Pages

June 16, 2008

Submit your Google Favicon idea

ပြီးခဲ့တဲ့ လကုန်ပိုင်းက Google Favicon ပြောင်းသွားတာကို သတိထားမိတာနဲ့  အဲဒီအကြောင်း Google's New Blue Favicon ရေးခဲ့တယ်။ နောက်ရက် အနည်းငယ်ကြာတော့ Google Blog မှာ တက်လာတဲ့ သတင်း အရ အဲ့ဒီ favicon ဟာ Final မဟုတ်သေးဘူး၊ ထပ်ပြောင်းအုံးမှာ ဖြစ်ကြောင်း သိခဲ့ရတယ်။ ၈ နှစ်ခွဲ အတွင်း ပထမဆုံးအကြိမ် favicon ကို ပြောင်းခြင်း ဖြစ်ကြောင်း၊ New Platform (iPhone and Mobiles) တွေမှာ ပိုကောင်းတဲ့ favicon တွေသုံးလိုတဲ့ အတွက်ပြောင်းတာ ဖြစ်ကြောင်း ပြောထားတယ်။
အဓိက ပြောချင်တာက Google Favicon အတွက် ကိုယ်ပိုင် Design ပုံစံ ထုတ်ထားတာရှိရင် Google ကို ပို့ ပေးလို့  ရတယ် ဆိုတဲ့ အကြောင်းပါ။ ကျွန်မတို့  မြန်မာလူမျိုးတွေထဲက Design ပိုင်းကျွမ်းကျင်သူတွေ စမ်းကြည့် သင့်တယ်လို့  ထင်မိတယ်။ ဒါဆို တစ်နေ့ တစ်နေ့  လူပေါင်းများစွာ ကြည့်နေမြင်နေရတဲ့ Google Favicon ဟာ မြန်မာ တစ်ယောက် လုပ်ထားတဲ့  Design / Idea (Favicon) ဆိုပြီး ပြောလို့ ရ၊ ဂုဏ်ယူလို့  ရသွားမှာ။ (ကြွားချင်လို့ ပါ။) စိတ်ဝင်စားတယ်ဆို အသေးစိတ် အချက်အလက်တွေကို Submit your Google favicon idea ဖတ်လို့  ရပါတယ်။

One Fish, Two Fish, Red Fish, Blue Fish
Submit your Google favicon idea

No comments: