Pages

May 12, 2008

နေရောင်အောက်က အသက်ရှူသံတွေ ရပ်တန့် မသွားဖို့ 

ကျွန်မ ရဲ့ သူငယ်ချင်းတချို့ ဟာ လေဘေးဒုက္ခသည်များကို လှူဒါန်းဖို့  အစီအစဉ်လေးတွေ ဆွဲပြီး အလှူငွေများ ကောက်ခံ နေပါတယ်။ ပထဆုံး ပရော့ဂျက် အနေနဲ့  ကောက်ခံတာကတော့ သံလျင် ၁၈ ကုန်းမှာ အိမ်ခြေ ၁၇၆ အိမ်အတွက် တာလပတ်တွေ ၀ယ်ပေးလှူရန် အတွက်ပါ။ တစ်အိမ်ကို ၄၅၀၀ ကျပ်ကျမယ်ဆိုတော့ စုစုပေါင်း ၇သိန်း ၉သောင်းကျော် ကြပါတယ်။ သဒ္စါတရားထက်သန်စွာ လှူဒါန်းချင်တယ်ဆို အသေးစိတ် အချက်အလက်တွေကို ဒီအောက်ကလင့်မှာ ဖတ်ရှူ့  နိုင်ပါတယ်။

နေရောင်အောက်က အသက်ရှူသံတွေ ရပ်တန့် မသွားဖို့  ... ( Project one) until 13-May-2008 11:00 PM

ဒီပရော့ဂျက်အတွက် အလှူငွေတွေကို လာမယ့်အင်္ဂါ နေ့ (၁၃ရက် မေလ) ည ၁၁ နာရီအထိ ကောက်ခံမှာ ဖြစ်ပြီး ဗုဒ္စဟူးနေ့ မှာ ရန်ကုန်သို့ အလှူငွေများ လွှဲအပ်မှာ ဖြစ်သည့် အတွက် လှူဒါန်းချင်တယ်ဆို အမြန်ဆုံး ဆက်သွယ် လှူဒါန်းဖို့  တိုက်တွန်းချင်ပါတယ်။

ဒီ ပရော့ဂျက် အပြီးတွင် တခြားလိုအပ်တဲ့နေရာတွေမှာ လှူဒါန်းရန် အစီအစဉ်လေးတွေ ဆက်လက်လုပ်ဆောင်အုံးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

No comments: