သီချင်းတစ်ပုဒ် ဖန်တီးတယ်ဆိုတာ
စိတ်ထဲမှာ အကြည်ဓာတ်ကလေးရှိနေမှ...
ဒီအကြည်ဓာတ်ကလေးနဲ့  စိုစွတ်နေမှ...
ရေးလို့ ကောင်းတာပါ...
အကြည်ဓာတ်ခန်းတဲ့ အခါကြတော့ မရေးချင်တော့ဘူး..
ထူးအိမ်သင်
စိတ်ထဲမှာ အကြည်ဓာတ်ကလေးရှိနေမှ...
ဒီအကြည်ဓာတ်ကလေးနဲ့  စိုစွတ်နေမှ...
ရေးလို့ ကောင်းတာပါ...
အကြည်ဓာတ်ခန်းတဲ့ အခါကြတော့ မရေးချင်တော့ဘူး..
ထူးအိမ်သင်
ထူးအိမ်သင်က အကြည်ဓာတ်ခန်းတဲ့ အခါ သီချင်းမရေး ချင်ဘူးလို့ ပြောခဲ့တယ်။ သီချင်းရေးတာမှ မဟုတ်ပါဘူး၊ စိတ်ရဲ့ အကြည်ဓာတ်လေးခန်းနေရင် ဘယ်အရာမှ လုပ်တာကိုင်တာ အဆင်မပြေ နိုင်ပါဘူး။ လုပ်ချင် စိတ်မှ မရှိတာ။ စိတ်ကို အခြေခံလုပ်ရတဲ့ ကိစ္စတွေမှာဆို ပိုပြီး သိသာမှာပါ။ စိတ်ထဲမှာ အကြည်ဓာတ်လေး ရှိနေပါမှ....
3 comments:
ဟုတ်ပ….အကြည်ဓါတ်ဆိုတာ ပါဠိဝေါဟာရ “အကြတ္ဓီ” ကနေ ဆင်းသက်လာတာ။ အကြတ္ဓီအခံနဲ့ရေးရင် သရော်စာ ဖြစ်လာတတ်တဲ့ စာတွေဟာ အကြတ္ဓီ မရှိတဲ့အချိန် သွားရေးရင် ကလော်စာ ဘ၀ကို ကူးပြောင်းသွားတော့တယ်။ အခုတလော အကြတ္ဓီ တွေ ခန်းခြောက်နေတယ်။ စိတ်ညစ်တယ်။
ပါဠိလို ဘယ်လိုခေါ်လဲ သိတော့တယ်။ ကျေးဇူးပါ။ ဒါနဲ့  အခုရက်ပိုင်း ကိုပေါ အကြည်ဓာတ်တွေ နည်းနည်း ပြန်ရနေပြီထင်တယ်။ ဒီအပတ်ထဲ စာတွေ အသစ်ရေးထားတာတွေ့ တယ်။ :) အကြည်ဓာတ်လေး အမြဲရှိနေပါစေ ဆုတောင်းပါတယ်။ အကြည်ဓာတ်ရှိမှ စာများများရေးပြီး များများတင်ပေးလို့  ကျွန်မတို့  များများဖတ်ခွင့်ရမှာ။
Post a Comment