Pages

June 16, 2008

Dear Diary (12-15 June 2008)

12-June-2008
၁၂ ရက်နေ့ က ညပိုင်း ရုံးကအပြန် ရုပ်ရှင်သွားကြည့်ဖြစ်တယ်။ ရုပ်ရှင်ရုံမှာ သွားမကြည့်တာ အတော်လေး ကြာပြီ။ ကြည့်ဖြစ်တုန်းကလဲ သောကြာ၊ စနေ၊ တနင်္ဂနွေတွေသာ ကြည့်ဖြစ်တာ။ အခုတော့ ကြာသာပတေးနေ့ မှာ ရုပ်ရှင်ကြည့်ဖြစ်ခဲ့တယ်။ ကြည့်ဖြစ်တဲ့ ရုပ်ရှင်က အဲ့ဒီနေ့ ကမှ စပြီး ရုံတင်တဲ့ Hulk 2။ ကြိုက်လာဆို သိပ်မကြိုက်ဘူး။ ဇာတ်လမ်း ဇာတ်အိမ်ကတော့ မခိုင်မာဘူး။ ချတာတွေ ကြည့်ရတာတော့ အပျင်းပြေတယ်။ ဒီရုပ်ရှင်မလာခင် အရင်ပြတဲ့ ရုပ်ရှင်ကြော်ငြာတွေကြည့်ပြီး နောက်လ ဂျူလိုင်ထဲမှာ ထွက်မယ့် ရုပ်ရှင်တွေထဲက အတော်များများကို ကြည့်ချင်သွားတယ်။ အချိန်ရတယ်ဆို လူလဲ မများ၊ လက်မှတ်ဈေးလည်း သက်သာတဲ့ ကြာသာပတေးနေ့ တွေမှာ ရုပ်ရှင်သွားကြည့်အုံးမယ် စိတ်ကူးတယ်။

ရုပ်ရှင်ကြည့်ရင်း ကို MT ကို သတိရသွားတယ်။ သူကြောင့် ရုပ်ရှင်ဆိုတာကို ရုံမှာ စကြည့်ဖူးတာ။ ရုပ်ရှင်အရမ်း ကြိုက်တဲ့သူ။ တစ်ယောက်တည်း သွားကြည့်ရမှာ ပျင်းတိုင်း အတူလိုက်ကြည့်မယ်ဆို သူငယ်ချင်းတွေကို ရုပ်ရှင်အလကားပြ ရုံမက ထမင်းပါ ကျွေးသေးတဲ့ အစ်ကိုကြီး။ ကျောင်းတက်တုန်းကဆို ပျင်းရင် City Center သွား၊ ဘူတာနားက တရုတ်ဆိုင်မှာ ထမင်းစားပြီး ရုပ်ရှင်ကြည့်ကြတယ်။ အဖော်ကလည်းကောင်း၊ ကျောင်းသားကတ်နဲ့ ကြည့်ရင် လက်မှတ်က ဈေးသက်သာတော့ အဲ့ဒီတုန်းက ရုပ်ရှင်အတော်လေး ကြည့်ဖြစ်ခဲ့တယ်။

13-June-2008
သောကြာညနေ အလုပ်အပြန် အင်းလေး မှာ ထမင်းစားမယ် စိတ်ကူးပြီး သွားခဲ့တယ်။ အထဲမှာ ခုံတွေပြည့်နေလို့  ဆိုင်ရှေ့ မှာ ရပ်စောင့်ရမယ် ဆိုတာနဲ့  မစားဖြစ်တော့ဘူး။ လူရှင်းရင်တောင် စားစရာမှာပြီး အတော်ကြာကြာ စောင့်ရတဲ့ဆိုင်ဆိုတော့ အခုလိုဆို ၁ နာရီကျော်လောက်စောင့်ရဖို့ ကသေချာနေပြီ။ မစားတော့ဘူး။ Cafe' Cartel မှာ စားမယ်ဆိုပြီး သွားတော့လဲ ဆိုင်ရှည့်မှာ လူတန်းအရှည်ကြီး။ မစောင့်နိုင်တာနဲ့  နောက်ဆုံးမှာ Raffle City အပေါ်က စားသောက်ဆိုင် တွေမှာပဲ စားဖြစ်လိုက်တယ်။ အဲ့ဒီနေ့ က အစားကောင်းစားရဖို့  ကံမပါဘူးနဲ့ တူတယ်။

14-June-2008
ဒီရက်ပိုင်း မလုပ်ဖြစ်တာကြာတဲ့ အရာတွေပဲ လုပ်ဖြစ်နေသလားမသိဘူး။ Suntec မှာ PC Show 2008 သွားကြည့် ဖြစ်ခဲ့တယ်။ IT Show တွေ အရောက်တာ အတော်ကြာပြီလေ။ ၀ယ်စရာ ထွေထွေထူးထူးလဲ မရှိ၊ အဲ့ဒီပွဲတွေဆို လူတွေ အရမ်းများလွန်းလို့  မသွားပဲနေတာ။ အခု PC show က လူအရမ်းမများဘူး။ အရင်လို ဆိုင်တွေ အများကြီးနဲ့  ပြည့်ကျပ်မနေဘူး၊ ဆိုင်အသေးတွေမရှိပဲ ဆိုင်ကြီးတွေပဲရှိတော့ နေရာ လွတ်တော်တော်များတယ်။ လူတိုးအရမ်းမခံရပဲ ကြည့်ချင်တာတွေ ကြည့်ခဲ့ရတော့ သွားရတာ စိတ်ချမ်းသာတယ်။ HP, Compaq , Toshiba , Dell , Sony က Laptop ကွန်ပြူတာတွေ လိုက်ကြည့်တယ်။ ပြီးတော့ Mac က MacAir နဲ့  MacBook Pro ကို သွားကြည့်တယ်။ Canon, Nikon နဲ့ Sony Camera တွေလည်း ကြည့်ဖြစ်တယ်။ ဒီလောက်ပါပဲ။

Cafe' Cartel မှာ Dinner စားတယ်။ အဲ့ဒီနေ့ ကတော့ စားရကံ ရှိနေတယ်။ ထူးထူးခြားခြား အသစ်အဆန်း မှာ မစားဖြစ်ဘူး။ စားနေကြဟာတွေပဲ စားဖြစ်တယ်။ ပြီးတော့ Esplanade ဒူးရင်းသီးဘေးက ထိုင်ခုံတန်းတွေ သွားထိုင်ပြီး ဖြစ်တယ်။ ရေတွေကြည့်၊ မီးပုံးနီနီလေးတွေ ထွန်းထားတဲ့ လှေတွေကြည့်ပြီး လှေစီချင်းစိတ် ပေါ်သွားတယ်။ အခွင့်ကြုံရင် စီးကြည့်အုံးမယ်။ ရေပြင်ကြီး နဲ့  လှမ်းမြင်နေရတဲ့ အဆောင်အုံးတွေ ထိုင်ကြည့်တာ ၁ နာရီလောက် ကြာမယ် ထင်တယ်။ အဲ့ဒီနေရာ မကြာခန ရောက်ဖြစ်ပေမယ့် တစ်ခါမှ အကြာကြီး မထိုင်ဖူးဘူး။ ညဘက်မှာ လေတဖြူးဖြူး၊ ချမ်းစိမ့်စိမ့်နဲ့  ထိုင်လို့  ကောင်းသား။ ဒါပေမယ့် ဒီလောက် အကြာကြီး လေတိုက်ခံလေ့ မရှိတော့ နောက်နေ့ မဖျားတာ ကံကောင်းတယ် မှတ်ရမယ်။

SG night scenes and SG night scene 1 by Kyaw Thura Htun ( Ko ThaKhinGyi)



အိမ်မပြန်ချင်သေးတာနဲ့  Esplanade အရှေ့ ဘက်က Free Show တွေပြတဲ့နေရာမှာ ဘာရှိမလဲ မသိဘူးဆိုပြီး သွားကြည့်ဖြစ်တယ်။ The Big Nazo Creature Show (USA) show ရှိတာနဲ့  ခနစောင့်ပြီး ၈း၄၅ ကနေ ၉း၃၀ ပွဲကြည့်ဖြစ်တယ်။ Free ကြည့်ရတာလေ။ ဟိုတစ်ခါ သူငယ်ချင်းတွေနဲ့  ရောက်ဖြစ်တုန်းက သီချင်းဆိုတာတွေ၊ ဒီတစ်ခါ BIG NAZO ပိုကောင်းတယ်။ ရီရတယ်။ Esplanade - Free Programms မှာ ကြည့်ကြည့်တော့ နောက်တစ်ပတ် 20 – 22 Jun မှာ Project Sonofa (Singapore) ၊ Air Guitar Face Off (Singapore) နဲ့  Wicked Aura Batucada (Singapore) တွေရှိတယ်။ လာမယ့် စနေ့ ညနေပိုင်းမှာ အားတယ်ဆို လမ်းလျှောက်ရင်း Air Guitar Face Off သွားကြည့်ရင် ကောင်းမယ် စိတ်ကူးတယ်။

15-June-2008
တနင်္ဂနွေ။ ဘယ်မှ မသွားဘူး။ အိမ်မှာနေပြီး လုပ်စရာရှိတာတွေ လုပ်တယ်၊ ရှင်းစရာ ရှိတာတွေ ရှင်းတယ်။ အ၀တ်တွေ လျှော်တယ်။ စက်နဲ့ ရော လက်နဲ့ ရော။ လက်နဲ့ အ၀က်မလျှော်တာ ကြာတော့ အတော်လေး မောသား။ အိမ်မှာ ရှိနေပေမယ့် ဘာမှ ထွေထွေထူးထူး ချက်မစားဖြစ်ဘူး။ အပြင်လည်း မထွက်ချင်ဘူး။ ဒီနော့ ရှိတာနဲ့  ဖြစ်အောင် စားလိုက်တာ။ ဒါဟာလဲ ပိန်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။ စိတ်ရော၊ လူရော ကောင်းကောင်းအနား ယူမယ် စိတ်ကူးပေမယ့် ထင်သလောက် အနားမရဘူးး။

No comments: