Pages

May 28, 2008

StreetMap@Singapore

အခုနောက်ပိုင်း တစ်နေရာရာ သွားရမယ်ဆို map.gov.sg ရဲ့ StreetMap@Singapore ကို သုံးပြီး အရင် ရှာကြည့် ဖြစ်တယ်။ အလုပ်က သူငယ်ချင်း တစ်ယောက် StreetDirectory က မှာ ပုံတွေ မမြင်ရတော့၊ တနေရာရာ သွားဖို့ ရှိတယ်ဆို ရှာရတာ အဆင်မပြေဘူး ပြောလာတာနဲ့  ဒီဆိုဒ်ကို ပြလိုက်တာ သူမသိဘူး။ တစ်ခါမှ မသုံးဖူးဘူးတဲ့။ ကျွန်မလည်း အရင်က ဒီဆိုဒ်ကို မသိပါဘူး။ ဟိုအရင်ထဲက ကျွန်မတို့  အမြဲသုံးနေကျ StreetDirectory.com မှာ ပုံတွေ မမြင်ရတော့မှာသာ Google နဲ့  လိုက်ရှာရင်း တွေ့ လို့  သုံးဖြစ်သွားတာပါ။ အရင် StreetDirectory သုံးတာ အကျင့်ပါနေတော့ အခုဆိုဒ်သုံးရတာ သိပ်အဆင်မပြေဘူး။ ဒါပေမယ့် ရှိနေတာလေးကိုပဲ ရအောင် သုံးရတော့တာပေါ့လေ။


StreetMap@Singapore က Singapore Land Authority (SLA) ရဲ့ Official Site (Map) ပါ။ Non-commercial နဲ့  Personal အတွက် သုံးလို့ ရတယ် ပြောထားတယ်။ ကိုယ်သွားချင်တဲ့ နေရာကို အဲ့ဒီမှာ ရှာတာက ရှာလို့ ရပါတယ်။ ဒါပေမယ့် အဲ့ဒီက မြေပုံတွေကို တစ်နေရာရာမှာ သုံးချင်တယ်ဆိုရင်၊ မသုံးခင်လေးမှာ Terms of use - SLA ကို အရင် ဖတ်ဖို့ မမေ့ပါနဲ့ ။ map.gov.sg မှာ စင်္ကာပူနိုင်ငံမှာ Free Wireless သုံးလို့ ရတဲ့ နေရာတွေကို ပြပေးတဲ့ Wireless@SG နဲ့  LandQuery လဲ ရှိပါတယ်။

ဒါနဲ့  StreetDirectory က ပုံတွေ ဘာလို့  မမြင်ရတော့တာလဲ သိချင်တယ်ဆိုရင် ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

www.map.gov.sg
StreetMap@Singapore
LandQuery
Wireless@SG

4 comments:

Ko Boyz said...

နောက်ဆုံးတော့ တို့တစ်တွေ သုံးနေကျ Streetdirectory.com ကို အရင်ကလို လွယ်လွယ်ကူကူ မသုံးရတော့ဘူးပေါ့...။ စားခွက်လုနေကြတာ...။ SLA က တော်ရုံ စားတာ မဟုတ်ဘူး...။

Anonymous said...

gothere.sg is not bad

Doughnut IO said...

Mighty Mind က ထုတ်တဲ့ Street Directory စာအုပ်နဲ့ Bus Guide ၂ အုပ်ပေါင်းမှ ၂၇ ဒေါ်လာလားပဲ ရှိပါတယ်။ စမ်းသုံးကြည့်ပါ။ ကျွန်တော် စင်ကာပူရောက်ပြီး နောက်တရက်မှာ ဆရာက အဲဒါဝယ်ပေးလိုက်တာပဲ။ သွားချင်တဲ့နေရာမှန်သမျှ အဲဒါကြည့်သွားတာပဲ။

Nay Nay Naing said...

Ko Boyz>> no comment :D

Anonymous and Law Shay >> Thanks alot for your useful information.