Pages

June 13, 2008

Happy Birthday My Little Brother!

ဖေဖေ မေမေရဲ့ အသည်းနှလုံး၊ မောင်နှမတွေထဲမှာ အလိမ္မာဆုံး၊ ဘာသာတရား အကိုင်းရှိုင်းဆုံး၊ မိဘတွေအပေါ် အသိတတ်ဆုံး သားငယ်လေး.... အစစအရာရာ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လို့  အခုလိုပဲ မိဘကို ကောင်မွန်စွာ လုပ်ကျွေးနိုင်တဲ့ သားကောင်း သားမြတ်၊ သားလိမ္မာတစ်ဦး အမြဲဖြစ်ပါစေ။

ဒီနေ့  ကျွန်မရဲ့ တစ်ဦးတည်းသော မောင်လေး မွေးနေ့ ။ ဇွန်လ ၁ ရက်နေ့ က မောင်လေး မွေးနေ့  ရောက်တော့မယ်လို့  တွေးလိုက်မိပေမယ့် မွေးနေ့ ရက်မှာတော့ သတိမထား မိလိုက်ဘူး။ မေမေနဲ့  ညီမလေး ပို့ တဲ့ အီးမေးဝင်လာမှ ဒီနေ့  မောင်လေး မွေးနေ့ ဆိုတာ သတိရလိုက်တယ်။မောင်လေးစီ အီးမေးပို့ ပြီး ဘာလိုချင်လဲ၊ မွေးနေ့ လက်ဆောင်အနေနဲ့  ၀ယ်ပေးရမလဲ မေးလိုက်အုံးမယ်။ အဲ့လိုမေးရင် သား ဘာမှ မလိုဘူး၊ အစ်မတွေသာ ဘာလိုချင်လဲ၊ သူ ဘာဝယ်ထည့် ပေးလိုက်မယ်လို့  ပြန်ပြောမှာ သိနေတယ်။

4 comments:

Anonymous said...

ဖိုးချွန်တောင် ၂၁ နှစ်ရှိသွားပြီ။
အိမ်ရှေ့မှာ စာအော်ကျက်နေတဲ့၊ အမေကို စာပြန်နေတဲ့ ကောင်လေးငယ်ငယ်လေးကိုပဲ မျက်စိထဲမြင်နေတယ်။

သူတို့အသက်တောင် ဒီလောက်ဆိုတော့ ကိုယ်အသက် ကိုယ် ပြန်တွေးကြည့်ရင်း စိတ်ညစ်သွားတယ် .. :P

ဖိုးချွန်တစ်ယောက် စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးတဲ့အကြောင်း ပြောလိုက်ပါနော်။

MK

Anonymous said...

လာလည်ပါတယ်ခင်ဗျာ။ ဘလော့ဂ် 2006 feb ကတည်းက စတယ်။ လာလည်သူ 50000 ကျော်။ ဘာလို့ သတိမထားမိပါလိမ့် ???? နောက်မှ လာဖွ ဦးမယ် :)

Nay Nay Naing said...

ဟုတ်တယ်. ကိုယ်တို့ တွေ ကျောင်းတက်ဖို့  ထွက်တာတဲ့အချိန်က ဖိုးချွန်က အတော်ငယ်သေးတာပဲ။ နောက်ပိုင်း ပြန်တွေ့ တော့ မှတ်တောင် မမှတ်မိဘူး။ လူကောင်ကြီးကြီး ရှိုးအပြည့်နဲ့ ။ ဒါပေမယ့် မိသားစုနဲ့  စကားပြောပုံက တော့ အရင်အတိုင်းပဲ။ မပြောင်းလဲဘူး။

MK မွေးနေ့ ဆုတောင်းကို ပြောပြလိုက်ပါတယ်။ မ MK ကို ကျေးဇူးတင်ပါတယ် ပြောလိုက်ပါတဲ့။ :)

Nay Nay Naing said...

စပ်မိစပ်ရာ ဆိုတာ ကိုသင်္ကြန်လား..
ကျွန်မ ကိုသင်္ကြန်ရဲ့  စပ်မိစပ်ရာ smsy blogspot ကို သတိထားမိပါတယ်။ ရောက်ဖြစ် ဖတ်ဖြစ်ပါတယ်။ :) အခု အသစ်လုပ်ထားတဲ့ ကျွန်တော်တို့ ရဲ့ စပ်မိစပ်ရာ mmwordpress ကိုလည်း အချိန်ရတိုင်း ရောက်ဖြစ်မှာပါ။ အခုနောက်ပိုင်း အလုပ်နည်းနည်းရှုပ်တော့ အရင်ကလောက် ဘလော့တွေ၊ စာတွေ လိုက် မဖတ်ဖြစ်ဘူး ဖြစ်နေတယ်။