  မရှိလို့  မသုံးရတာ အတော်လေးတော့ ကွာသား..

zm >>
ဟုတ်တယ်.. ဒီရက်ပိုင်း မိုးအတော်ရွာတယ်။ ဒီနိုင်ငံမှာ နေရတာလည်း မလွယ်ပါလား။ စတားဟပ်က စင်းတဲလ်ရဲ့ ကေဘဲတွေ သုံးတယ်ဆိုတာ ခုမှ သိတယ်။ အခုအိမ်မှာ အရင်ဆို ဧည့်ခန်းထဲမှာ Starhub က စာတွေ တွေ့ တတ်တယ်။ ပြီးခဲ့တဲ့အပတ်က အိမ်ရှင် ၃-၄ ရက်လာနေတော့ အပြင်မှာရှိနေတဲ့ စာတွေ သိမ်းသွားတာ ဖြစ်မယ်။ ခုအိမ်ရှင်လည်း Starhub က Account No တောင်းရင်တော့ ပေးမှာပါ။ ရှိသမျှ အကုန် အိမ်ရှင်နာမည်နဲ့  အိမ်ရှင်က ဒီမှာမရှိတော့ အတော်လေး အဆင်မပြေဘူး။ သူတို့ က ရန်ကုန်မှာ နေတာဆိုတော့ တစ်ခုခုဆို ဆက်သွယ်ရခက်တယ်။ ခုလို အကြံပေးတာ ကျေးဇူးပါ :)

Ko Boyz >>
အလုပ်မှာ အင်တာနက် သုံးမရတာ အတော်စိတ်ပျက်ဖို့ ကောင်းတယ်။ သတင်းဖတ်မရ၊ ဖိုရမ် ၀င်မရ၊ ဂျီတော့ ၀င်မရနဲ့  ကိုဘွိုင်းဇ် အတော်ပျင်းမှာပဲနော်။
ခုရက်ပိုင်း အရောင်တွေနဲ့ ကစားနေလို့ ပါ။ မျက်စိနောက်နေသလား။ အနီရောင်ပါမှ ၃ ခါပဲပြောင်းရပါသေးတယ်။ အခု လက်ရှိ အရောင်က နက်ပြာရောင်၊ အင်း.. အချိန်ရရင် ဘန်နာ အရောင် ထပ် ပြောင်းဖို့  စိတ်ကူးရှိနေပါတယ်။ ဒါနဲ့  စီဘောက် ရှာမတွေ့ တာကတော့ မရှိလို့ ပါ :D

Ko Boyz said...

အေးကွယ်...။ ဒေါ်နေနေနိုင်ပြောမှပဲ ကျုပ်လဲ အလုပ်ထဲ သွားပြီး ဖိုရမ်တ်၊ သတင်းကြည့်၊ ဂျီတော့ခ် ပြော၊ ဘလော့ဂ်ရေးတဲ့သူ လုံးလုံးကြီးကို ဖြစ်လို့...။ ဟီး...။

Nay Nay Naing said...

လူတိုင်းကိုယ် ကိုယ်လိုပဲ လုပ်လေ့ရှိတယ် ထင်လိုက်လို့ ပါ :"> အလုပ်မှာ လုပ်စရာတွေ ပြီးတာ နဲ့  ဘာတွေနဲ့  ဘယ်လို တားတား လုပ်ချင်တာတွေကို မရ ရအောင် နည်းလမ်းရှာပြီး လုပ်တာပဲ :D