Pages

May 15, 2008

ကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များအား နှင်ထုတ်နေ..

ဧရာဝတီတိုင်း လပွတ္တာမြို့ က ကယ်ဆယ်ရေးစခန်းတွေမှာ ဒုက္ခသည်တွေ အစိုးရစီက အကူအညီမရတဲ့ အပြင် နှင်ထုတ်ခြင်း ခံနေရတယ်။ ရန်ကုန်တိုင်းအတွင်းမှာ မနေ့ က (၁၄ ရက်နေ့ )အထိပဲ ဒုက္ခသည် ကယ်ဆယ်ရေး စခန်းတွေ ထားခွင့်ပြုမှာ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်း ဒေါပုံမြို့ နယ်က ကယ်ဆယ်ရေး စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို နှင်ထုတ်နေတယ်။ မဖယ်ပေးရင် စစ်တပ်နဲ့ ရှင်းမယ်လို့  ခြိမ်းခြောက်ခံနေရကြောင်း သတင်းတွေကို ဒီဗီဘီမှာ ဖတ်လိုက်ရတယ်။


ဒီနေ့  မနက် တခြား ဆိုဒ်တွေနဲ့  ဖိုရမ်တွေ လိုက်ဖတ်ရင်း ဒီသတင်း လုံးဝမှန်ကန် နေမှန်း သိလိုက်ရတယ်။ ရန်ကုန်တိုင်း အတွင်း ကယ်ဆယ်ရေးစခန်းတွေကနေ လူတွေကို ပြန်ဖို့ ညွှန်ကြားထားကြောင်း သိရတယ်။ ရန်ကုန်မြို့ နယ်အတွင်း ရွှေပြည်သာ၊ လှိုင်သာယာ ကယ်ဆယ်ရေး စခန်းတွေ လုပ်ထားတဲ့ စာသင်ကျောင်းတွေ နဲ့  ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေ ကနေပြီးတော့လဲ ပြန်ခိုင်းနေတယ်ဆိုတာ သိလိုက်ရတယ်။

ဒီစစ်အစိုးရကတော့ ပြိုင်ဖက်ကင်းအောင် စာနာမှု့ ကင်းမဲ့ လှပါတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကိုယ်တိုင်လည်း မကူ၊ သူများတွေ ကူညီချင်တာကိုလည်း တားမြစ်ဟန့် တား၊ ကူတဲ့ ပစ္စည်းတွေကို ကြားက ဖြတ်ယူလုပ်တယ်။ အဲ့လို လုပ်နေတဲ့ကြားက ကူညီချင်သူတွေက နည်းလမ်းတွေရှာပြီး ဒုက္ခသည်တွေလက်ထဲ အလှူပစ္စည်းတွေ ရောက်အောင် လုပ်ဆောင်နေကြတော့၊ ကူညီသူတွေ လုံးဝ မကူညီနိုင်အောင် ဒုက္ခသည်တွေကို နှင်ထုတ်နေပြန်ပြီ။ ဟင်းး.. ဒီစစ်အစိုးရရဲ့ ဆိုးရွားမှု့ ကို နှိုင်းစရာ စကားလုံးတောင် ရှိတော့မယ် မထင်ဘူး။

တွေးမိတယ်။ ဒီ စစ်အစိုးရက ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေ အကုန်နှင်ထုတ်ပြီး မြန်မာပြည်မှာ လေဘေး ဒုက္ခသည် တစ်ယောက်မှ မရှိတော့ပါဘူး။ အခြေအနေအားလုံး တည်ငြိမ်အေးချမ်း သွားပါပြီဆိုပြီး သတင်းထုတ်မလို့ လား မသိဘူး။ နောက်ပိုင်း.. များပြားလှတဲ့ လေဘေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို အမြန်ဆုံး၊ အထိရောက်ဆုံး ဘယ်ပြည်ပနိုင်ငံရဲ့ အကူအညီမှ မယူပဲ လုပ်ဆောင်နိုင်သော အစိုးရ ဆိုပြီး ကြေညာ ဂုဏ်ယူလေအုံးမလား။ ပြောလို့ ရတာ မဟုတ်ဘူး။ ဒီစစ်အစိုးရ အရှက်မရှိတာ အားလုံးအသိ ဆိုတော့ တကယ် အဲ့လိုလုပ်ချင် လုပ်နေမှာ..

3 comments:

Ko Boyz said...

ညည်းကလေ အမြဲတမ်းကို မကောင်းမြင်နေတော့တာပဲ...။ Pessimistic ဆိုလား naysayer ဆိုလား အဲဒါ ဖြစ်နေပြီ...။ Optimistic ကျကျ တွေးစမ်းပါ...။ ကျမ္ဘာပေါ်မှာ တစ်နိုင်ငံတည်းသာ ရှိတဲ့ နိုင်ငံဆိုပြီးတော့လေ...။

Anonymous said...

what on earth can we do about it?
signing petitions?
what , what , what?
i don't want WAR as answer.
but.......
oh...about petitions,
the petitions for UN signed by only less than 10 thousand ppl.
when they petition to prevent ashley simpsons to stop singing, there were over 39 thousands signatures.
what is wrong with u ppl .
:(

Nay Nay Naing said...

Ko Boyz >> အိမ်ရှေ့ စံကိုယ်တော်ကြီးနဲ့  တူလာတာကြောင့် ဖြစ်မယ် ထင်ပါတယ်။
anonymous>> petitions နဲ့  လုပ်လဲ ထူးမယ်မထင် ပါဘူး။ ဒါနဲ့  မြန်မာပြည်နဲ့  အခုလက်ရှိ မြန်မာပြည်မှ ဖြစ်နေတာကို သိသူထက်စာရင် Ashley simpsons ကို သိတဲ့သူ ကမ္ဘာမှာ ပိုများလို့  ဖြစ်ပါလိမ့်မယ်.