Pages

May 06, 2008

06 May 2008

မနက်က ရန်ကုန်ကို ဖုန်းခေါ်လို့ ရလို့  အမေနဲ့  စကားပြောလိုက်ရတယ်။ အိမ်ဖုန်းကို ခေါ်လို့  မရသေးဘူး။ ဟန်းဖုန်းကို ခေါ်မှ ရတယ်။ ရန်ကုန်မြို့ ထဲပိုင်းက အိမ်ဖုန်းတွေကလွဲရင် တခြားနေရာတွေမှာ အိမ်ဖုန်းလိုင်းတွေ ပျက်နေတုန်းလို့  အမေက သတင်းပေးတာပဲ။ အိမ်အကြောင်း သတင်းမေးဖြစ်တယ်။ အိမ်မှာ ရှိတဲ့သူတွေ ခုလို အခြေအနေမျိုးဆို အပြင်ထွက်မှာ မဟုတ်တာကြောင့် တခြားအကြောင်းတွေမေးလဲ သိကြမှာ မဟုတ်တဲ့ အတွက် မမေးဖြစ်ဘူး။ ကံကောင်းလို့  အိမ်မှာ ဘာမှ ကြီးကြီးမားမား ထိခိုက်မှု့ မရှိတာ ဖြစ်ကြောင်း အမေက ပြောပြတယ်။

ကျွန်မ အနေနဲ့  အိမ်ကို ဖုန်းဆက်မရလို့ သာ ဘာတွေဖြစ်မှန်းမသိ၊ အိမ်ကလူတွေ အဆင်ပြေရဲ့လား၊ အိမ်နားမှာက အပင်ကြီးတွေ များလို့  အိမ်ပေါ်တည့်တည့် အပင်တွေလဲသလား စိုးရိမ်ခဲ့တယ်။ အမှန်ဆို ကျွန်မ အိမ်အတွက် ဒီလောက် စိုးရိမ်စရာမရှိပါဘူး။ တစ်ခုခုဆိုတောင် ရန်ကုန်မြို့ ပေါ်၊ မြို့ ထဲက အိမ်တွေက အပျက်အစီးရှိတောင် သိပ်မကြာခင် ပြန်ထူထောင်နိုင်ကြမှာပါ။ ကုန်ဈေးနှုန်းတက်တောင် ၀ယ်ဖို့  ပိုက်ဆံ ရှိမှာပါပဲ။ တကယ် စိုးရိမ်ရမှာက မြို့ ဆင်ခြေပုန်းက တစ်နေ့ လုပ်မှ တစ်နေ့ စားရတဲ့ သူတွေ နဲ့  ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက လူတွေ အတွက်ပါ။ အဲ့ဒီလူတွေ ဘယ်လို လုပ်ကြမလဲ။ အင်း... လူဆိုတဲ့ အမျိုးက အတ္တကြီးတဲ့ အမျိုးဆိုတာ ဟုတ်မယ်။ တခြားသူတွေ အရေးထက်စာရင် ကိုယ့် အိမ်အတွက်၊ ကိုယ့်မိသားစုအတွက် အရင် စိုးရိမ်မိသွားတယ်။ :)

2 comments:

sttw2201 said...

Glad to know that your family is safe and sound. I hope things will get better soon.

Every time I read the news, the death toll has been increasing and more than a million are homeless. I cant imagine the troubles that the victims will have to face. The country's economy is going down the drain, now that this kind of misfortune has happened. Very sad indeed.

ThuHninSee said...

နေနေတို့အိမ် ဘေးကင်းလို့ ၀မ်းသာပါတယ်။
မမွန်တော့ အခုထိ အဆက်အသွယ်မရသေးဘူး :(