Special Promotion Product တစ်ခု Launch လုပ်တာ ရှိနေလို့  အလုပ် ရှုပ်နေခဲ့တာပါ။ အဲဒီ Product က ကိုယ်တွေ အနေနဲ့  ကြည့်တာတော့ ဘာမှ ဒီလောက်ကြီး ကွာတာမဟုတ်ဘဲနဲ့  ဘယ်လို ဘယ့်နှယ့်ကြောင့် အရောင်း အရမ်း တက်သွားရသလဲ မသိဘူး။ ကိုယ်နားမလည်တဲ့ အကျိုးအမြတ်တွေများ ရဖို့ ရှိနေလို့ လား။ ရောင်းတဲ့သူတွေပဲ အပြောကောင်းလို့ လား။ Limited Product ဆိုလို့  အ၀ယ်များတာလားတော့ မသိပါဘူး။ ၀ယ်သူ အရမ်းများလွန်းလို့  လဆန်းကနေ ဒီလ ကုန်အထိ ရောင်းမယ် ကြော်ငြာ ထားခဲ့ပေမယ့် ၁ ပတ်စောပြီး အရောင်းပိတ် လိုက်တယ်။ ဒီနေ့  မနက် ၁၁ နာရီမှာ နောက်ဆုံး။ ဒီနေ့  မနက်ပိုင်းက စလို့  Online System ကို currently under maintenance ဆိုပြီး ပိတ်ထားတယ်။ Mobile Offline က နေပြီးပဲ Submit လုပ်ခွင့်ပေးထားတယ်။ ဒါတောင် Traffic က အရမ်းများ နေတုန်းပဲ။ ဒီနိုင်ငံက လူတွေ ၀င်ငွေကောင်းပြီး ဘာလုပ်ရမယ် မှန်းမသိ၊ ပိုက်ဆံတွေ အတော်လေး ပိုနေကြတယ် ထင်ပါတယ်။ အခု Product ကို ဒီနေ့  မနက်ပိုင်း အရောင်းပိတ် လိုက်ပေမယ့် လက်ကျန်တွေ submit လုပ်ခွင့်ကို လာမယ့် Sunday အထိ ခွင့်ပြုလိုက်တယ် ဆိုတော့ ဒီတစ်ပတ် အလုပ်နည်းနည်း ဆက်ရှုပ်အုံးမယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် အရင်ရက်တွေလိုတော့ အလုပ်ရှုပ်တော့ဘူး မျှော်လင့်ရတာပဲ။
ဒီနေ့  အလုပ်အရမ်း မရှုပ်တာ ကံကောင်းတယ်။ အခု လန်းလန်းဆန်းဆန်း မရှိဘူး။ လန်းဆန်းနေဖို့ လဲ အကြောင်း မရှိဘူးလေ။ မနေ့  ညက တစ်ညလုံး နီးပါး မအိပ်ဖြစ်ခဲ့ဘူး။ မိုးလင်းခါနီးမှ ခဏ အိပ်ပျော်သွားတယ်။ ဒီနေ့  အလုပ်ကို ၈ နာရီ ၃၀ အရောက်လာဖို့  မှာထားတာ မရောက်ဘူး။ ၉ နာရီထိုးခါနီးမှ ရောက်တယ်။ ကိုယ်ရောက်တဲ့ အချိန်မှာ တခြားသူတွေ အကုန်နီးပါး ရောက်နေပြီ။ လူက ဘယ်လိုပုံပေါက်နေလဲ မသိဘူး၊ နောက်ကျပြီးလာတာတောင် PM က ဘာမှမပြောပဲ Computer ဖွင့်နေတဲ့ ကိုယ့်နားလာပြီး နေကောင်းပြီလား၊ အဆင်ပြေရဲ့လား၊ ဒီတစ်ပတ် အရမ်းအလုပ်ရှုပ်မှာ မဟုတ်ပါဘူး လာပြောတယ်။ နေလို့  သိပ်မကောင်းဘူး၊ ဒါပေမယ့် ကိစ္စမရှိပါဘူး ပဲပြန်ပြောလိုက်တယ်။ တကယ်ဆို PM အနားလာရပ်တော့ လန့် သွားတာပဲ။ တစ်ခုခု အပစ်တင်စကား ပြောတော့မယ် ထင်တာ။ ပြောရင်လဲ ခံရတော့မှာလေ၊ ကိုယ်က မနက်စောစော လုပ်စရာ ရှိရဲ့နဲ့  နောက်ကျတာကို။ တစ်ခုခုဆို သူများပြောတာ မခံချင်လို့ ၊ ကိုယ့်တာဝန်ကျေအောင်တော့ အမြဲ ကြိုးစားလုပ်တယ်၊။ ကိုယ့်တာဝန်ကျေရဲ့နဲ့  မတရားသဖြင့် အပစ်တင်စကားလာပြောရင် ကိုယ်မှန်တယ်ထင်ရင် ပြန်ပြောမိတာ များတယ်။ အရင်ကဆို ကိုယ်ကမှန် တာသေချာနေတောင်မှ ငြိမ်ခံနေတတ်တယ်၊ နောက်ပိုင်းမှာ ပထမဆုံး လုပ်တဲ့ အလုပ်မှာ အတူတူလုပ်တဲ့ သူငယ်ချင်း မြှောက်ပေးတာက အစပြုပြီး ပြောရဲလာခဲ့တယ်။ အဲ့ဒီအလုပ်တုန်းကတော့ အတော်လေး အလုပ်ရှင်ကလည်း အတော်လေး ဆိုးပါတယ်။ ဒါပေမယ့် အခုလက်ရှိ အလုပ်က ကောင်းတယ်ပြောလို့ ရမယ်။ ကိုယ့်တာဝန် ကိုယ်ကျေတယ်၊ အလုပ်တွေ အချိန်မှီပြီးတယ်ဆို ပြဿနာရှာတာမျိုး မရှိသလောက်ကို ရှားပါတယ်။ မနိုင်တာလဲ အတင်း မခိုင်းဘူး။ ဘယ်အရာမဆို ကောင်းတာရှိသလို ဆိုးတာလေးတွေလဲ ရှိတာပေါ့လေ။
မနေ့ ညက စိတ်ညစ်နေတုန်း အားပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ အဲဒီလို နားလည်ပေးတဲ့ သူငယ်ချင်းတွေရှိလို့  တော်သေးတာပေါ့။ မဟုတ်ရင် မလွယ်ဘူး။ သူတို့ ပြောသလိုပဲ စိတ်အမှတ်ကြီးတယ်ဆိုတာ နေရာတကာ ကောင်းတာ မဟုတ်ပါဘူးလေ။ စိတ်ကို ထားတတ်အောင် ထားပြီးနေမှ ဖြစ်မယ်။ ပြောတာပဲ၊ တကယ်ကြုံလာပြီဆို စိတ်က လျှော့လို့ မရ။ အင်း.. အချိန်လေး ရအောင်ယူပြီး တရားမှတ်တာလေး ပြန်လုပ်အုံးမှ ဖြစ်တော့မယ်။ ခုလိုတွေရေးလို့  .. မကြာခင်မှာ လောကီကို စိတ်ကုန်လို့  ဘုရားရိပ် တရားရိပ်မှာပဲ မွေ့ ပျော်တော့မယ် ပြောလာမှာ တိတ်တခိုး စိုးရိမ်နေသူများ ရှိနေမလား။ ရှိမယ်တော့ မထင်။ :D တကယ်ကြီးလား.... ပါရမီ ဖြည့်ပါရစေ.. ဘာကူညီရမလဲ .. လိုတာသာပြောပါ ဆိုတဲ့သူတွေ များမှာ...

2 comments:
မတွေ့တာကြာပြီ..ဘယ်ပျောက်နေလဲ။
မမွန်... နေနေ အခုတလော အလုပ်ရှုပ်.. စိတ်ရှုပ်လို့  လူမြင်ကွင်းက ပုန်းနေတာပါ..
Post a Comment